မန်ယူကစားသမားဟောင်း နဗီးက သူ့ရဲ့အသင်းဟောင်း အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မယ်ဆိုရင် နွေရာသီ အပြောင်းအရွေ့မှာ အခက်တွေ့နိုင်တယ်လို့ ယူဆနေသလို တိုက်စစ်မှူးလူကာကူရဲ့ ကြံ့ခိုင်မှုအပေါ် မေးခွန်းထုတ်လိုက်ပြီး နည်းပြဆိုးရှားအနေနဲ့ ရာသီအကုန်မှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရလိမ့်မယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ရဲ့ သုံးပွဲဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေမှုကို မာတာက ရပ်တန့်ပေးခဲ့ပေမယ့် ဒီဂီယာရဲ့ အမှားဟာ ယူနိုက်တက်ရဲ့ အဆင့်လေး မျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။ ပထမပိုင်း မပြီးဆုံးခင် နှစ်မိနစ် အလိုမှာ ဂိုးသမား ဒီဂီယာရဲ့ အမှားကနေတဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို အလွန်ဆိုက ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ကို သရေကျခဲ့တာကြောင့် ယူနိုက်တက်ဟာ အဆင့်လေးက ချဲလ်ဆီးနဲ့ ပြိုင်ပွဲပြီးဆုံးဖို့ နှစ်ပွဲအလိုမှာ သုံးမှတ်အထိကွာဟနေကာ ဂိုကွာခြားချက်ကလည်း ကြီးမားနေပါတယ်။ ချဲလ်ဆီးနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးက ကလပ်အသင်းရဲ့ ပြသနာကြီးနှစ်ရပ်ကို ကွက်ကွက်ကွင်းကွင်း ထောက်ပြလိုက်ပါတယ်။
နဗီးထောက်ပြတဲ့ ပထမအချက်က တိုက်စစ်မှူးလူကာကူနဲ့ ပက်သက်ပါတယ်။
“ ကျတော့်အတွက် လူကာကူ ကအရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီနေ့ ပွဲအစောပိုင်း သူ့ကစားပုံကို ကြည့်လိုက်တော့ သူဟာ ထိပ်တန်း ကစားသမားတစ်ယောက်ပါ။ ကန်ချက်တွေကောင်းတယ်၊ အားသွန်ခွန်စိုက်ပြေးနိုင်တယ်။ ဒါပေမယ့် ပြေနှုန်းနည်းနည်းလုပ်ပြီးရင် သူ့ပုံစံက အရမ်းမောပန်းနေသလိုပါပဲ။
နွေအတွက်တော့ လူကာကူဟာမန်နေဂျာ ကြီးမားစွာ ဆုံးဖြတ်ချက်ချရမယ့်ကိစ္စ ဖြစ်လာနိုင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ဘယ်လိုအနေအထားတွေ ပြုပြင်ထားလဲ မသိဘူးပေါ့လေ။ ကျတော့်အနေနဲ့ကတော့ ကြံ့ခိုင်မှုပိုင်းမှာ လိုအပ်ချက်ဖြစ်နေတဲ့ ကစားသမားတွေကိုအပေါ် ကိုယ်ချင်းစာပါတယ်” လို့ ပြောဆိုခဲ့တယ်။
ဆက်လက်ပြီး ထောက်ပြမှု လုပ်တာကတော့ နွေမှာ ကစားသမားသစ် ဆုဆောင်းမှုတွေအတွက်ပါ။
နဗီးက “ ကစားသမားတွေ ဆုဖလားတွေ၊ ပြိုင်ဆိုင်တဲ့ ပြင်းထန်မှုနဲ့ ချန်ပီယံလိဂ်ကန်ရမယ့် အသင်းတွေနဲ့ပဲ အနာဂတ် အသင်းတစ်သင်းကို ရွေးချယ်ပါတယ်။ မန်ယူဟာ နောက်ရာသီမှာ ချန်ပီယံလိဂ်မှာ ကန်ရမယ်လို့ မထင်မိဘူး။ အဲ့တာတွေနဲ့ ပက်သက်လို့ ကလပ်အသင်း နှစ်သင်းထဲက တစ်သင်းကို ရွေးရမယ်ဆိုရင်တော့ အခြားတစ်သင်းကို ရွေးချယ်နိုင်ပါတယ်။
မန်ယူမှာ များပြားတဲ့ အခွန်တွေကို ပေးဆောင်နေရပါတယ်။ ဒီအချက်က လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူဖို့ အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့် မန်ယူဟာ ကလပ်အသင်းကြီး တစ်သင်းအဖြစ် ရှိနေပါသေးတယ်။ ” လို့ ပြောသွားခဲ့ပါတယ်။