လီဗာပူးဟာ အမှတ်ပေးဇယားထိပ်မှာ ရှုံးပွဲမရှိပဲ ၈ မှတ်အသာနဲ့ ဦးဆောင်နေဆဲပါ။ မန်စီးတီးကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဒီနှစ်က လီဗာပူးနှစ် ဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ အန်ဖီးပတ်ဝန်းကျင်မှာ ပေါ်ထွက်နေပါတယ်။ ဒါပေမယ့် မကြာသေးမီက နှစ်တွေအတွင်း သီသီလေးကပ်လွဲခဲ့တာတွေ ရှိခဲ့တာမို့ နာကျင်ဖူးခဲ့တဲ့ ပရိသတ်တွေကြား ပူပန်မှုတော့ ရှိနေဦးမှာပါ။

မေလထိ အမှတ်ပေးပွဲတွေ အများကြီး ကစားဖို့ ကျန်သေးတာနဲ့အတူ ဖလားအောင်မြင်ဖို့ လျှောက်ရလမ်းက အဝေးကြီးလိုပါသေးတယ်။ အမှတ်ပေးလိဂ်ကို ယာဂင်ကလော့ပ်ရဲ့အသင်းက လွှမ်းမိုးထားနိုင်နေပေမယ့် ကံကြမ္မာက ချက်ချင်းပြောင်းလဲလိုက်နိုင်တယ်ဆိုတာကို သူလဲ သတိထားနေရပါလိမ့်မယ်။ မေလမှာ အင်္ဂလန်အဆင့်မြင့်တန်းရဲ့ ချန်ပီယံဖြစ်ဖို့အတွက် လီဗာပူး လုပ်ရမယ့် ကိစ္စကြီး ၅ခု ကို ဆွေးနွေးဖော်ပြပေးပါမယ်။

မနှစ်ကလို ခံစစ်ဆော့ရမယ်

မနှစ်က လီဗာပူးရဲ့ ခံစစ်တံတိုင်းဟာ ကလပ်ရဲ့ ဖလားအောင်မြင်မှုမှာ အဓိကကျခဲ့တာပါ။ တစ်ရာသီလုံး ၂၂ ဂိုးသာ ပေးထားရပြီး clean sheet ၂၁ ကြိမ် ရခဲ့ပါတယ်။ ဒီရာသီ ပထမဆုံး ၁၃ပွဲမှာတော့ ၁၁ဂိုး ပေးခဲ့ရတာပါ။ မနှစ်ကနဲ့ ဂိုးကွာခြားချက်အတူတူမှာ လေးမှတ်ပိုသာပေမယ့် ခံစစ်ပိုင်းကို ပိုမို အာရုံစိုက်လာသင့်ပါတယ်။ မကြာသေးမီက အပတ်တွေမှာ ကလပ်ဟာ အက်စ်တွန်ဗီလာ၊ လက်စတာနဲ့ ယူနိုက်တက်တို့ကို နောက်ကျဂိုးတွေ လိုက်သွင်းခဲ့ရတာဖြစ်တယ်။

ကလပ်အသင်းပရိသတ်တွေက ဒါဟာ စိတ်ဓါတ်လို့ ယုံကြည်ပေမယ့် အခြားသူတွေအမြင်မှာ ကံတရားက ဖေးမနေတယ်လို့ ဆိုနိုင်တဲ့ ခံစစ်အားနည်းချက်ကို မေ့ထားလို့မရပါဘူး။ အာနိုးရဲ့ တိုက်စစ်စွမ်းရည်က ခံစစ်မှာ အနည်းငယ် အားနည်းတာမျိုးကို လျစ်လျူရှုဖို့ အကြောင်းပြချက်ကောင်းဖြစ်ပေမယ့် မာတစ် ဒဏ်ရာရပြီးနောက်ပိုင်း အသင်းခံစစ်က ခိုင်မာမှုမရှိပါဘူး။ ဖလားအောင်မြင်ရေးအတွက် မနှစ်ကလို အကောင်းဆုံးခံစစ်ပုံစံကို ပြန်ရယူဖို့လိုပါတယ်။

