လီဗာပူးရဲ့ ဘရာဇီးသား ကွင်းလယ်ကစားသမား ဖာဘင်ညိုကို ဒီတလောအင်တာဗျူးမှာ ကလော့ပ်က အင်္ဂလန်နာမည်ကျော် ဖုန်စုတ်စက် ဒိုင်ဆန် နဲ့ ခိုင်းနှိုင်း နာမည်ပေးခဲ့ပါတယ်။ ထိုသို့ တံဆိပ်ကပ်ခံရခြင်း အပေါ် ဖာဘင်ညိုက တုန့်ပြန်စကား ဆိုလာခဲ့ပါပြီ။

လီဗာပူး ကွင်းလယ် ခံစစ်မှာ ဖာဘင်ညိုက အသင်းအတွက် အရေးပါတဲ့ ကစားသမား အဖြစ် နေရာယူထားပြီး တိုက်စစ်နဲ့ ခံစစ်သမားတွေကို ချိတ်ဆက်ကာ ပြိုင်ဘက်တွေကို ရှင်းလင်းပေးနေပါတယ်။ ၎င်းရဲ့ အထင်ကြီးလောက်ဖွယ် အစွမ်းပြမှုတွေကို ကလော့ပ်က အားရကျေနပ် နေပြီး ထုတ်ဖော် ချီးကျူးမှုတွေလည်း ပြုခဲ့ပါတယ်။

ဖာဘင်ညိုက ၎င်းကို ကလော့ပ်က ဒိုင်ဆန်လို့ နာမည်ပေးခြင်း အပေါ် အလန်းစားပဲလို့ သဘောတကျ မှတ်ချက်ပြုခဲ့ပြီး အခြား အသင်းဖော်တွေနဲ့ လည်း နာမည်ပြောင်တွေ ပေးလေ့ရှိကြောင်း ဖွင့်ဟပြောဆိုလာပါတယ်။

” တချို့လူတွေလည်း ကျေနာ့်ကို ဒိုင်ဆယ်လို့ ခေါ်တယ်။ ကစားသမားတွေထဲမှာဆို ကျနော်က ဖလာကိုပေါ့ (ငပိန်ပေါ့) ဖလာကို လို့ ခေါ်တယ်။ ဒါပေမယ့် ဒီနာမည်ပြောင်တွေက လန်းပါတယ်။ တကယ်လို့ ကလော့ပ်ကသာ ကျနော့်ကို ဒိုင်ဆန်လို့ မပြော ဖြစ်ရင် တခြားသူ တစ်ယောက်ကလည်း ဒီနာမည်နဲ့ လိုက်တာ ရှိတယ်။ ဂျိမ်းစ် မေနာပေါ့။ ”

” နာမည်က အလန်းစားပဲ ဒါပေမယ့် လီဗာပူး အသင်းသားတွေထဲတော့ ဖလာကိုလို့ ကျနော့်ကို ခေါ်ကြတယ်။ အဲဒါက ဗန်ဒိုက်က စတာပါ နောက်တော့ အားလုံးက လိုက်ခေါ်ကြတော့တာပဲ။ ” လို့ ဖာဘင်ညိုက ဆိုပါတယ်။

ဖာဘင်ညိုက ပြီးခဲ့တဲ့ ရာသီ မန်စီးတီးကို စိန်ခေါ်ခဲ့တဲ့ ပရီးမီးယားလိဂ်နဲ့ ဗိုလ်စွဲခဲ့တဲ့ ချန်ပီယံလိဂ် လီဗာပူးအသင်းမှာ အဓိက ကစားသမား တစ်ဦး အဖြစ် ပါဝင်ခဲ့တဲ့ အပြင် ဒီရာသီမှာတော့ ပိုမို တောက်ပလာခဲ့တာပါ။ ပြိုင်ဘက် ကစားသမားတွေဟာ ဗန်ဒိုက်ကို မဖြတ်ကျော်ခင် ဖာဘင်ညိုကို ခက်ခက်ခဲခဲ အရင် ဖြတ်ကျော်လာရပြီး အဲဒီနောက် လီဗာပူး ခံစစ်နဲ့ ဂိုးသမားတို့ကလည်း ကျစ်လစ်စွာ ကာကွယ်နေကြတာဖြစ်ပါတယ်။

