အင်္ဂလန်သတင်းဌာနဖြစ်တဲ့ ESPN က မန်ယူပရိသတ်တွေဟာ အသင်းရဲ့ အမြဲတမ်း နည်းပြအဖြစ် ဆိုးရှားကို ပိုနှစ်သက်တယ်လို့ ဖော်ပြသွားပါတယ်။

မန်ယူဟာ မော်ရင်ညိုကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာ အသင်းရဲ့ နည်းပြရာထူးအတွက် ပိုချက်တီနိုကို ပထမဦးစားပေးအဖြစ် ပစ်မှတ် ထားခဲ့ပြီး ဆိုးရှားကိုတော့ ယာယီနည်းပြအဖြစ်သာ ရာသီကုန်ထိ ခန့်အပ်ခဲ့တာပါ။ ဒါပေမယ့် မကြာသေးခင်ကပဲ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် မန်ယူကို (၃) နှစ်စာချုပ် ချုပ်ဆိုခန့်အပ်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

ဖော်ပြချက်မှာ မော်ရင်ညိုထွက်ခွာသွားတော့ မန်ယူဟာ သူတို့အသင်း နည်းပြရာထူးအတွက် ပိုချက်တီနိုကို ဦးစားပေး ရွေးချယ်သွားမယ်လို့ ထင်ခဲ့ရတယ်။ ပိုချက်ဟာ မ အမှုဆောန်ယူင်ချုပ် အက်ဝဒ်ဝုဒ် လိုချင်ခဲ့တဲ့ နည်းပြဖြစ်ပြီး ၀ုဒ်က သူ့ကို လွန်ခဲ့တဲ့ နှစ် အနည်းငယ်လောက် ကတည်းက လေးစားလာခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ဆိုးရှားရောက်လာပြီး သိပ်မကြာခင်မှာ မန်ယူကို တည်တည်ငြိမ်ငြိမ် ဖြစ်လာအောင် ထိန်းကြောင်းနိုင်ခဲ့တယ်။

ဖေဖေါ်ဝါရီလလောက် ရောက်လာခဲ့တဲ့ အချိန်အထိတော့ မန်ယူဟာ ကလပ်အသင်း နည်းပြအဖြစ် ပိုချက်တီနို အစရှိတဲ့ တခြားနည်းပြတွေကို ခေါ်ယူဖို့ကို စဉ်းစားနေ ခဲ့ကြတုန်းပါ။ ဒါပေမယ့် ဆိုးရှားဟာ တကယ့်ကို ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြသွားခဲ့တယ်။ သူဟာ သူ့ရဲ့ ပထမဆုံး (၈) ပွဲ ဆက်တိုက် အနိုင်ယူပြခဲ့ပြီး ပိုချက်တီနိုဆိုတဲ့ အသံတွေကို တိတ်သွားစေခဲ့တာပါ။

အခုချိန်မှာတော့ သူတို့မှာ အသင်းသားတွေနဲ့ အသင်းပရိတ်သတ်တွေ ၀ိုင်းဝန်း ချစ်ခင်ကြရတဲ့သူ ရှိနေပြီး အသင်းမှာရှိတိုင်း လူတိုင်းကလည်း သူလုပ်ဆောင်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ပျော်ရွှင်နေကြတယ်။ ဒါကြောင့် သူတို့ဟာ တခြားနည်းပြတစ်ယောက်ကိုသာ ခန့်အပ်လိုက်ရင် တကယ့်ကို အုတ်အုတ်ကျက်ကျက်တွေ ဖြစ်ကုန်လောက်ပါတယ် ဆိုပြီး သုံးသပ်ပြခဲ့တာဖြစ်ပါတယ်။