မန်ယူခံစစ်မှူး လင်ဒီအော့က ယနေ့ည အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားရမယ့် ချယ်ဆီးနဲ့ပွဲမှာ ဟာဇက်ကို ထိန်းချုပ်ပြမယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။ နှစ်သင်းလုံးဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေရပြီး အခွင့်အရေးရှိနေဆဲ အသင်းတွေဖြစ်တယ်။

ချဲလ်ဆီးဟာ လက်ရှိ အမှတ်ပေးဇယား ရဲ့ အဆင့် ၄ နေရာမှာ ၆၇ မှတ် နဲ့ ရပ်တည်နေပြီး မန်ချက်စတာ ယူနိုက်တက်က ၆၄ မှတ် နဲ့ အဆင့် ၆ နေရာမှာ ရှိနေပါတယ်။

စပါးအသင်း ရှူံးပွဲတွေသွားခဲ့လို့ နှစ်သင်းအနက် ချယ်ဆီးတို့ အနိုင်ရမယ်ဆိုရင် အဆင့်လေးဝင်ခွင့် အားကောင်းသွားနိုင်ပြီး ယူနိုက်တက်တို့ အနိုင်ရမယ်ဆိုရင်လည်း အခွင့်အရေး ရှိနေဦးမှာပါ။

ချဲလ်ဆီးဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲ ကစားရဖို့ ရှိနေတာကြောင့် မန်ယူနဲ့ပွဲမှာ ကစားသမားအချို့ အနားပေးနိုင်မယ်လို့ ခန့်မှန်းထားကြတယ်။ နည်းပြ ဆာရီဟာ ကန်တီ၊ ဟာဇက် တို့လို အဓိကကစားသမားတွေ ကို ပွဲချိန်ပြည့် အသုံးပြုပမလား မသေချာပါဘူး။

လင်ဒီအော့ ကတော့ ဟာဇက်ကို ထိန်းချုပ်ဖို့ ပြင်ဆင်ထားပြီးလို့ ပြောဆိုသွားခဲ့ပါတယ်။

“ ဟာဇက်ကို နေရာလွတ်တွေ ပေးလို့ မဖြစ်ဘူး။ အခွင့်အရေးတွေ ပေးလိုက်မယ်ဆိုရင် သူဟာ ထူးချွန်တဲ့ အရာတွေ လုပ်ပြနိုင်တဲ့ ထိပ်တန်း ကစားသမား ဖြစ်ပါတယ်။ ဟာဇက်ဟာ ထိပ်တန်းအဆင့်ခြေစွမ်းတွေ ပြသလာတာ အချိန်တွေ ကြာခဲ့ပါပြီ။

သူ့ကို ကပ်ထားပြီး ဘောလုံးကို ကျနော်တို့ ဂိုးဘက် ရောက်မလာအာင် ကြိုးစား တားဆီးရမှာပါ။ ချဲလ်ဆီးဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး တစ်ကိုယ်တော် စွမ်းရည်ကောင်းရှိတဲ့ အသင်းသားတွေ အများကြီးကို ပိုင်ဆိုင်ထားတယ်။ ဘောလုံးကို ကိုင်ကစားနိုင်လို့ ခံစစ်က ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။

အထူးသဖြင့် ဟာဇက်ကို နေရာလွတ်တွေ သိပ်ပေးလို့ မရပါဘူး။ ချဲလ်ဆီးက အသင်းကောင်း ဆိုပေမယ့် ကျနော်တို့က အဆင်သင့် ဖြစ်နေပါပြီ” လို့ လင်ဒီအော့က ပြောဆို သွားခဲ့ ပါတယ်။