အချက်အလက် မှတ်တမ်းများရဲ့ အဆိုအရ မားကပ် ရက်ဖို့ဒ်နဲ့ ဒန်နီရယ် ဂျိမ်းစ် တို့ နှစ်ယောက်ဟာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက်မှာ အမြန်ဆုံး ကစားသမား နှစ်ဦး ဖြစ်နေပါတယ်။ ယူနိုက်တက်ရဲ့ တာတို အမြန်ဆုံး ၁၀ ကြိမ်မှာ ရက်ဖို့ဒ်နဲ့ ဂျိမ်းစ်တို့ ပြေးနှုန်းတွေကသာ နေရာယူထားပါတယ်။

ဒန်နီရယ် ဂျိမ်းစ်ဟာ ဒီနွေကမှ မန်ချက်စတာ ယူနိုက်တက်ထံ ရောက်ရှိလာခဲ့ပေမယ့် ချန်ပီယံရှစ်က လာတဲ့ ကစားသမားလေးဟာ လျင်လျင်မြန်မြန်ပဲ အသင်း အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဖြတ်လတ်မှုတွေက သတိပြုလောက်ဖွယ်ပါ။ ရက်ဖို့ဒ်ကလည်း တန်ပြန်တိုက်စစ်တွေမှာ မြန်မြန်ပြေးပြီး အခွင့်အရေး ယူတတ်လာသူ ဖြစ်ပါတယ်။

မန်ချက်စတာ အခြေစိုက် သတင်းဌာနရဲ့ အဆိုအရ ဒီရာသီ အမြန်ဆုံး ပြေးနှုန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပဲလေ့စ်နဲ့ ပွဲ ရက်ဖို့ဒ် ပြေးနှုန်း တစ်နာရီ ၃၆.၃၂ ကီလို မီတာထိ ရှိခဲ့တဲ့ အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ ဂျိမ်းစ်ကလည်း ခပ်ဝေးဝေး ပြတ်ကျန်ခဲ့တာ မဟုတ်ပါဘူး။ သူ့အမြန်ဆုံး ပြေးနှုန်းက စက်တင်ဘာလ လက်စတာနဲ့ ပွဲမှာ ၃၅.၀၂ ကီလိုမီတာနှုန်းနဲ့ ပြေးခဲ့တာပါ။ ရက်ဖို့ဒ်ကတော့ ယူနိုက်တက် အပြေးမြန်ဆုံး ကစားသမား ဖြစ်ပြီး ဂျိမ်းစ်က ဒုတိယ လိုက်ပါတယ်။

၎င်းတို့ နှစ်ယောက် မာရှယ်၊ ဝမ်ဘစ်ဆာကာနဲ့ ပေါ့ဘာတို့ကလည်း အမှီလိုက်နိုင်စွမ်း ရှိနေပါတယ်။ ရက်ဖို့ဒ်နဲ့ ဂျိမ်းစ်ကတော့ ဒီရာသီ ယူနိုက်တက်ရဲ့ အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုထဲ ပါဝင်နေတာပါ။ ရက်ဖို့ဒ်က ပြိုင်ပွဲစုံ ဒီရာသီ ယူနိုက်တက် အတွက် ၉ ဂိုး သွင်း ၃ ကြိမ်း ဂိုးထောက်ပံ့မှု ပြုလုပ်ထားပြီး ဂျိမ်းစ်က ၃ ဂိုး သွင်း ထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။

လောလောဆယ်မှာတော့ ၎င်းတို့ နှစ်ဦးလုံးက နိုင်ငံအသင်းတွေ အတွက် ကိုယ်စီ သွားရောက်နေကြပြီး နိုဝင်ဘာလ ၂၄ ရက်နေပ ရှက်ဖီး ယူနိုက်တက်နဲ့ ပွဲ ဆိုးရှား ပွဲထွက်လူစာရင်းမှာ ပါဝင်လာကြဖို့ ရှိနေပါတယ်။

ယူနိုက်တက်ရဲ့ ဒီရာသီ တာတိုပြေးနှုန်း အမြန်ဆုံး နှုန်းတွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • Rashford vs Crystal Palace – 36.32
  • Rashford vs Brighton – 36.15
  • Rashford vs Arsenal – 35.53
  • James vs Leicester City – 35.02
  • James vs Southampton – 34.24
  • James vs Newcastle United – 34.09
  • James vs West Ham – 33.82
  • Rashford vs Bournemouth – 33.67
  • James vs Chelsea – 33.52
  • Rashford vs Liverpool – 33.39

