မန်ယူတိုက်စစ်မှူး လူကာကူရဲ့ အနာဂတ်က မသေချာတော့ပါဘူး။ သူ့ရဲ့အေးဂျန့်က စိန်ခေါ်မှုနဲ့ ဆုဖလားအသစ်တွေအတွက် လူကာကူဟာ အနာဂတ်မှာ အခြားသော လိဂ်ပြိုင်ပွဲတွေထံ ပြောင်းရွှေ့ကစားဖို့ ရွေးချယ်နိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

လူကာကူရဲ့ အေးဂျန့်ဖြစ်သူ Federico Pastorello က သူ့ရဲ့ကစားသမားဟာ မတူညီတဲ့ လိဂ်အသစ်တွေကို ကူးပြောင်းလိုကြောင်းနဲ့ စိန်ခေါ်မှုအသစ်တွေမှာ အောင်မြင်အောင် ကြိုးစားလိုနေပါသေးတယ်လို့ အပြောင်းအရွှေ့ ကိစ္စတွေကို တံခါးဖွင့်လာခဲ့တာ ဖြစ်ပါတယ်။

Federico Pastorello က ပြောရာမှာ ” အခုလောလောဆယ်တော့ ဒီရာသီ အဆုံးသတ်ဖို့ကိုပဲ လူကာကူက အာရုံစိုက်နေပါတယ်။ အင်္ဂလန်မှာ အဆင့် သုံး၊ လေး နေရာရဖို့ဆိုတာက အရမ်းခက်ခဲပြီး ရာသီအကုန်မှာ အနာဂတ်အတွက် ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြပါမယ်။

ဒီရာသီက မန်ယူမှာ သူ့ရဲ့ ဒုတိယမြောက် ဘောလုံးရာသီပါ။ စာချုပ်သက်တမ်းကတော့ နောက်ထပ် သုံးနှစ် ကျန်ရှိနေပါသေးတယ်။ ကြည့်ကြတာပေါ့။ လူကာကူက မတူညီတဲ့ ဘောလုံးနဲ့ ခြားနားတဲ့ ယဉ်ကျေးမှုတွေကို နှစ်သက်တဲ့ သူတစ်ဦးဖြစ်ပါတယ်။

လူကာကူက မတူညီတဲ့ နိုင်ငံတွေမှာ သူ့ရဲ့ကစားသမားဘဝကို ဖြတ်သန်းပြီး ဆုဖလားတွေ အနိုင်ယူရတာကို နှစ်သက်ပါတယ်။ သူက ကလေးတွေကို ဒီနိုင်ငံတွေမှာ၊ ဒီဆုဖလားကို အနိုင်ရခဲ့တယ်။ ဟိုနိုင်ငံမှာ၊ ဖလားတွေရခဲ့တယ်။ အဲ့သည်လိုမျိုးတွေ ပြောလိုတယ်။

အနာဂတ်က ဖွင့်ထားဆဲပါ။ ဒီအခြေအနေမှာတော့ အပြောင်းအရွှေ့တွေအကြောင်းကို ကျနော်တို့ မဆွေးနွေးသေးပါဘူး။ အခုက ဘောလုံးရာသီတစ်ခုအတွက် တကယ်ကို အရေးကြီးတဲ့ အချိန်ကာလကို ရောက်နေတာပါ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။