ကမ္ဘာဖလားပြိုင်ပွဲမှာ တောက်ပခဲ့တဲ့ စီးရီးအေကလပ် ဆမ့်ဒိုးရီးယားအသင်းမှ ဥရုဂွေးကွင်းလယ်လူ တော်ရီရာကို အာဆင်နယ်က ပေါင် 26.4 သန်းနဲ့ ခေါ်ယူထားခဲ့တယ်။ ပရီးမီးယားလိဂ် အစောပိုင်းကာလတွေမှာ တော်ရီရာနဲ့ ပက်သက်ပြီး လူတော်တော်များများက မသိကြပါဘူး။ ဒါပေမယ့်လို့ အမ်မရီ လက်ထက်မှာ ကွင်းလယ်ပိုင်းက အံ့ဝင်အောင် ကစားပြလာခဲ့တဲ့နောက် ဒီ တောင်အမေရိကသားလေးရဲ့ မရှိရင် မဖြစ်တဲ့ အရေးပါမှုကို မြင်တွေ့ခွင့်ရလာနေခဲ့ပါပြီ။

စနေနေ့က ဖူလ်ဟမ်အသင်းကို 5-1 နဲ့ နိုင်ခဲ့တဲ့ နိုင်ပွဲဟာဆိုရင် အမ်မရီရဲ့ အသင်းအတွက် ဒီရာသီ 9 ပွဲဆက် အနိုင်ကို မြင်တွေ့ခွင့် ရရှိခဲ့တာဖြစ်တယ်။ တစ်ဆက်တည်းမှာပဲ အာဆင်နယ်နဲ့ အမှတ်ပေးဖလားဆိုတာမျိုးကို တွဲမြင်မှုတွေတောင် ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီ အာဆင်နယ်ရဲ့ ကွင်းလဲပိုင်း ပြုပြင်ပြောင်းလဲမှုမှာ တော်ရီရာက အဓိကကျတဲ့ ကစားသမားတစ်ဦးပါ။ အသင်းဖော် ဇာခါကို စွမ်းဆောင်ရည်ကောင်းတွေ ပေါ်ထွက်လာစေသူဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ လက်ရှိပုံစံကောင်းတွေမှာ အခရာလို့ ပြောနိုင်သူဖြစ်တယ်။ ဒီအတွက်လည်း သူ့ရဲ့မှတ်တမ်းကောင်း တစ်ခုက သက်သေထူနေပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ တော်ရီရာမပါဝင်ပဲ ကစားထားတဲ့ 442 မိနစ်အတွင်း သွင်းဂိုး 9 ဂိုး ရှိခဲ့ပြီး ပေးဂိုး 10 ဂိုး ရှိထားပါတယ်။ ဒါပေမယ့်လို့ တော်ရီရာ ပါဝင်ကစားတဲ့ 548 မိနစ်အတွင်း အာဆင်နယ်က သွင်းဂိုး 20 သွင်းယူနိုင်ပြီး ပေးဂိုးကလည်း 3 ဂိုးပဲ ရှိထားတာကို တွေ့ရတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိပုံစံကောင်းတွေကို ဆက်ထိန်းနိုင်မယ်ဆိုရင် ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ့် အသင်းဖြစ်လာဖို့တောင် ရှိနေပါတယ်။ တော်ရီရာ သယ်ဆောင်လာပေးတဲ့ အသင်းဟန်ချက်ညီမှုတွေကြောင့် အာဆင်နယ်ဟာ အသင်းပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန်တွေကို ပိုင်ဆိုင်လာနေခဲ့ပြီ မဟုတ်ပါလား။