ပရီမီးယားလိဂ် ဂန္တ၀င်ကစားသမား အလန်ရှီးယားကတော့ ဘာစီလိုနာအသင်းမှာ အာဂျင်တီးနားကြယ်ပွင့် မက်ဆီရှိနေတဲ့ အချက်ကပဲ ဘာစီလိုနာ အားသာချက် များစွာ ရှိနေပြီး မန်ယူအတွက် အင်အားကြီးလွန်းတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတယ်လို့ ယူဆထားပါတယ်။

မန်ယူက ဆိုးရှားကို (၃) နှစ်စာချုပ် ချုပ်ဆိုထားခဲ့ပြီး အသင်းကို အပြည့်အ၀ ကိုင်တွယ်ခွင့် ပေးအပ်သွားခဲ့တာပါ။ ဒါ့ပြင် အပြောင်းအရွေ့ကာလမှာ အသင်းကို စိတ်ကြိုက် ပြုပြင်နိုင်ဖို့အတွက်လည်း မန်ယူက ဆိုးရှားကို ပေါင်သန်း (၂၀၀) ခန့်အထိ အသုံးပြုခွင့် ပေးလာဖွယ်ရာ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။ ဒီပမာဏဟာ ဆိုးရှားအတွက် အသင်းကို စိတ်ကြိုက်ပြင်ဆင်နိုင်ဖို့ လုံလောက်တဲ့ ပမာဏတစ်ခု ဖြစ်လာမှာပါ။

မန်ယူဟာ အသင်း ဂိုးသမားဟောင်းကြီး ဗန်ဒါဆားကို အသင်း ဘောလုံးဒါရိုက်တာ ရာထူးနေရာအတွက် ခေါ်ယူလိုနေပါတယ်။ အသက် ၄၈ နှစ်အရွယ် ဂိုးသမားဟောင်းကြီးက အေဂျက်အသင်းမှာ ဘောလုံးဒါရိုက်တာအဖြစ် လက်ရှိ တာဝန်ယူနေပြီး တချိန်မှာတော့ အိုးထရက်ဖို့ဒ်သို့ ပြန်လာလိုကြောင်း ၀န်ခံပြောကြားထားပါတယ်။

လူကာကူက အသင်းမှာ ပွဲထွက်ခွင့် များများစားစား မပေးခဲ့ပေမယ့် အသင်းနည်းပြ ဆိုးရှားရဲ့ ကူညီမှုတွေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ” သူ (ဆိုးရှား)က ကျနော့်ကို အများကြီး ကူညီခဲ့တယ်။ ကွင်းထဲမှာရော ကွင်းပြင်မှာရောပါ။ ကျနော့် နေရာယူပုံ၊ ဘောလုံး ဘယ်လို ပေးရမယ် စတာတွေပေါ့။ လေ့ကျင့်ရေးတိုင်းမှာ အမြဲ အင်တိုက် အားတိုက်ရှိခဲ့တယ်။ ဒါကပဲ ကျနော်တို့ အသင်းသားတွေ အားလုံးကို ကူညီရာ ကျခဲ့ပြီး အခုဆို ရလဒ်တွေ အများမြင်နေရတဲ့ အတိုင်းပါပဲ။” လို့ လူကာကူက ဆိုပါတယ်။

စွမ်းအားအပြည့် ရှိေ်နတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာကို အန္တရာယ်ပေးနိုင်တဲ့ အသင်း ဖြစ်တယ်ဆိုတာ ကောင်းစွာ သိထားကြောင်း ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက ချန်ပီယံလိဂ် ပွဲမတိုင်ခင် ပြောကြားလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှ ဘယ်လ်ဂျီယံသား တိုက်စစ်မှူး လူကာကူဟာ အသင်းဖော် အသက် ၂၁ နှစ်အရွယ် တိုက်စစ်သမား ရက်ဖို့ဒ် ပိုမိုတောက်ပလာမှုကြောင့် ဒီရာသီ အသင်းပွဲထွက် လူစာရင်းမှ နေရာဖယ်ပေးခဲ့ရပေမယ့် ရက်ဖို့ဒ်ကို မငြိုငြင်ဘဲ ချီးကူးစကား ဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်ကို ခေါ်ယူဖို့ အဆင်ပြေလုနီးပါး ဖြစ်သွားတဲ့နောက် မန်ယူရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ ခြေလှမ်းများ စတင်နေပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပီအက်စ်ဂျီမှ ဘယ်လ်ဂျီယံသား ညာခြမ်းခံစစ်မှူး သောမတ်စ် မူနီယာကို လက်ရှိဘောလုံးရာသီအစတည်းက ကင်းထောက် စောင့်ကြည့်မှုတွေ ပြုလုပ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီဂီယာနေရာ အစားထိုးဖို့အတွက် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်နဲ့ အက်သလက်တီကို ဂိုးသမား အော့ဘလက်တို့ကို ပစ်မှတ်ထားနေပါတယ်။

လီဗာပူးကစားသမားဟောင်း ဖိလစ်ကော်တင်ညိုက အန်းဖီးသို့ ပြန်လာပြီး ချန်ပီယံလိဂ်ပွဲ ကစားဖို့ဆိုတာ အိပ်မက်တစ်ခု ဖြစ်ကြောင်း ၀န်ခံပြောကြားလိုက်ပြီး မန်ယူကို ဖြတ်ကျော်ကာ အသင်းဟောင်းနဲ့ ပြန်ဆုံဖို့ စိတ်အားထက်သန်နေပါတယ်။