မန်ယူ ကစားသမားဟောင်းကြီး ဒေးဗစ်ဘက်ခမ်းက ၄င်းရဲ့ အသင်းဖော်ဟောင်း အိုလီဂန်နာဆိုးရှားက မန်ယူ အမြဲတမ်း မန်နေဂျာ အဖြစ် ခန့်အပ်ခံရပြီးနောက် အသင်းအတွက် အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။

မန်ယူ နည်းပြ ဆိုးရှားက ညာခြမ်းခံစစ်နေရာကို အင်အားဖြည့်တင်းလိုနေတာကြောင့် ခရစ္စတယ်ပဲလေ့စ် ခံစစ်မှူး ၀မ် ဘစ်ဆာကာကို ထိပ်ဆုံးက အလိုရှိနေပါတယ်။ ဒေးလီးမေးလ်က သတင်းအရ အသက် ၂၁နှစ်အရွယ် ကစားသမားအတွက် ပေါင် သန်း ၄၀ ခန့် သုံးရဖွယ် ရှိတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေ အပါအ၀င် ဥရောပ ထိပ်သီးကလပ်တွေ စိတ်ဝင်စားနေတဲ့ နစ်ကိုလပ်စ ပီပီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အပြောင်းအရွှေ့ကာလ မစတင်ခင် ပြောဆိုမှုများ မပြုလုပ်လိုကြောင်း လိုင်လီအသင်း ဥက္ကဌ Gerard Lopez က ပြောဆိုလိုက်ပါတယ်။

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာက ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူများနဲ့ ဖုန်းကနေ တစ်ဆင့် ဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ၄င်းက ပေါ့ဘာကို မန်ယူမှ ထွက်ခွာပြီး အသင်းပြောင်းစေလိုနေသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး အလန်ရှီးယားက မန်ယူဟာ နောက်ရာသီ အမှတ်ပေးဖလားကို စိန်ခေါ်ဖို့အတွက် ကစားသမား ၃-၄ ယောက်က အရည်အချင်းပြည့်မှီမှု မရှိဘဲ ဆိုးရှားအနေနဲ့ အင်အားဖြည့်တင်းမှုများ ပြုလုပ်မှ ရမယ်လို့ အကြံပြုသွားပါတယ်။

ဘောလုံးသုံးသပ်သူ ကစားသမားဟောင်း ဂျင်မီရက်နက်က ဒီရာသီကုန် ဗလင်စီယာ ထွက်ခွာသွားပြီးရင် မန်ယူ ကွင်းလယ်ကစားသမား ပေါ့ဘာကို အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်သင့်ကြောင်း ဆိုးရှားကို တိုက်တွန်းလိုက်ပါတယ်။