မန်ယူဟာ လာမယ့်နွေမှာ ကလပ်အသင်းနဲ့ အနာဂတ် မသေချာဖြစ်နေတဲ့ ကစားသမားရှင်းထုတ်မှု အများအပြား ပြုလုပ်ပြီး အသုံးစရိတ်နဲ့ လုပ်ခပိုင်း သက်သာမှုတွေကို ရှာဖွေဖို့ ကြိုးစားသွားတော့မှာပါ။

မန်ယူအသင်းသားတွေထဲ ကွင်းလယ်ကစားသမား ပေါ့ဘာနဲ့ တိုက်စစ်မှူး လူကာကူတို့ဟာ လာမယ့်နွေရာသီ ထွက်ခွာမယ့်စာရင်းမှာ ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။ မန်ယူဘက်ာ ကစားသမားရောင်းထုတ်မှုအဖြစ် ပေါ့ဘာနဲ့ လူကာကူ နှစ်ဦးအတွက်တင်ကို ပေါင် သန်း ၂၀၀ လောက်ထိ အလိုရှိနေပါတယ်။

မန်ယူဘက်က လာမယ့်ရာသီသစ်အတွက် အသင်းကို အကြီးစားပြင်ဆင်လိုနေပြီး လက်ရှိလူစာရင်းကို လည်းပြောင်းလဲ ဖို့စီစဉ်နေကာ နည်းပြ ဆိုးရှားအတွက် အသင်းသစ် တည်ဆောက်ပေးဖို့ ကလပ် တာဝန်ရှိသူတွေက စီစဉ်နေတာဖြစ်တယ်။

ဈေးကွက်ထဲမှာ အဓိက ကစားသမား ရောင်းထုတ်မှုတွေက ယူနိုက်တက် ရနိုင်မယ့် ငွေကြေးဟာ အတော်လေး များပြားနေပြီး အဓိကအားဖြင့် လုပ်ခပိုင်းကို တစ်ရာသီ ပေါင် ၈၂ သန်းလောက်ထိ ကာကွယ်သွားနိုင်ဖို့လည်း ရှိနေပါတယ်။

ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာက လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ စကားပြောဆိုနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပြီး ရီးရဲလ်အသင်းဆီပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့ သိထားရတယ်။

ဒီရာသီ ပီအက်ဖ်အေ အကောင်းဆုံး ၁၁ ယောက်ထဲ ပါဝင်ထားတဲ့ ပေါ့ဘာက အသင်းနဲ့ သက်တမ်းတိုး ကိစ္စများကိုလည်း ဆက်လက်ဆွေးနွေးခြင်း မရှိတော့တဲ့အပြင် နွေရာသီ အာရှ ခရီးစဉ်ကို လိုက်ပါဖို့ ဗီဇာကိစ္စများ ဆောင်ရွက်ဖို့ကိုပါ ပေါ့ဘာက ငြင်းဆန်ထားကြောင်းလည်း သတင်းထွက်နေပါတယ်။

တိုက်စစ်မှူး လူကာကူကို အီတလီကလပ် ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် အသင်းတို့က ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။ မန်ယူဘက်က ပေါ့ဘာနဲ့ လူကာကူ နှစ်ဦးအတွက် ပြောင်းရွှေ့ကြေး သန်း ၂၀၀ လောက် လိုချင်နေပြီး ဒါက အနာဂတ်အတွက် ပြန်လည်တည်ဆောက်မှုတွေမှာ တိုက်ရိုက် အသုံးချမှာဖြစ်ပါတယ်။