ဒဏ်ရာပြဿနာတွေရှောင်မယ်

ကလော့ပ်က သူ့ကစားသမားတွေကို အလွန်အကျွံ မကစားခိုင်းတာကြောင့် ဖြစ်လာရင် ထိန်းချုပ်လို့မရတဲ့ ဒဏ်ရာပြဿနာတွေကို ခံသာနေတာဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းဖို့ကလဲ လိုတယ်လို့ ပြောရမှာပါ။ လီဗာပူးရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံးအနေအထား မဟုတ်သေးပါဘူး။ ဗန်ဒိုက်ရဲ့ဒဏ်ရာက စီးတီးရဲ့ လာပေါ်တေးလိုပဲ အသင်းအတွက် ခြိမ်းခြောက်မှု ဖြစ်စေပါလိမ့်မယ်။ အရန်လူအသင့်ရှိပေမယ့် အဲ့လိုကစားသမားရဲ့ အရေးပါမှုကိုတော့ အစားထိုးလို့မရပါဘူး။

ဒဏ်ရာရလာရင် ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ အရန်ကစားသမားတွေဟာ ခေါ်ယူခံရတဲ့အခါ ကြီးမားတဲ့ အပြောင်းအလဲ လုပ်ပေးနိုင်ပါတယ်။ ဥပမာ မနှစ်က အရေးပါတဲ့ အခိုက်အတန့်မှာ အိုရီဂီရဲ့ ဂိုးလာဘ်ရှိမှုလိုပေါ့။ ပွဲထွက်ကစားသမားတွေ ဒဏ်ရာကင်းဖို့ မျှော်လင့်ရမှာဖြစ်ပေမယ့် အစားထိုးမယ့်သူတွေကလဲ အဆင်သင့်ဖြစ်ဖို့လိုပါတယ်။

အရန်တွေကို ပြည်တွင်းဖလားပွဲတွေ ကစားခွင့်ပေးရမယ်

ပြည်တွင်းဖလားပွဲတွေကလွဲရင် ကလော့ပ်က အပြောင်းအလဲ လုပ်လေ့မရှိပါဘူး။ သူက သူ့ရဲ့အကောင်းဆုံး ၁၁ ယောက်ကိုပဲ စွဲသုံးနေသူဖြစ်ပါတယ်။ မနှစ်က ၉၇ မှတ်ရပြီး ချန်ပီယံလိဂ် အောင်မြင်ခဲ့ရာမှာ ဒါက အနည်းငယ် အရေးပါခဲ့ပါတယ်။ အခုလဲ ဒီတိုင်းပါပဲ။ သူတို့ဟာ ပွဲကြီးတွေကို ကစားပြီးဖြစ်ပေမယ့် ဖလားပွဲတွေမှာ တိုးတက်မှုရှိဖို့ကလဲ လိုအပ်ပါတယ်။

အက်ဖ်အေနဲ့လိဂ်ဖလားမှာ နောက်အဆင့်တွေ တက်နိုင်ရင် ပရိသတ်တွေက ဆုဖလားအကြောင်း စတွေးလာတော့မှာပါ။ ဒါပေမယ့် လီဗာပူးရဲ့ ဒုတိယအသင်းဟာ ပရီးမီးယားလိဂ်က တခြားကလပ်အများစုထက်တောင် ပိုကောင်းပါတယ်။ ကလော့ပ်အနေနဲ့ ဖလားပွဲတွေမှာ အရန်ကစားသမားတွေကို ပွဲထုတ်ပြီး အဓိကကစားသမား တွေကို အနားပေးဖို့လိုပါတယ်။ လီဗာပူးအနေနဲ့ ဒီရာသီမှာ ပိုကြီးတဲ့ငါးကို မြှားနေတာဖြစ်တာကြောင့် ပြည်တွင်း ဖလားတွေက အနှောင့်အယှက် မဖြစ်သင့်ပါဘူး။

ဇန်နဝါရီဒဏ်ရာကို ကုစားမယ်

ဖလားအောင်မြင်ဖို့ နိုင်ပွဲတွေရဖို့ လိုတယ်ဆိုတာ ထင်ရှားပေမယ့် မနှစ်ကတည်းက ဇန်နဝါရီကာလဟာ ပိုပြီးအရေးပါလာပါတယ်။ မနှစ်က ဇန်နဝါရီဟာ လီဗာပူးရဲ့ အကောင်းဆုံး စတင်မှုဖြစ်ခဲ့ပေမယ့် စီးတီးကို သုံးမှတ်ပေးခဲ့ရတာ အပါအဝင် လေးမှတ် ဆုံးရှုံးခဲ့ရပြီး အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့ဒါက လီဗာပူးတို့ ဒုက္ခရောက်ခဲ့ရတဲ့ အချိန်ကာလပါပဲ။

