မန်ချက်စတာယူနိုက်တက်ဟာ ၀က်ဖို့ဒ်ကို အိုးထရက်ဖို့မှာ ဧည့်ခံ ကစားရာ ရက်ဖို့ဒ်၊ မာရှယ်တို့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားပါတယ်။ ဒီနိုင်ပွဲကြောင့် ဒီတပတ် စပါး လီဗာပူးနဲ့ မကစားရသေးခင် မန်ယူက စပါးနဲ့ အမှတ်တူ ၆၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါပြီ။

ဆိုးရှားက ခရစ္စတယ်ပဲလေ့စ်မှ တိုက်စစ်မှူး ဇာဟာကို မန်ယူဆီသို့ ပြန်လည် ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဆိုးရှားက ဇာဟာနဲ့ ၂၀၁၄ ကားဒစ်ဖ်မှာ ဆုံခဲ့ဖူးပြီး အိုင်ဗရီကို့စ်သား ကစားသမားရဲ့ စိတ်နေသဘောထားကို သဘောကျသူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရက်ဖို့ဒ် ကိုယ်စားလှယ်များနဲ့ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နေကာ အင်္ဂလန်သား တိုက်စစ်သမားကို တစ်ပတ် လုပ်ခ ပေါင် ၁ သိန်းခွဲနဲ့ ၅ နှစ်သက်တမ်းရှိ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။

မန်ယူနည်းပြ ဆိုးရှားက မန်စီးတီး၊ ပီအက်စ်ဂျီတို့ စောင့်ကြည့်နေတဲ့ ဂျူဗပ်တပ် တိုက်စစ်မှူး ဒေါက်ဂလပ်ကော်စတာကို အလိုရှိ နေကြောင်း ဥရောပ ထိပ်သီးကလပ်များ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်က ရာသီအကုန်မှာ နည်းပြသစ် ခန့်အပ်ဖို့အတွက် မန်ယူနည်းပြဟောင်း မော်ရင်ညိုကို အလေးအနက်ထား စဉ်းစားနေကြောင်း သတင်းများမှာ ပါရှိလာပါတယ်။

ကော်တင်ညိုဟာ ရာသီအကုန်မှာ ဘာစီလိုနာကနေ ထွက်ခွာဖို့ စဉ်းစားလာပြီဖြစ်ကြောင်း အသင်းဖော်များကို ပြောကြားခဲ့တဲ့ သတင်းထွက်လာကာ မန်ယူနဲ့ အပြောင်းအရွှေ့ ကောလဟာလများကို ပိုမို အရှိန်မြင့်ပေးလိုက်ပါတယ်။

ဝက်ဖို့ဒ်နဲ့ ပွဲမှာ သွင်းခဲ့တဲ့ ဂိုး အပါအ၀င် ရက်ဖို့ဒ် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀ ဂိုး ထိ ရှိသွားပြီ ဖြစ်ကာ ဒါက သူ့ကစားသမားဘ၀ ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ၄င်းဟာ ပေါ့ဘာက တစ်နေ့မှာ ရီးရဲလ်ဆီ လာဖို့ ဆန္ဒ ရှိသူ ဖြစ်ပြီး မန်ယူကနေ ထွက်လာချင်တဲ့ တစ်နေ့၊ အတွေ့အကြုံတွေ လုံလောက်ပြီ ဆိုတဲ့ တစ်နေ့ကျ ဘာဖြစ်လို့ မလာနိုင်ရမလဲ လို့ ပြောကြားပြီး ကောလဟာလသတင်းတွေကို မီးထိုးပေးလိုက်ပါတယ်။