မန်စီးတီးဟာ စည်းကို သီသီလေး လွတ်သွားတဲ့ဂိုးနဲ့ ဘန်လေကို အနိုင်ရခဲ့တဲ့နောက် အာဆင်ဝင်းဂါးက လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ် ဖလား လုံးဝ ကံမစပ်တာမျိုး ဖြစ်နိုင်ပြီး အင်္ဂလိပ် ဘောလုံးကို ကြာရှည် လွှမ်းမိုးခဲ့တဲ့ သူတို့ အသင်းဟာ ၈၉-၉၀ ခုနှစ်ကနေ အခုထိ သေးသေးမွှားမွှား အရာလေးတွေက အစ ချန်ပီယံဖြစ်မယ့် လမ်းကို တားဆီးနေကြကြောင်း မှတ်ချက် ပြုလိုက်ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ သွင်းဂိုးတွေကို အသင်းလိုအပ်နေတဲ့အချိန် အချိန်ကိုက် ပြန် သွင်းယူပေးနိုင်ခဲ့ပြီလို့ အသင်းဖော် ရော်ဘတ်တို ဖာမီနိုက ချီးကျူး ပြောဆိုလိုက်ပါတယ်။

ကမ္ဘာထိပ်တန်း ခံစစ်သမား သုံးဦးအဖြစ် ဒီလစ်ကတော့ ကစားသမား သုံးဦးကို မြင်ထားပါတယ်။ ဒီလစ်က ပြောရာမှာ “ ကျနော် အရမ်းကောင်းတဲ့ ခံစစ်သမား သုံးဦးရဲ့အမည်ကို ပြောလိုပါတယ်။ ဆာဂျီရို ရာမိုစ့်က အရမ်းကောင်းတဲ့ ခံစစ်သမားပါ။ ဂျရတ်ပီကေးကလည်း သိပ်ကောင်းပါတယ်။ အထူးသဖြင့် ကျနော်ရဲ့ တပြည်တည်းသား ဗန်ဒိုက်ပေါ့ ” လို့ ဖြေဆိုပေးခဲ့ပါတယ်။

လီဗာပူးကစားသမား ဗန်ဒိုက်ဟာ ဒီရာသီအတွက် ပီအက်ဖ်အေ ကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါပြီ။ ပရီးမီးယားလိဂ်သမိုင်းမှာ လိဂ်ရဲ့အကောင်းဆုံး ကစားသမားအဖြစ် ခံစစ်မှူး နှစ်ဦးပဲ ဒီဆုကို အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာဟောင်း အာဆင်ဝင်းဂါးကတော့ လီဗာပူးအသင်းဟာ ဒီရာသီမှာလည်း မန်စီးတီး နောက်မှာ ကျန်ရစ်ပြီး ပရီးမီးယားလိဂ်ဖလားနဲ့ လွဲပြန်ဦးမယ့် အနေအထားကို ကြည့်ကာ အသင်းနဲ့ ဖလား ရေစက်ကို မပါတာ ဖြစ်ရမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်ဟာ သူမြင်ဖူးသမျှ လီဗာပူး ခံစစ်သမားတွေထဲ အကောင်းဆုံး ကစားသမားပါလို့ ဒေးလီးမေးလ် ကလောင်ရှင် ဒိုမနစ်ကင်းက ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

လီဗာပူးရဲ့ ပင်နယ်တီ ကန်သွင်းဖို့ ဦးစားပေးက မီလ်နာဖြစ်ပြီး အဆိုပါ ဖြစ်ရပ်မှာ ဆာလက်ကို ကန်ခွင့်မပြုပဲ ကိုယ်တိုင် ကန်သွင်းယူခဲ့တဲ့ မီလ်နာ မှန်ကန်တယ်လို့ ယာဂင်ကလော့ပ်က မြင်ထားပါတယ်။ မီလ်နာဟာ ပင်နယ်တီ ကန်သွင်းမှုမှာ လွဲချော်မှုတွေ ရှိထားခဲ့တာတောင်မှ အကောင်းဆုံး အဆုံးသတ်သူလို့ ကလော့ပ်က ပြောပါတယ်။

နယူးကာဆယ် မန်နေဂျာ ရာဖာဘင်နီတက်စ်က အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲမှာ လီဗာပူးပရိသတ်တွေဘက်က အကောင်းမြင်မှုတွေ မျှော်လင့်နေမှာဖြစ်ပြီး သူကိုယ်တိုင်က နယူးကာဆယ်အတွက် ရလဒ်ကောင်းရအောင် ယှဉ်ပြိုင်မှာဖြစ်လို့ လီဗာပူးဘက်က အကောင်းဆုံး ကြိုးစားဖို့ မျှော်လင့်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဗန်ဒိုက်က ဆုဖလားတွေ အနိုင်ရဖို့နဲ့ ပက်သက်ပြီး ” လီဗာပူးနဲ့အတူ ဒီနည်းလမ်းအတိုင်း ဆက်ကစားပြီး ဆုဖလားတွေ အနိုင်ရလိုပါတယ်။ လိဂ်က ကစားသမားတိုင်းက ဆုဖလားတွေ အနိုင်ရလိုကြတယ်။ ကျနော်တို့လည်း ဆုဖလားတွေ အနိုင်ရလိုတယ်။ နေ့တိုင်းမှာ ကြိုးစားနေပြီး အနာဂတ်မှာ ဆုဖလားတွေရဖို့က ကျနော်တို့ ကြိုးစားနေတဲ့ အရာပါပဲ။ ” လို့ ပြောပါတယ်။