လီဗာပူး နောက်ခံလူ ဗန်ဒိုက်က ပွဲကျပ်တဲ့ ခရစ္စမတ် ကာလအတွက် စိတ်ရောက်နေသလို အခုချိန် ဖလားပြိုင်ဆိုင်မှုမှာ ဦးဆောင်ထားနိူင်တာကို အောင်ပွဲခံဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။

မန်စီးတီး အပေါ် အနိုင်ရခဲ့တာကြောင့် လီဗာပူး ဟာ အဓိကပြိုင်ဘက်ကို ၉ မှတ် ဖြတ်ထားပြီး ဒုတိယနေရာက လက်စတာကို ၈မှတ် ဖြတ်ထားပါတယ်။ ဒါပေမယ့် ၁၂ ပွဲသာ ပြီးသေးတာကြောင့် လီဗာပူး က ဘယ်သူကမှ စီးတီးကို အနိုင်ရတဲ့အပေါ် ဖလားရသလို အောင်ပွဲခံဖို့ စဉ်းစားမှာမဟုတ်ဘူးလို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။

“ကိုးမှတ်ကွာနေတာကို အောင်ပွဲခံလို့ မရသေးပါဘူး။ ရာသီတစ်ခုက အကြာကြီးပါ။ ကျနော်တို့က နေရာကောင်း မှာ ရှိနေတာတော့ ဟုတ်တယ်။ ဒါကို ငြင်းလို့မရပါဘူး။ ကျနော်တို့ရဲ့ သဘောထားကတော့ စီးတီးနဲ့ပွဲမှာ ကျနော်တို့ လုပ်ခဲ့တာထက် ပိုကောင်းအောင် ဆက်ကြိုးစားဖို့ပါ။ ဒါက ပွဲတိုင်းအတွက် ကျနော်တို့ မှာ ရှိသင့်တဲ့ စိတ်ဓာတ်ပါပဲ။ ” လို့ ဆိုပါတယ်။

လီဗာပူးဟာ ၂၀၀၂၊ ၂၀၀၉ နဲ့ ၂၀၁၄ တို့မှာ ဒုတိယနေရာရခဲ့ပြီး နောက်တစ်ရာသီတွေမှာ ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့ပါတယ်။ ဒုတိယနေရာ ရယူပေးခဲ့တဲ့ ဘင်နီတက်ဇ်နဲ့ ဘရန်ဒန် ရော်ဂျာတို့က နောက်တစ်ရာသီအကြာမှာ ထွက်ခွာခဲ့ပြီး ဟူးလီယာကတော့ နှစ်ရာသီအကြာမှာ ထွက်ခွာခဲ့ရတာပါ။ ပရီးမီးယားလိဂ်မှာ မရှိခဲ့တဲ့ အရှိန်အဟုန်မျိုးကို ချန်ပီယံလိဂ် အောင်မြင်မှုက ယူဆောင်လာပေးခဲ့သလို ကလော့ပ်က ပြီးခဲ့တဲ့ ရာသီမှာ ကစားသမားသစ် ခေါ်ယူတာတွေထက် အဓိက ကစားသမားတွေကို သက်တမ်းရှည် စာချုပ်ချုပ်ကာ အသင်းပြိုကွဲတဲ့ အစဉ်အလာကို ပယ်ဖျက်ပြခဲ့ပါတယ်။

အတိတ်က အမှတ်ပေးဖလားကို အောင်မြင်ဖို့ လက်တစ်ကမ်းအကွာကို ရောက်ခဲ့တဲ့ လီဗာပူးအသင်းတိုင်းဟာ နောက်ရာသီတွေမှာ ပုံစံကောင်းမှာ ရှိမနေခဲ့ပါဘူး။ အကြောင်းကတော့ လီဗာပူးက အကောင်းဆုံး ကစားသမားတွေကို ဆက်ထိန်းဖို့ မကြိုးစားနိုင်ပဲ သူတို့ကို အခြားသော ကလပ်တွေထံ ရောင်းထုတ်မှုတွေ လုပ်ခဲ့တယ်။ ဟူးလီယာလက်ထက်က အိုဝင်၊ ဘင်နီတက်စ်လက်ထက်က အလွန်ဆို၊ အဘီလိုအာ၊ ရော်ဂျာလက်ထက် ဆွာရက်စ်တို့က ဥပမာကောင်းတွေဖြစ်ပါတယ်။

