ဘန်လေကွင်းလယ်ကစားသမား ဟန်ဒါရစ်ကတော့ မန်စီးတီးကို စိန်ခေါ်မှု ပြုလုပ်ခဲ့ပြီး ချန်ပီယံအိပ်မက်တွေရှိနေတဲ့ မန်ချက်စတာကလပ်ကို ရင်ဆိုင်ကစားတဲ့အခါ အိမ်ကွင်းမှာ ရလဒ်ကောင်းရအောင် အားထုတ်သွားမယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက ဒီရာသီမှာ ပြိုင်ဘက်အသင်းတွေက အများကြီး တိုးတက်လာတာမျိုး မရှိပေမယ့် လီဗာပူးအသင်းရဲ့ တစ်ရှိန်ထိုး တိုးတက်မှုဟာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုကို အပြောင်းအလဲ ဖြစ်စေကြောင်း ဝန်ခံခဲ့ပါတယ်။

“ဒီရာသီနဲ့ မနှစ်ကရာသီ ကွာခြားချက်က လီဗာပူးပဲ။ ကျနော်တို့က အရင်တိုင်း လုပ်ခဲ့ပေမယ့် လီဗာပူးက အများကြီး ပိုကောင်းလာတယ်။ တခြား ကလပ်တွေက အရင်နှစ်ကနဲ့ တူညီတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။ လီဗာပူးကိုက တော်တော် တိုးတက်လာတာ။ ” လို့ ၄င်းက ဆိုပါတယ်။

ဘန်လေနဲ့ပွဲမှာ မန်စီးတီးဘက်က ဖာနန်ဒင်ဟို ပါဝင်ဖို့ မသေချာသလို ဒီဘရိုင်း ဒဏ်ရာရနေပါတယ်။ ဒါပေမယ့် ဂေါ်ဒိုဂန် ပါဝင်နိုင်မယ် မျှော်လင့်ထားရပါတယ်။

မန်စီးတီးဟာ ဘန်လေကို ဒီရာသီမှာ ပြိုင်ပွဲစုံ ၂ ပွဲ ဆက်တိုက် ၅ ဂိုးပြတ်အနိုင်ရထားပြီး အခုပွဲမှာလည်း ၅ ဂိုးနဲ့ အထက် အနိုင်ရခဲ့ရင် အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း အသင်း တစ်သင်းကို ၃ ပွဲဆက် ၅ ဂိုးပြတ်အနိုင်ရတဲ့ ပထမဆုံး အသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်မှူး စတားလင်းကို စတန်းဖို့ဘရစ်ခ်ျက ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တဲ့ ချယ်ဆီး ပရိသတ်အပေါ် စွဲချက်တင် အပြစ်ပေးမှုတွေ ပြုလုပ်တော့မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

မန်စီးတီး ခံစစ်မှူး ဂျွန်စတုန်းကတော့ အလန်းစား မန်ချက်စတာဒါဘီ နိုင်ပွဲ အပြီးမှာ မန်စီးတီးက ဘန်လေပွဲ အပေါ် အာရုံစိုက်ထားခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

” ကျနော်တို့အနေနဲ့ သုံးပွဲလုံး အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး။ လိုအပ်တာက ဂိုးတွေသွင်းဖို့ဖြစ်ပါတယ်။ ၁၅၇ ဂိုး ထက် ပိုပိုပြီး သွင်းဖို့ပါ။ ဒါပဲလုပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရှူံးရင်လား? ကံဆိုးတယ်လို့ပဲ ပြောရမှာပေါ့။ နောက်ရာသီမှာ ပိုကောင်းလာအောင် ပြင်ဆင်ပြီး ပြန်လာမှာပါ ” လို့ ဘန်လေနဲ့ ပွဲမတိုင်ခင် ပြောဆိုထားပါတယ်။

မန်စီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက တနေ့မှာ အီတလီသို့ လာရောက်ပြီး နည်းပြလိုတယ်လို့ ၄င်းကို ပြောကြားဖူးကြောင်း ဂျူဗင်တပ်တိုက်စစ်မှူးဟောင်း လူကာတိုနီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်ရဲ့ ထက်မြက်မှုကို မြင်လိုက်ရပြီးနောက် ဂယ်ရီနဗီးက ထုတ်ဖော် ချီးကျူးလိုက်ပြီး လီဗာပူးနဲ့ မန်စီးတီးတိုက်စစ် ယှဉ်လိုက်ရင်တော့ မန်စီးတီးအသင်းကိုသာ ပို နှစ်သက်မိပြီး ဘယ်တော့မှ ရင်ဆိုင် မကစားလိုကြောင်း ပြောဆိုလိုက်ပါတယ်။