လီဗာပူး ဂန္တဝင်ကစားသမားကြီး ကာရေဂါက မန်နေဂျာ ယာဂင်ကလော့ပ်အား ကလပ်အသင်းရဲ့ ဦးစားပေးမှာ ပရီးမီးယားလိဂ် အပြင် ချန်ပီယံလိဂ်ဖလားကို ချန်မထားဖို့ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီး ဘာစီလိုနာပွဲကလည်း အရေးကြီးပါတယ်လို့ သတိပေးစကား ပြောဆိုခဲ့ပါတယ်။

ရိမ်းဂျားစ်အသင်းနည်းပြ စတီဗင်ဂျရတ်က လီဗာပူးမှ အဆက်အသွယ်များကို အသုံးချကာ ရိုင်ယန်ကန့်၊ ၀ုဒ်ဘန်းနဲ့ ကားတစ် ဂျုံးစ်တို့ကို ရိမ်းဂျားစ်အသင်းထံ ခေါ်ယူလိုနေပါတယ်။ အငှားလာကစားနေတဲ့ ရိုင်ယန်ကန့်က ဒီရာသီ အထင်ကြီးလောက်ဖွယ် ခြေစွမ်းများ ပြသထားပါတယ်။

လီဗာပူး ဂိုးသမားအယ်လစ်ဆန်က ဒီရာသီ ပရီးမီးယားလိဂ် ပေးဂိုးမရှိ ပွဲပေါင်း ၂၀ ရှိသွားပြီ ဖြစ်ကာ တစ်ရာသီ clean sheet အများဆုံး ဂိုးသမားတွေထဲ ပါဝင်လာခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နုယ်ပွဲနဲ့ ပက်သက်ပြီး ကလော့ က “သိပ် ကောင်းမွန်လှတဲ့ ပွဲဖြစ်လာ မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အတွက် လိုအပ်တဲ့ အရာ ကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အပြည့်အ၀ အာရုံစိုက် သွားဖို့ ပါပဲ။ ဘာစီလိုနာက အသင်းကောင်း တစ်သင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သူတို့ ဘယ်လောက် ကောင်းသလဲ ဆိုတာကို တွေ့ထားခဲ့တယ်။ အထူးသဖြင့် နူးကမ့်မှာပါ။” လို့ ကလော့ပ်က ဆိုပါတယ်။

ဆာလက်နဲ့ အဆင်မပြေမှုများ ရှိနေပြီး၊ ဖာမီနိုကလည်း ရာသီကုန်ထိ မကစားနိုင်တော့ဘူး ဆိုတဲ့ သတင်းများကို ကလော့ပ်က ပျက်ရယ် ပြုလိုက်ပြီး ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေသည်များကို မယုံကြဖို့ တုန့်ပြန်လိုက်ပါတယ်။

လီဗာပူး၊ ယူနိုက်တက်၊ ဂျူဗင်တပ်တို့ စိတ်ဝင်စားနေတဲ့ လူငယ်ကစားသမား ဂျိုအာ ဖီးလစ်ကို နွေရာသီ အပြောင်းအရွှေ့ကာလမှာ ထုတ်ရောင်းဖို့ မရှိဘူးလို့ ဘင်ဖီကာဥက္ကဋ္ဌ ဗီအဲရာက ပြောကြားလိုက်ပါတယ်။

ဒီရာသီ ဂိုးဖန်တီးထောက်ပံ့မှု ၁၁ ကြိမ် ထိ ရှိသွားခဲ့ပြီ ဖြစ်တဲ့ လီဗာပူးခံစစ်မှူး အန်ဒီရောဘတ်ဆန် က လီဗာပူးဟာ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ မှာ မန်စီးတီးကို နောက်ဆုံး အချိန်ထိ တွန်းအား ပေးသွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အာဆင်နယ်၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ရီးရဲလ် နောက်ဆုတ်သွားတဲ့ ပီအက်စ်ဂျီမှ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမား ရာဘီရော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် က ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု အတွက် အပြိုင် ဖြစ်နေကြတဲ့ ဆာလက် နဲ့ ဆာဒီယို မာနေး တို့ဟာ အသင်းဖော်တွေက သူတို့ကို အခွင့်အရေးတွေ ဖန်တီး ပေးနေသ၍ ဂိုးတွေ ပျော်ပျော်ကြီး ဆက်သွင်းကြဦးမယ်လို့ ဆိုသွားပါတယ်။

လီဗာပူးအသင်းက ဒီရာသီ ဖလားတစ်လုံးမှ မရခဲ့ရင်တောင် ဖြတ်သန်းလာခဲ့တဲ့ အနေအထားအရ အံ့အားသင့်ဖွယ် ဘောလုံးရာသီကောင်း ပိုင်ဆိုင်ထားပြီး ဖြစ်တယ်လို့ လီဗာပူးတိုက်စစ်မှူးဟောင်း ဂန္တ၀င်ကစားသမား အီယန်ရပ်ရှ်က ပြောကြားခဲ့ပါတယ်။