Zawgyi

အခ်က္အလက္ မွတ္တမ္းမ်ားရဲ႕ အဆိုအရ မားကပ္ ရက္ဖို႕ဒ္နဲ႕ ဒန္နီရယ္ ဂ်ိမ္းစ္ တို႔ နွစ္ေယာက္ဟာ ဒီရာသီ မန္ခ်က္စတာ ယူနိုက္တက္မွာ အျမန္ဆံုး ကစားသမား နွစ္ဦး ျဖစ္ေနပါတယ္။ ယူနိုက္တက္ရဲ႕ တာတို အျမန္ဆံုး ၁၀ ၾကိမ္မွာ ရက္ဖို႔ဒ္နဲ႕ ဂ်ိမ္းစ္တို႔ ေျပးနႈန္းေတြကသာ ေနရာယူထားပါတယ္။

ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ဒီေႏြကမွ မန္ခ်က္စတာ ယူနိုက္တက္ထံ ေရာက္ရွိလာခဲ့ေပမယ့္ ခ်န္ပီယံရွစ္က လာတဲ့ ကစားသမားေလးဟာ လ်င္လ်င္ျမန္ျမန္ပဲ အသင္း အဓိက ကစားသမား တစ္ဦး ျဖစ္လာခဲ့ျပီး သူ႔ရဲ႕ ျဖတ္လတ္မႈေတြက သတိျပဳေလာက္ဖြယ္ပါ။ ရက္ဖို႔ဒ္ကလည္း တန္္ျပန္တိုက္စစ္ေတြမွာ ျမန္ျမန္ေျပးျပီး အခြင့္အေရး ယူတတ္လာသူ ျဖစ္ပါတယ္။

မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနရဲ႕ အဆိုအရ ဒီရာသီ အျမန္ဆံုး ေျပးနႈန္းဟာ ျပီးခဲ့တဲ့ ၾသဂုတ္လ ပဲေလ့စ္နဲ႕ ပြဲ ရက္ဖို႔ဒ္ ေျပးနႈန္း တစ္နာရီ ၃၆.၃၂ ကီလို မီတာထိ ရွိခဲ့တဲ့ အၾကိမ္ ျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ိမ္းစ္ကလည္း ခပ္ေ၀းေ၀း ျပတ္က်န္ခဲ့တာ မဟုတ္ပါဘူး။ သူ႔အျမန္ဆံုး ေျပးႏႈန္းက စက္တင္ဘာလ လက္စတာနဲ႕ ပြဲမွာ ၃၅.၀၂ ကီလိုမီတာနႈန္းနဲ႔ ေျပးခဲ့တာပါ။ ရက္ဖို႕ဒ္ကေတာ့ ယူနိုက္တက္ အေျပးျမန္ဆံုး ကစားသမား ျဖစ္ျပီး ဂ်ိမ္းစ္က ဒုတိယ လိုက္ပါတယ္။

၄င္းတို႔ နွစ္ေယာက္ မာရွယ္၊ ၀မ္ဘစ္ဆာကာနဲ႕ ေပါ့ဘာတို႔ကလည္း အမွီလိုက္နုိင္စြမ္း ရွိေနပါတယ္။ ရက္ဖို႔ဒ္နဲ႕ ဂိ်မ္းစ္ကေတာ့ ဒီရာသီ ယူနိုက္တက္ရဲ႕ အေပါင္းလကၡဏာေဆာင္ေသာ တိုးတက္မႈထဲ ပါ၀င္ေနတာပါ။ ရက္ဖို႔ဒ္က ျပိဳင္ပြဲစံု ဒီရာသီ ယူနိုက္တက္ အတြက္ ၉ ဂိုး သြင္း ၃ ၾကိမ္း ဂိုးေထာက္ပံ့မႈ ျပဳလုပ္ထားျပီး ဂ်ိမ္းစ္က ၃ ဂိုး သြင္း ေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ထားပါတယ္။

ေလာေလာဆယ္မွာေတာ့ ၄င္းတို႔ နွစ္ဦးလံုးက နုိင္ငံအသင္းေတြ အတြက္ ကိုယ္စီ သြားေရာက္ေနၾကျပီး နုိ၀င္ဘာလ ၂၄ ရက္ေနပ ရွက္ဖီး ယူနိုက္တက္နဲ႕ ပြဲ ဆိုးရွား ပြဲထြက္လူစာရင္းမွာ ပါ၀င္လာၾကဖို႔ ရွိေနပါတယ္။