တကယ်တမ်းတော့ မနှစ်က နွေရာသီမှာ အသင်းကို ပြန်လည်စုစည်းခဲ့တဲ့အချိန် ကလော့ပ်ရဲ့ ဦးစားပေးက ဒုတိယနေရာ ရခဲ့တဲ့ စိတ်ပျက်မှုကို ဖယ်ရှားပေးဖို့ မဟုတ်ပဲ ဥရောပချန်ပီယံ ဖြစ်ပြီးနောက် ဆာလောင်မှုကို ဆက်လက် ထိန်းသိမ်းဖို့ ဖြစ်ခဲ့ပါတယ်။ ရာသီကြိုမှာ ကလော့ပ်က အခက်အခဲ အတားအဆီးတွေ ရှိလာမှာမို့ အဆင့်သင့် ပြင်ထားရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီရာသီ ၁၂ပွဲမှာ ၁၁ပွဲ အနိုင်ရခဲ့တာကြောင့် လီဗာပူး အတွက် အခက်အခဲ မကြုံခဲ့ရဘူးလို့ ဆိုနိုင်ပေမယ့် ကလော့ပ်ကတော့ အဲ့လို မမြင်ပါဘူး။

ပထမဆုံး ပရီးမီးယားလိဂ် ပွဲမှာ အယ်လီဆန် မပါဝင်နိုင်တာက စမ်းသပ်မှု တစ်ခုဖြစ်ခဲ့ပြီး နောက်ကလိုက်ကစားပြီးမှ အနိုင် ဒါမှမဟုတ် သရေ ဖြစ်ခဲ့တဲ့ ပွဲတွေလဲ ရှိခဲ့ပါတယ်။ ပြိုင်ဘက်တွေက ဒါကို ကံကောင်းမှုလို့ မြင်ကြပေမယ့် ကလော့ပ်နဲ့ နည်းပြတွေကတော့ နိုင်ပွဲဆာလောင်မှုရဲ့ ပြယုဂ်အဖြစ် မြင်ကြပါတယ်။ အခုချိန်မှာ ဦးဆောင်ထားနိူင်တာက မမျှော်လင့်ထားတာ ဖြစ်ပေမယ့် ဒါဟာ ပွဲကျပ်ကာလနဲ့အတူ အကြီးမားဆုံး စိန်ခေါ်မှုတွေ လာဦးမယ်ဆိုတဲ့ ကလော့ပ် ရဲ့ သတိပေးမှုကိုတော့ ပြောင်းလဲပေးမှာမဟုတ်ပါဘူး။

“ကျနော်တို့ရဲ့ သဘောထားကတော့ ဒီလောက်နဲ့ စိတ်လွတ်ကိုယ်လွတ် မဖြစ်သင့်ဘူး ဆိုတာပါပဲ။ ဒီအခြေအနေအတွက် ပျော်ပေမယ့် လိဂ်မှာ အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းတွေ အများကြီးပါ။ ဒါကြောင့် ကျနော်တို့ အာရုံစုစည်းထားဖို့လိုတယ်။ မနှစ်က အတွေ့အကြုံ တွေ အများကြီး ရခဲ့တယ်။ ကောင်းတဲ့အရာတွေပါ။

ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ ကျနော်တို့ ပိုကောင်းကောင်း လုပ်ခဲ့သင့်တယ်။ အခုချိန်မှာ ကျနော်တို့ ပိုပြီး ကောင်းအောင် လုပ်နိူင်မယ်လို့ မျှော်လင့်တယ်။ တရာသီလုံး အဲ့လို ကံကောင်းမှုမျိုး ရှိဖို့လိုအပ်တယ်။ ဒါကြောင့် လက်ရှိအခြေအနေကို ကျေနပ်နေပြီး ဆက်လက် ထိန်းသိမ်းသွားမှာပါ။ ” လို့ ဗန်ဒိုက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ေနာက္ခံလူ ဗန္ဒိုက္က ပြဲက်ပ္တဲ့ ခရစၥမတ္ ကာလအတြက္ စိတ္ေရာက္ေနသလို အခုခ်ိန္ ဖလားၿပိဳင္ဆိုင္မႈမွာ ဦးေဆာင္ထားႏိူင္တာကို ေအာင္ပြဲခံဖို႔ ေစာလြန္းေသးတယ္လို႔ ဆိုပါတယ္။