၂၀၁၉ အကုန်မှာ ပွဲတွေများလာတာနဲ့အတူ အဲ့ဒီဒဏ်ရာဟောင်းတွေက ဒုက္ခပေးနိုင်ပါတယ်။ နှစ်သစ်မှာ ကလပ်ဟာ အမြင့်ဆုံးပျံသန်းပြနေတဲ့ ရှက်ဖီးကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး မော်ရင်ညိုရဲ့ စပါး၊ ယူနိုက်တက်၊ ဝုလ်ဗ်တို့နဲ့ တွေ့ရမှာပါ။ ဒီပွဲတွေကနေ ရလဒ်ကောင်းရလာရင် ဖလားကို စိတ်ကူးယဉ်လို့ရပါပြီ။ ဒါပေမယ့် ဇန်နဝါရီ ဒဏ်ရာက ကလပ်ကို ထပ်ပြီးဒုက္ခပေးဦးမှာလား?

ဆက်လက်ပြီး တည်ငြိမ်မှု ရှိရမယ်

မနှစ်ကရာသီကုန်ဟာ ဖလားပြိုင်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့တာပါ။ အပတ်တိုင်း စီးတီး ဒါမှမဟုတ် လီဗာပူး ခြေချော်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ဘယ်သူမှ မချော်ခဲ့ပါဘူး။ နှစ်သင်းလုံးဟာ အလျှော့မပေးတဲ့ ပုံစံတွေပြခဲ့ကြပြီး လီဗာပူးကတော့ ဒီရာသီမှာ စိန်ခေါ်မှု အသစ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဦးဆောင်သူထက် နောက်ကလိုက်ရသူရဲ့ ဖိအားက မတူပါဘူး။ လီဗာပူးဟာ အနောက်ကို အကြိမ်ကြိမ် လှည့်ကြည့်ရပါလိမ့်မယ်။

ဒါတင်မက ဒီနှစ်မှာ လက်စတာနဲ့ချယ်ဆီးကလဲ ခြေစွမ်းပြနေတာပါ။ မနှစ်က လီဗာပူးဟာ ၇ မှတ်နဲ့ ဦးဆောင်နေရာကနေ ခြေချော်ခဲ့ပြီး ဒီနှစ်မှာ အဲ့လိုမဖြစ်အောင် တည်ငြိမ်မှုရှိရမှာပါ။ ပရိသတ်တွေကလဲ ရင်မအေးရပါဘူး။ လီဗာပူးတို့ ဂိုးရဖို့လိုက်နေခဲ့ရတဲ့ ပွဲတွေမှာ အန်ဖီးကွင်းအတွင်း အားပေးနေတဲ့ ပရိသတ်တွေအင်အားက ကြီးလှပါတယ်။ ပရိသတ်တွေက ၁၂ယောက်မြောက် ကစားသမား ဖြစ်တာနဲ့အတူ အန်ဖီးက ခံတပ်ကြီးဖြစ်လာပါတယ်။ ဒါပေမယ့် ဆက်သွားရပါမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဖိအားတွေကို ကိုင်တွယ်ဖို့လိုပါတယ်။ မဟုတ်ရင် ဝန်ပိလာပါလိမ့်မယ်။

ZAWGYI

လီဗာပူးဟာ အမွတ္ေပးဇယားထိပ္မွာ ရႈံးပြဲမရွိပဲ ၈ မွတ္အသာနဲ႔ ဦးေဆာင္ေနဆဲပါ။ မန္စီးတီးကို အႏိုင္ရရွိခဲ့ၿပီးတဲ့ေနာက္ ဒီႏွစ္က လီဗာပူးႏွစ္ ျဖစ္ႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈေတြ အန္ဖီးပတ္ဝန္းက်င္မွာ ေပၚထြက္ေနပါတယ္။ ဒါေပမယ့္ မၾကာေသးမီက ႏွစ္ေတြအတြင္း သီသီေလးကပ္လြဲခဲ့တာေတြ ရွိခဲ့တာမို႔ နာက်င္ဖူးခဲ့တဲ့ ပရိသတ္ေတြၾကား ပူပန္မႈေတာ့ ရွိေနဦးမွာပါ။

