မန်ယူ ဂန္တဝင်ကစားသမားကြီး အန်ဒီကိုလ်းက 1999 ခုနှစ် ဖလားသုံးလုံး အနိုင်ရ မန်ယူအသင်းနဲ့ လက်ရှိ ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးတို့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့ရမယ်ဆိုရင် အနီရောင် မန်ချက်စတာအသင်းက အနိုင်ယူသွားလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ဆုဖလားလေးလုံး အနိုင်ရဖို့ ကြိုးစားနေတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် 20 က မန်ယူ တင်ရှိထားတဲ့ ဆုဖလားသုံးလုံး စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားမှာပါ။ ဒါပေမယ့် မန်ယူဂန္တဝင်ကြီး အန်ဒီကိုးလ်က 1999 ခုနှစ်က မန်ယူဟာ အတိတ်ကကော၊ လက်ရှိ ဘောလုံးလောကမှာပါ မည့်သည်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ဆိုပါတယ်။

ကိုးလ်က ပြောရာမှာ ‘ သူတို့ကို အနိုင်ယူနိုင်မယ့် အစိတ်အပိုင်းတွေအားလုံး ကျနော်တို့မှာ ရှိတယ်။ ဘောလုံးက အများကြီး ပြောင်းလဲနေပေမယ့် အဲ့သည် ယူနိုက်တက်အသင်းက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်လို့ ကျနော်ကတော့ အလေးအနက် ယုံကြည်ပါတယ် ‘ လို့ ပြောပါတယ်။

အန်ဒီကိုးလ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထာဝရ သွင်းဂိုးအများဆုံး တိုက်စစ်မှူးများစာရင်းမှာ ထိပ်ဆုံးတစ်နေရာက ပါဝင်သူပါ။ သူဟာ အမှတ်ပေးချန်ပီယံဆု 5 ကြိမ် အနိုင်ရခဲ့ဖူးပြီး ယူနိုက်တက် အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ကိန်း၊ ပေါစခိုးလို ကစားသမားတွေနဲ့လည်း တွဲဘက်ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။