မန္စီးတီး အေပၚ အႏိုင္ရခဲ့တာေၾကာင့္ လီဗာပူး ဟာ အဓိကၿပိဳင္ဘက္ကို ၉ မွတ္ ျဖတ္ထားၿပီး ဒုတိယေနရာက လက္စတာကို ၈မွတ္ ျဖတ္ထားပါတယ္။ ဒါေပမယ့္ ၁၂ ပြဲသာ ၿပီးေသးတာေၾကာင့္ လီဗာပူး က ဘယ္သူကမွ စီးတီးကို အႏိုင္ရတဲ့အေပၚ ဖလားရသလို ေအာင္ပြဲခံဖို႔ စဥ္းစားမွာမဟုတ္ဘူးလို႔ ဗန္ဒိုက္က ေျပာဆိုခဲ့ပါတယ္။

“ကိုးမွတ္ကြာေနတာကို ေအာင္ပြဲခံလို႔ မရေသးပါဘူး။ ရာသီတစ္ခုက အၾကာႀကီးပါ။ က်ေနာ္တို႔က ေနရာေကာင္း မွာ ရွိေနတာေတာ့ ဟုတ္တယ္။ ဒါကို ျငင္းလို႔မရပါဘူး။ က်ေနာ္တို႔ရဲ႕ သေဘာထားကေတာ့ စီးတီးနဲ႔ပြဲမွာ က်ေနာ္တို႔ လုပ္ခဲ့တာထက္ ပိုေကာင္းေအာင္ ဆက္ႀကိဳးစားဖို႔ပါ။ ဒါက ပြဲတိုင္းအတြက္ က်ေနာ္တို႔ မွာ ရွိသင့္တဲ့ စိတ္ဓာတ္ပါပဲ။ ” လို႔ ဆိုပါတယ္။

လီဗာပူးဟာ ၂၀၀၂၊ ၂၀၀၉ နဲ႔ ၂၀၁၄ တို႔မွာ ဒုတိယေနရာရခဲ့ၿပီး ေနာက္တစ္ရာသီေတြမွာ ဆိုးဆိုးဝါးဝါး က်ဆင္းခဲ့ပါတယ္။ ဒုတိယေနရာ ရယူေပးခဲ့တဲ့ ဘင္နီတက္ဇ္နဲ႔ ဘရန္ဒန္ ေရာ္ဂ်ာတို႔က ေနာက္တစ္ရာသီအၾကာမွာ ထြက္ခြာခဲ့ၿပီး ဟူးလီယာကေတာ့ ႏွစ္ရာသီအၾကာမွာ ထြက္ခြာခဲ့ရတာပါ။ ပရီးမီးယားလိဂ္မွာ မရွိခဲ့တဲ့ အရွိန္အဟုန္မ်ိဳးကို ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈက ယူေဆာင္လာေပးခဲ့သလို ကေလာ့ပ္က ၿပီးခဲ့တဲ့ ရာသီမွာ ကစားသမားသစ္ ေခၚယူတာေတြထက္ အဓိက ကစားသမားေတြကို သက္တမ္းရွည္ စာခ်ဳပ္ခ်ဳပ္ကာ အသင္းၿပိဳကြဲတဲ့ အစဥ္အလာကို ပယ္ဖ်က္ျပခဲ့ပါတယ္။

အတိတ္က အမွတ္ေပးဖလားကို ေအာင္ျမင္ဖို႔ လက္တစ္ကမ္းအကြာကို ေရာက္ခဲ့တဲ့ လီဗာပူးအသင္းတိုင္းဟာ ေနာက္ရာသီေတြမွာ ပံုစံေကာင္းမွာ ရွိမေနခဲ့ပါဘူး။ အေၾကာင္းကေတာ့ လီဗာပူးက အေကာင္းဆံုး ကစားသမားေတြကို ဆက္ထိန္းဖို႔ မၾကိဳးစားႏုိင္ပဲ သူတို႔ကို အျခားေသာ ကလပ္ေတြထံ ေရာင္းထုတ္မႈေတြ လုပ္ခဲ့တယ္။ ဟူးလီယာလက္ထက္က အိုဝင္၊ ဘင္နီတက္စ္လက္ထက္က အလြန္ဆို၊ အဘီလိုအာ၊ ေရာ္ဂ်ာလက္ထက္ ဆြာရက္စ္တို႔က ဥပမာေကာင္းေတြျဖစ္ပါတယ္။