ေမလထိ အမွတ္ေပးပြဲေတြ အမ်ားၾကီး ကစားဖို႔ က်န္ေသးတာနဲ႔အတူ ဖလားေအာင္ျမင္ဖို႔ ေလွ်ာက္ရလမ္းက အေဝးႀကီးလိုပါေသးတယ္။ အမွတ္ေပးလိဂ္ကို ယာဂင္ကေလာ့ပ္ရဲ႕အသင္းက လႊမ္းမိုးထားႏိုင္ေနေပမယ့္ ကံၾကမၼာက ခ်က္ခ်င္းေျပာင္းလဲလိုက္ႏိုင္တယ္ဆိုတာကို သူလဲ သတိထားေနရပါလိမ့္မယ္။ ေမလမွာ အဂၤလန္အဆင့္ျမင့္တန္းရဲ႕ ခ်န္ပီယံျဖစ္ဖို႔အတြက္ လီဗာပူး လုပ္ရမယ့္ ကိစၥၾကီး ၅ခု ကို ေဆြးေႏြးေဖာ္ျပေပးပါမယ္။

မႏွစ္ကလို ခံစစ္ေဆာ့ရမယ္

မႏွစ္က လီဗာပူးရဲ႕ ခံစစ္တံတိုင္းဟာ ကလပ္ရဲ႕ ဖလားေအာင္ျမင္မႈမွာ အဓိကက်ခဲ့တာပါ။ တစ္ရာသီလုံး ၂၂ ဂိုးသာ ေပးထားရၿပီး clean sheet ၂၁ ႀကိမ္ ရခဲ့ပါတယ္။ ဒီရာသီ ပထမဆုံး ၁၃ပြဲမွာေတာ့ ၁၁ဂိုး ေပးခဲ့ရတာပါ။ မႏွစ္ကနဲ႔ ဂိုးကြာျခားခ်က္အတူတူမွာ ေလးမွတ္ပိုသာေပမယ့္ ခံစစ္ပိုင္းကို ပိုမို အာရံုစိုက္လာသင့္ပါတယ္။ မၾကာေသးမီက အပတ္ေတြမွာ ကလပ္ဟာ အက္စ္တြန္ဗီလာ၊ လက္စတာနဲ႔ ယူႏိုက္တက္တို႔ကို ေနာက္က်ဂိုးေတြ လိုက္သြင္းခဲ့ရတာျဖစ္တယ္။

ကလပ္အသင္းပရိသတ္ေတြက ဒါဟာ စိတ္ဓါတ္လို႔ ယံုၾကည္ေပမယ့္ အျခားသူေတြအျမင္မွာ ကံတရားက ေဖးမေနတယ္လို႔ ဆိုႏိုင္တဲ့ ခံစစ္အားနည္းခ်က္ကို ေမ့ထားလို႔မရပါဘူး။ အာႏိုးရဲ႕ တိုက္စစ္စြမ္းရည္က ခံစစ္မွာ အနည္းငယ္ အားနည္းတာမ်ိဳးကို လ်စ္လ်ဴရႈဖို႔ အေၾကာင္းျပခ်က္ေကာင္းျဖစ္ေပမယ့္ မာတစ္ ဒဏ္ရာရျပီးေနာက္ပိုင္း အသင္းခံစစ္က ခိုင္မာမႈမရွိပါဘူး။ ဖလားေအာင္ျမင္ေရးအတြက္ မႏွစ္ကလို အေကာင္းဆံုးခံစစ္ပုံစံကို ျပန္ရယူဖို႔လိုပါတယ္။

ဒဏ္ရာျပႆနာေတြေရွာင္မယ္

ကေလာ့ပ္က သူ႔ကစားသမားေတြကို အလြန္အကြၽံ မကစားခိုင္းတာေၾကာင့္ ျဖစ္လာရင္ ထိန္းခ်ဳပ္လို႔မရတဲ့ ဒဏ္ရာျပႆနာေတြကို ခံသာေနတာျဖစ္ပါတယ္။ ဒါေပမယ့္ ကံေကာင္းဖို႔ကလဲ လိုတယ္လို႔ ေျပာရမွာပါ။ လီဗာပူးရဲ႕ ႀကံ့ခိုင္မႈက အေကာင္းဆုံးအေနအထား မဟုတ္ေသးပါဘူး။ ဗန္ဒိုက္ရဲ႕ဒဏ္ရာက စီးတီးရဲ႕ လာေပၚေတးလိုပဲ အသင္းအတြက္ ၿခိမ္းေျခာက္မႈ ျဖစ္ေစပါလိမ့္မယ္။ အရန္လူအသင့္ရွိေပမယ့္ အဲ့လိုကစားသမားရဲ႕ အေရးပါမႈကိုေတာ့ အစားထိုးလို႔မရပါဘူး။

