မန်ချက်စတာယူနိုက်တက် အဓိက ကစားသမား အချို့ဟာ နိုင်ငံတကာသီတင်းပတ် ကာလမှာ နွေးထွေးတဲ့ရာသီဥတု ရှိရာ ဒူဘိုင်းသို့ ရောက်ရှိနေပြီး လေ့ကျင့်မှုများ လုပ်ဆောင်ဖို့ ထွက်ခွာသွားတာလို့ သိရပါတယ်။ ၎င်းတို့ကို ဒူဘိုင်းစားသောက်ဆိုင် တစ်ဆိုင်မှာ ဓာတ်ပုံရိုက်ထားတာကြောင့် တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ထိုကစားသမားတွေထဲမှာ မာတာ၊ အက်ရှ်လေယန်းနဲ့ ဝမ်ဘစ်ဆာကာ စတဲ့ ကစားသမားတွေ ပါဝင်နေပြီး နည်းပြ ဆိုးရှားတော့ လိုက်ပါ လာပုံ မရဘဲ အင်္ဂလန်မှာ နေရစ်ခဲ့ပါတယ်။ ဒူဘိုင်းရောက် ယူနိုက်တက် အသင်းသားတွေဟာ ဆယ်လီ စားဖိုမှူး Nusret Gökçe နဲ့ အတူ တွေ့ရပြီး ပုံထဲမှာ မာတာ၊ ယန်း၊ ဘစ်ဆာကာ၊ လီဂရန့်၊ ပါရဲရား၊ တူရမ်ဇီဘီ၊ ရိုဂျိုနဲ့ ဖရက်တို့ ပါဝင်နေပါတယ်။

မန်ယူနိုက်တက် အသင်းသားတွေက ဒူဘိုင်းမှာ နောက်ထပ် နှစ်ရက်လောက် နေပြီး ယူနိုက်တက် နည်းပြအဖွဲ့ဝင်အချို့နဲ့ လေ့ကျင့်မှုများ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကျန်အသင်းသားတွေ ဖြစ်တဲ့ ရက်ဖို့ဒ်၊ ဒန်နီရယ်ဂျိမ်းစ်နဲ့ မက်ဂွဲရားတို့ကတော့ နိုင်ငံအသင်း အတွက် အသီးသီး ပါဝင် ကစားရမှာပါ။

ယူနိုက်တက်ဟာ ဒဏ်ရာရ ကစားသမား အများအပြား ရှိနေပြီး နောက်ဆုံး ဘရိုက်တန်နဲ့ ပွဲမှာ တော်မီနေးလည်း ထိခိုက်မှု ရှိသွားပါတယ်။ ပေါ့ဘာ၊ လုခ်ရှော၊ မာတစ်တို့လို ဒဏ်ရာ ရှိ ကစားသမားတွေကတော့ ဒူဘိုင်းသို့ လိုက်ပါ မလာဘဲ ပြန်လည် ထူထောင်လာဖို့ လေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ သီတင်းပတ် အပြီး နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပြီး ယုံကြည်မှုများ ဆက်လက် တည်ဆောက်ဖို့ အနိုင် ကစားသွားဖို့ ရှိနေပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အဓိက ကစားသမား အခ်ိဳ႔ဟာ နုိင္ငံတကာသီတင္းပတ္ ကာလမွာ ေႏြးေထြးတဲ့ရာသီဥတု ရွိရာ ဒူဘိုင္းသို႔ ေရာက္ရွိေနျပီး ေလ့က်င့္မႈမ်ား လုပ္ေဆာင္ဖို႔ ထြက္ခြာသြားတာလို႔ သိရပါတယ္။ ၄င္းတို႔ကို ဒူဘိုင္းစားေသာက္ဆိုင္ တစ္ဆိုင္မွာ ဓာတ္ပံုရိုက္ထားတာေၾကာင့္ ေတြ႔ရွိခဲ့ၾကတာ ျဖစ္ပါတယ္။

ထိုကစားသမားေတြထဲမွာ မာတာ၊ အက္ရွ္ေလယန္းနဲ႕ ၀မ္ဘစ္ဆာကာ စတဲ့ ကစားသမားေတြ ပါ၀င္ေနျပီး နည္းျပ ဆိုးရွားေတာ့ လိုက္ပါ လာပံု မရဘဲ အဂၤလန္မွာ ေနရစ္ခဲ့ပါတယ္။ ဒူဘိုင္းေရာက္ ယူနိုက္တက္ အသင္းသားေတြဟာ ဆယ္လီ စားဖိုမွဴး Nusret Gökçe နဲ႕ အတူ ေတြ႔ရျပီး ပံုထဲမွာ မာတာ၊ ယန္း၊ ဘစ္ဆာကာ၊ လီဂရန္႔၊ ပါရဲရား၊ တူရမ္ဇီဘီ၊ ရိုဂ်ိဳနဲ႕ ဖရက္တို႔ ပါ၀င္ေနပါတယ္။

မန္ယူနိုက္တက္ အသင္းသားေတြက ဒူဘိုင္းမွာ ေနာက္ထပ္ နွစ္ရက္ေလာက္ ေနျပီး ယူနိုက္တက္ နည္းျပအဖြဲ႕၀င္အခ်ိဳ႕နဲ႕ ေလ့က်င့္မႈမ်ား လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ က်န္အသင္းသားေတြ ျဖစ္တဲ့ ရက္ဖို႔ဒ္၊ ဒန္နီရယ္ဂ်ိမ္းစ္နဲ႕ မက္ဂြဲရားတို႔ကေတာ့ နုိင္ငံအသင္း အတြက္ အသီးသီး ပါ၀င္ ကစားရမွာပါ။

ယူနိုက္တက္ဟာ ဒဏ္ရာရ ကစားသမား အမ်ားအျပား ရွိေနျပီး ေနာက္ဆံုး ဘရိုက္တန္နဲ႕ ပြဲမွာ ေတာ္မီေနးလည္း ထိခိုက္မႈ ရွိသြားပါတယ္။ ေပါ့ဘာ၊ လုခ္ေရွာ၊ မာတစ္တို႔လို ဒဏ္ရာ ရွိ ကစားသမားေတြကေတာ့ ဒူဘိုင္းသို႔ လိုက္ပါ မလာဘဲ ျပန္လည္ ထူေထာင္လာဖို႔ ေလ့က်င့္မႈမ်ား ဆက္လက္ လုပ္ေဆာင္ေနပါတယ္။

နိုင္ငံတကာ သီတင္းပတ္ အျပီး နို၀င္ဘာ ၂၄ ရက္ေန႔မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ ရွက္ဖီးယူနိုက္တက္နဲ႕ ယွဥ္ျပိဳင္ ကစားရေတာ့မွာ ျဖစ္ျပီး ယံုၾကည္မႈမ်ား ဆက္လက္ တည္ေဆာက္ဖို႔ အနုိင္ ကစားသြားဖို႔ ရွိေနပါတယ္။