ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ ပြီးဆုံးခဲ့အပြီးမှာ ချန်ပီယံဆုအတွက် အဖြေမပေါ်သေးသလို ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အသင်း ၃ သင်း အကြိတ်အနယ်ရှိနေဆဲဖြစ်ပေမယ့် မန်ယူကတော့ ပါဝင်နိုင်ဖို့ ခက်ခဲခဲ့ပြီဖြစ်တယ်။

ဒီအပတ်မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ အာဆင်နယ်ဟာ လက်စတာကို ဂိုးပြတ် ရှုံးနိမ့်ခဲ့သလို မန်ယူနဲ့ ချယ်ဆီးကလည်း ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးက ၇၀ နဲ့ အဆင့် ၃ မှာမို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။

သူ့နောက် အဆင့် ၄ မှာတော့ ၆၈ မှတ်နဲ့ ချယ်ဆီး၊ အဲ့ဒီနောက်မှာတော့ ၆၆ မှတ်နဲ့ အာဆင်နယ် ၊ အဆင့် ၆ မှာတော့ ၆၅ မှတ်နဲ့ မန်ယူတို့ ရှိနေပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ ချယ်ဆီးက ဝက်ဖို့ဒ်နဲ့ ကစားရမှာဖြစ်ပြီး အာဆင်နယ်ကတော့ ဘရိုက်တန်နဲ့ ကစားရမှာပါ။ မန်ယူကတော့ ဟက်ဒါဖီးနဲ့ ကစားရမှာဖြစ်ပြီး စပါးကတော့ ဘုန်းမောက်နဲ့ ကစားရမှာပါ။

ချယ်ဆီးနဲ့ပွဲမှာ အသင်းအတွက် သွင်းဂိုးရယူပေးနိုင်ခဲ့တဲ့ မာတာက “ ကစားသမားတိုင်းမှာ ကောင်းတဲ့အချိန်တွေ ရှိသလို မကောင်းတဲ့ အချိန်တွေလည်း ရှိနိုင်ပါတယ်။ ဒီဂီယာဟာ အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ သူတို့ ချေပဂိုးကြောင့် သူလည်း စိတ်ပျက်ခဲ့ရပါတယ်။

အသင်းအတွက်တေ့ ဒီဂီယာဟာ အကောင်းဆုံး ကစားသမားပါပဲ။ ကျွန်တော်ကတော့ သူ့ဖက်ကနေ ရပ်တည်ပေးမှာပါ။ အသင်းကလည်း သူ့အတွက် ရပ်တည်ပေးသင့်သလို အသင်းကိုချစ်တဲ့ သူတိုင်းကလည်း သူ့အတွက် ရပ်တည်ပေးသင့်ပါတယ်။

ကျွန်တော်တို့အားလုံး သူ့ဖက်က ရှိနေကြရပါမယ်။ ကျွန်တော်တို့အားလုံး သူ့အပေါ် အပြည့်အ၀ကို ယုံကြည်ကြပါတယ်။ သူဟာ ကျွန်တော့်သူငယ်ချင်း ဖြစ်သလို ကမ္ဘာပေါ်က အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ယောက်ပါ။ “ လို့ ဒီဂီယာအပေါ် ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲကို သ​ရေကျခဲ့တာ​ကြောင့်​ မန်​ယူ​အတွက်​ အဆင့်​​လေး ​မျှော်​လင့်​ချက်​ဟာ အ​တော်​​လေး ခက်​ခဲသွားခဲ့ပြီ ဖြစ်​ကာ ချယ်ဆီးက​တော့ အ​ခြေ​အနေ ​ကောင်းသွားခဲ့ပါပြီ။