ဒဏ္ရာရလာရင္ ဘယ္လိုေျဖရွင္းမလဲဆိုတာ စဥ္းစားဖို႔လိုပါတယ္။ အရန္ကစားသမားေတြဟာ ေခၚယူခံရတဲ့အခါ ႀကီးမားတဲ့ အေျပာင္းအလဲ လုပ္ေပးႏိုင္ပါတယ္။ ဥပမာ မႏွစ္က အေရးပါတဲ့ အခိုက္အတန္႔မွာ အိုရီဂီရဲ႕ ဂိုးလာဘ္ရွိမႈလိုေပါ့။ ပြဲထြက္ကစားသမားေတြ ဒဏ္ရာကင္းဖို႔ ေမွ်ာ္လင့္ရမွာျဖစ္ေပမယ့္ အစားထိုးမယ့္သူေတြကလဲ အဆင္သင့္ျဖစ္ဖို႔လိုပါတယ္။

အရန္ေတြကို ျပည္တြင္းဖလားပြဲေတြ ကစားခြင့္ေပးရမယ္

ျပည္တြင္းဖလားပြဲေတြကလြဲရင္ ကေလာ့ပ္က အေျပာင္းအလဲ လုပ္ေလ့မရွိပါဘူး။ သူက သူ႔ရဲ႕အေကာင္းဆုံး ၁၁ ေယာက္ကိုပဲ စြဲသုံးေနသူျဖစ္ပါတယ္။ မႏွစ္က ၉၇ မွတ္ရၿပီး ခ်န္ပီယံလိဂ္ ေအာင္ျမင္ခဲ့ရာမွာ ဒါက အနည္းငယ္ အေရးပါခဲ့ပါတယ္။ အခုလဲ ဒီတိုင္းပါပဲ။ သူတို႔ဟာ ပြဲႀကီးေတြကို ကစားၿပီးျဖစ္ေပမယ့္ ဖလားပြဲေတြမွာ တိုးတက္မႈရွိဖို႔ကလဲ လိုအပ္ပါတယ္။

အက္ဖ္ေအနဲ႔လိဂ္ဖလားမွာ ေနာက္အဆင့္ေတြ တက္ႏိုင္ရင္ ပရိသတ္ေတြက ဆုဖလားအေၾကာင္း စေတြးလာေတာ့မွာပါ။ ဒါေပမယ့္ လီဗာပူးရဲ႕ ဒုတိယအသင္းဟာ ပရီးမီးယားလိဂ္က တျခားကလပ္အမ်ားစုထက္ေတာင္ ပိုေကာင္းပါတယ္။ ကေလာ့ပ္အေနနဲ႔ ဖလားပြဲေတြမွာ အရန္ကစားသမားေတြကို ပြဲထုတ္ၿပီး အဓိကကစားသမား ေတြကို အနားေပးဖို႔လိုပါတယ္။ လီဗာပူးအေနနဲ႔ ဒီရာသီမွာ ပိုႀကီးတဲ့ငါးကို ျမွားေနတာျဖစ္တာေၾကာင့္ ​ ျပည္တြင္း ဖလားေတြက အေႏွာင့္အယွက္ မျဖစ္သင့္ပါဘူး။

ဇန္နဝါရီဒဏ္ရာကို ကုစားမယ္

ဖလားေအာင္ျမင္ဖို႔ ႏိုင္ပြဲေတြရဖို႔ လိုတယ္ဆိုတာ ထင္ရွားေပမယ့္ မႏွစ္ကတည္းက ဇန္နဝါရီကာလဟာ ပိုၿပီးအေရးပါလာပါတယ္။ မႏွစ္က ဇန္နဝါရီဟာ လီဗာပူးရဲ႕ အေကာင္းဆုံး စတင္မႈျဖစ္ခဲ့ေပမယ့္ စီးတီးကို သုံးမွတ္ေပးခဲ့ရတာ အပါအဝင္ ေလးမွတ္ ဆုံးရႈံးခဲ့ရၿပီး အက္ဖ္ေအဖလားကေန ထြက္ခြာခဲ့ရပါတယ္။ အဲ့ဒါက လီဗာပူးတို႔ ဒုကၡေရာက္ခဲ့ရတဲ့ အခ်ိန္ကာလပါပဲ။