တကယ္တမ္းေတာ့ မႏွစ္က ေႏြရာသီမွာ အသင္းကို ျပန္လည္စုစည္းခဲ့တဲ့အခ်ိန္ ကေလာ့ပ္ရဲ႕ ဦးစားေပးက ဒုတိယေနရာ ရခဲ့တဲ့ စိတ္ပ်က္မႈကို ဖယ္ရွားေပးဖို႔ မဟုတ္ပဲ ဥေရာပခ်န္ပီယံ ျဖစ္ၿပီးေနာက္ ဆာေလာင္မႈကို ဆက္လက္ ထိန္းသိမ္းဖို႔ ျဖစ္ခဲ့ပါတယ္။ ရာသီႀကိဳမွာ ကေလာ့ပ္က အခက္အခဲ အတားအဆီးေတြ ရွိလာမွာမို႔ အဆင့္သင့္ ျပင္ထားရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ဒီရာသီ ၁၂ပြဲမွာ ၁၁ပြဲ အႏိုင္ရခဲ့တာေၾကာင့္ လီဗာပူး အတြက္ အခက္အခဲ မႀကဳံခဲ့ရဘူးလို႔ ဆိုႏိုင္ေပမယ့္ ကေလာ့ပ္ကေတာ့ အဲ့လို မျမင္ပါဘူး။

ပထမဆုံး ပရီးမီးယားလိဂ္ ပြဲမွာ အယ္လီဆန္ မပါဝင္ႏိုင္တာက စမ္းသပ္မႈ တစ္ခုျဖစ္ခဲ့ၿပီး ေနာက္ကလိုက္ကစားၿပီးမွ အႏိုင္ ဒါမွမဟုတ္ သေရ ျဖစ္ခဲ့တဲ့ ပြဲေတြလဲ ရွိခဲ့ပါတယ္။ ၿပိဳင္ဘက္ေတြက ဒါကို ကံေကာင္းမႈလို႔ ျမင္ၾကေပမယ့္ ကေလာ့ပ္နဲ႔ နည္းျပေတြကေတာ့ ႏိုင္ပြဲဆာေလာင္မႈရဲ႕ ျပယုဂ္အ​ျဖစ္ ျမင္ၾကပါတယ္။ အခုခ်ိန္မွာ ဦးေဆာင္ထားႏိူင္တာက မေမွ်ာ္လင့္ထားတာ ျဖစ္ေပမယ့္ ဒါဟာ ပြဲက်ပ္ကာလနဲ႔အတူ အႀကီးမားဆုံး စိန္ေခၚမႈေတြ လာဦးမယ္ဆိုတဲ့ ကေလာ့ပ္ ရဲ႕ သတိေပးမႈကိုေတာ့ ေျပာင္းလဲေပးမွာမဟုတ္ပါဘူး။

“က်ေနာ္တို႔ရဲ႕ သေဘာထားကေတာ့ ဒီေလာက္နဲ႔ စိတ္လြတ္ကိုယ္လြတ္ မျဖစ္သင့္ဘူး ဆိုတာပါပဲ။ ဒီအေျခအေနအတြက္ ေပ်ာ္ေပမယ့္ လိဂ္မွာ အႏိုင္ယူဖို႔ ခက္ခဲတဲ့ အသင္းေတြ အမ်ားႀကီးပါ။ ဒါေၾကာင့္ က်ေနာ္တို႔ အာ႐ုံစုစည္းထားဖို႔လိုတယ္။ မႏွစ္က အေတြ႕အႀကဳံ ေတြ အမ်ားႀကီး ရခဲ့တယ္။ ေကာင္းတဲ့အရာေတြပါ။

ဒါေပမယ့္ တခ်ိဳ႕ကိစၥေတြမွာေတာ့ က်ေနာ္တို႔ ပိုေကာင္းေကာင္း လုပ္ခဲ့သင့္တယ္။ အခုခ်ိန္မွာ က်ေနာ္တို႔ ပိုၿပီး ေကာင္းေအာင္ လုပ္ႏိူင္မယ္လို႔ ေမွ်ာ္လင့္တယ္။ တရာသီလုံး အဲ့လို ကံေကာင္းမႈမ်ိဳး ရွိဖို႔လိုအပ္တယ္။ ဒါေၾကာင့္ လက္ရွိအ​ေျခအေနကို ေက်နပ္ေနၿပီး ဆက္လက္ ထိန္းသိမ္းသြားမွာပါ။ ” လို႔ ဗန္ဒိုက္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။