မန်ယူအသင်းအား ဝယ်ဖို့ အစီအစဉ်တွေကို ဆော်ဒီအာရေဗျ မင်းသား ဘင်ဆယ်လ်မန် ဘက်က လက်လျော့လိုက်ပြီဆိုတဲ့ သတင်းကို ဒီကနေ့ရဲ့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာပါတယ်။

ဆော်ဒီတော်ဝင်မိသားစုဟာ မန်ယူကို ဂလောဇာမိသားစုကနေ မန်ယူကို လွဲပြောင်းယူနိုင်ဖို့ အလိုရှိနေခဲ့တာပါ။ ဒါဟာ ဒေသတွင်း ယူအေအီးနိုင်ငံရဲ့ တော်ဝင်မင်းသား ရှိတ်မန်ဆော်ကို တိုက်ရိုက်ပြိုင်ဆိုင်မှုအပြင် မန်ယူရဲ့ ပုံရိပ်ကို ဆော်ဒီမှာ အသုံးချလိုခြင်းလို့ သိထားရတာပါ။

ကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်း Forbes ရဲ့ဖော်ပြချက်အရ လက်ရှိအချိန်မှာ မန်ယူရဲ့တန်ကြေးက ပေါင် 3.2 ဘီလီယံအထိ ရှိနေပါပြီ။ ဒီတန်ကြေး ဆော်ဒီမင်းသားအတွက်တော့ ဂရုစိုက်စရာမဟုတ်ပဲ ပိုင်ဆိုင်မှု ပေါင် 850 ဘီလီယံအထိရှိတဲ့ မင်းသားဟာ မန်ယူကို လွဲပြောင်းယူနိုင်ဖို့ ပေါင် 3.8 ဘီလီယံ အထိ ပေးဖို့ရှိ ဆန္ဒရှိထားပါတယ်။

ဒါပေမယ့်လို့ မန်ယူအသင်းပိုင်ရှင်တွေဖြစ် ဂလေဇာမိသားစုက မန်ယူကို စွန့်လွှတ်လိုခြင်း မရှိတာကြောင့် ဘင်ဆယ်လ်မန် ဘက်က နောက်ဆုတ်ခဲ့တယ်လို့ သိရတာပါ။ ဂလေဇာမိသားစုဘက်က လာမယ့်ကာလတွေမှာ ကလပ်အသင်းကို ချုပ်ကိုင်ထားတဲ့ ကိစ္စတွေကို ပိုမိုဝင်ရောက်လာဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

နည်းပြဆိုးရှားကတော့ ကလပ်အသင်းပိုင်ရှင်တွေက အသင်းအပေါ် ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ထားတယ်ဆိုတာ အပြောင်းအရွှေ့မှာ မြင်တွေ့ရပါလိမ့်မယ်လို့ ထောက်ခံထားတယ်။ ကလပ်အသင်း အနာဂတ်ကိစ္စတွေကို စီမံဖို့ ပိုင်ရှင်တွေနဲ့အတူ ဆွေးနွေးမှုတွေလည်း ပြုလုပ်နေကြောင်း သတင်းပေးထားပါတယ်။

မန်ယူဟာ နောက်ပိုင်း ဘောလုံးရာသီမှာ မှန်ကန်တဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်နိုင်ခြင်း မရှိသလို နွေတုန်းကတော့ ဖရက်နဲ့ ဒါလော့တို့ကိုပဲ အပြောင်းအရွှေကနေ ခေါ်ယူထားခဲ့တယ်။ ပြိုင်ဘက်အသင်းတွေရဲ့ ခေါ်ယူမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မန်ယူဟာ ဈေးကွက်အတွင်း လှုပ်ရှားမှု နည်းပါးလွန်းခဲ့တာဖြစ်တယ်။

နည်းပြဟောင်း မော်ရင်ညိုက အနာဂတ် ရင်းနှီးမြုပ်နှံမှုတွေ မရှိတဲ့ မန်ယူကို ဝေဖန်ထားခဲ့ပြီး ရာသီဝက်မှာပဲ ကလပ်အသင်းနဲ့ အဆင်မပြေဖြစ်ကာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။