၂၀၁၉ အကုန္မွာ ပြဲေတြမ်ားလာတာနဲ႔အတူ အဲ့ဒီဒဏ္ရာေဟာင္းေတြက ဒုကၡေပးႏိုင္ပါတယ္။ ႏွစ္သစ္မွာ ကလပ္ဟာ အျမင့္ဆုံးပ်ံသန္းျပေနတဲ့ ရွက္ဖီးကို အိမ္ကြင္းမွာ ရင္ဆိုင္ရမွာျဖစ္ၿပီး ေမာ္ရင္ညိဳရဲ႕ စပါး၊ ယူႏိုက္တက္၊ ဝုလ္ဗ္တို႔နဲ႔ ေတြ႕ရမွာပါ။ ဒီပြဲေတြကေန ရလဒ္ေကာင္းရလာရင္ ဖလားကို စိတ္ကူးယဥ္လို႔ရပါၿပီ။ ဒါေပမယ့္ ဇန္နဝါရီ ဒဏ္ရာ​က ကလပ္ကို ထပ္ၿပီးဒုကၡေပးဦးမွာလား?

ဆက္လက္ၿပီး တည္ၿငိမ္မႈ ရွိရမယ္

မႏွစ္ကရာသီကုန္ဟာ ဖလားၿပိဳင္ပြဲမွာ အျပင္းထန္ဆုံး ျဖစ္ခဲ့တာပါ။ အပတ္တိုင္း စီးတီး ဒါမွမဟုတ္ လီဗာပူး ေျခေခ်ာ္ဖို႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဘယ္သူမွ မေခ်ာ္ခဲ့ပါဘူး။ ႏွစ္သင္းလုံးဟာ အေလွ်ာ့မေပးတဲ့ ပုံစံေတြျပခဲ့ၾကၿပီး လီဗာပူးကေတာ့ ဒီရာသီမွာ စိန္ေခၚမႈ အသစ္နဲ႔ ရင္ဆိုင္ေနရပါတယ္။ ဦးေဆာင္သူထက္ ေနာက္ကလိုက္ရသူရဲ႕ ဖိအားက မတူပါဘူး။ လီဗာပူးဟာ အေနာက္ကို အႀကိမ္ႀကိမ္ လွည့္ၾကည့္ရပါလိမ့္မယ္။

ဒါတင္မက ဒီႏွစ္မွာ လက္စတာနဲ ႔ခ်ယ္ဆီးကလဲ ေျခစြမ္းျပေနတာပါ။ မႏွစ္က လီဗာပူးဟာ ၇ မွတ္နဲ႔ ဦးေဆာင္ေနရာကေန ေျခေခ်ာ္ခဲ့ၿပီး ဒီႏွစ္မွာ အဲ့လိုမျဖစ္ေအာင္ တည္ၿငိမ္မႈရွိရမွာပါ။ ပရိသတ္ေတြကလဲ ရင္မေအးရပါဘူး။ လီဗာပူးတို႔ ဂိုးရဖို႔လိုက္ေနခဲ့ရတဲ့ ပြဲေတြမွာ အန္ဖီးကြင္းအတြင္း အားေပးေနတဲ့ ပရိသတ္ေတြအင္အားက ႀကီးလွပါတယ္။ ပရိသတ္ေတြက ၁၂ေယာက္ေျမာက္ ကစားသမား ျဖစ္တာနဲ႔အတူ အန္ဖီးက ခံတပ္ႀကီးျဖစ္လာပါတယ္။ ဒါေပမယ့္ ဆက္သြားရပါမယ္။ တည္တည္ၿငိမ္ၿငိမ္နဲ႔ ဖိအားေတြကို ကိုင္တြယ္ဖို႔လိုပါတယ္။ မဟုတ္ရင္ ဝန္ပိလာပါလိမ့္မယ္။