Zawgyi

လီဗာပူးရဲ႕ ဘရာဇီးသား ကြင္းလယ္ကစားသမား ဖာဘင္ညိဳကို ဒီတေလာအင္တာဗ်ဴးမွာ ကေလာ့ပ္က အဂၤလန္နာမည္ေက်ာ္ ဖုန္စုတ္စက္ ဒိုင္ဆန္ နဲ႕ ခိုင္းနိႈင္း နာမည္ေပးခဲ့ပါတယ္။ ထိုသို႔ တံဆိပ္ကပ္ခံရျခင္း အေပၚ ဖာဘင္ညိဳက တုန္႔ျပန္စကား ဆုိလာခဲ့ပါျပီ။

လီဗာပူး ကြင္းလယ္ ခံစစ္မွာ ဖာဘင္ညိဳက အသင္းအတြက္ အေရးပါတဲ့ ကစားသမား အျဖစ္ ေနရာယူထားျပီး တိုက္စစ္နဲ႕ ခံစစ္သမားေတြကို ခ်ိတ္ဆက္ကာ ျပိဳင္ဘက္ေတြကို ရွင္းလင္းေပးေနပါတယ္။ ၄င္းရဲ႕ အထင္ၾကီးေလာက္ဖြယ္ အစြမ္းျပမႈေတြကို ကေလာ့ပ္က အားရေက်နပ္ ေနျပီး ထုတ္ေဖာ္ ခ်ီးက်ဴးမႈေတြလည္း ျပဳခဲ့ပါတယ္။

ဖာဘင္ညိဳက ၄င္းကို ကေလာ့ပ္က ဒိုင္ဆန္လို႔ နာမည္ေပးျခင္း အေပၚ အလန္းစားပဲလို႔ သေဘာတက် မွတ္ခ်က္ျပဳခဲ့ျပီး အျခား အသင္းေဖာ္ေတြနဲ႕ လည္း နာမည္ေျပာင္ေတြ ေပးေလ့ရွိေၾကာင္း ဖြင့္ဟေျပာဆိုလာပါတယ္။

” တခ်ိဳ႕လူေတြလည္း ကေ်နာ့္ကို ဒိုင္ဆယ္လို႔ ေခၚတယ္။ ကစားသမားေတြထဲမွာဆို က်ေနာ္က ဖလာကိုေပါ့ (ငပိန္ေပါ့) ဖလာကို လို႔ ေခၚတယ္။ ဒါေပမယ့္ ဒီနာမည္ေျပာင္ေတြက လန္းပါတယ္။ တကယ္လို႔ ကေလာ့ပ္ကသာ က်ေနာ့္ကို ဒိုင္ဆန္လို႔ မေျပာ ျဖစ္ရင္ တျခားသူ တစ္ေယာက္ကလည္း ဒီနာမည္နဲ႕ လိုက္တာ ရွိတယ္။ ဂ်ိမ္းစ္ ေမနာေပါ့။ ”

” နာမည္က အလန္းစားပဲ ဒါေပမယ့္ လီဗာပူး အသင္းသားေတြထဲေတာ့ ဖလာကိုလို႔ က်ေနာ့္ကို ေခၚၾကတယ္။ အဲဒါက ဗန္ဒိုက္က စတာပါ ေနာက္ေတာ့ အားလံုးက လိုက္ေခၚၾကေတာ့တာပဲ။ ” လို႔ ဖာဘင္ညိဳက ဆိုပါတယ္။

ဖာဘင္ညိဳက ျပီးခဲ့တဲ့ ရာသီ မန္စီးတီးကို စိန္ေခၚခဲ့တဲ့ ပရီးမီးယားလိဂ္နဲ႕ ဗိုလ္စြဲခဲ့တဲ့ ခ်န္ပီယံလိဂ္ လီဗာပူးအသင္းမွာ အဓိက ကစားသမား တစ္ဦး အျဖစ္ ပါ၀င္ခဲ့တဲ့ အျပင္ ဒီရာသီမွာေတာ့ ပိုမို ေတာက္ပလာခဲ့တာပါ။ ျပိဳင္ဘက္ ကစားသမားေတြဟာ ဗန္ဒိုက္ကို မျဖတ္ေက်ာ္ခင္ ဖာဘင္ညိဳကို ခက္ခက္ခဲခဲ အရင္ ျဖတ္ေက်ာ္လာရျပီး အဲဒီေနာက္ လီဗာပူး ခံစစ္နဲ႕ ဂိုးသမားတို႔ကလည္း က်စ္လစ္စြာ ကာကြယ္ေနၾကတာျဖစ္ပါတယ္။