အာဆင်နယ်ဟာ လက်စတာကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရာ ပွဲချိန် ၃၆ မိနစ်မှာပင် မစ်လန်းနေးစ် နှစ်ဝါ တစ်နီနဲ့ ထုတ်ခံခဲ့ရပြီး ၁၀ ယောက်နဲ့ ခံကစားခဲ့ရာ ပွဲ အပြီးမှာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၃ ပွဲလုံး ရှုံးထားပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက် စိုးရိမ်စရာပါ။

ပီအက်စ်ဂျီနဲ့ လိုင်ယွန်အသင်းတို့ဟာ အာဆယ်နယ်အသင်း နည်းပြဟောင်း အာဆင်ဝင်းဝါးကို ခေါ်ယူဖို့ အပြိုင် ချိတ်ဆက်နေကြပါတယ်။ အာဆင်ဝင်းဂါးဟာ လန်ဒန်ကလပ်မှ ထွက်ခွာလာခဲ့ပြီးနောက် အနားယူနေခဲ့တာ တစ်နှစ်နီးပါး ရှိလာပြီ ဖြစ်ပြီး ဘောလုံးနည်းပြလောကထဲ ပြန်ဝင်ဖို့ ခြေလှမ်းပြင်နေပါပြီ။

လက်စတာကို ရှုံးတဲ့ ပွဲ အပြီးမှာ ၃ ပွဲဆက် ရှုံးခဲ့ပြီ ဖြစ်တဲ့ အာဆင်နယ်က ယူရိုပါလိဂ်ဘက်ကို ပိုမို အားစိုက်လာဖွယ် ရှိပြီး အမ်မရီကလည်း ယူရိုပါလိဂ် ဗိုလ်စွဲဖို့ ကြီးမားတဲ့ တွန်းအားတွေ ရှိနေပြီလို့ ၀န်ခံပြောဆိုခဲ့ပါတယ်။

၁၁ ယောက်ချင်း အာဆင်နယ်နဲ့ ယှဉ်ကစားချိန်မှာလည်း လက်စတာက ပိုကောင်းတဲ့ အသင်း ဖြစ်တယ်လို့ နည်းပြ ဘရန်ဒန် ရော်ဂျာက ပြောဆိုလိုက်ပါတယ်။ ၁၀ ယောက် ၁၁ ယောက် ဖြစ်သွားချိန်မှာလည်း အသင်း အစီအစဉ်ထဲ မပါဝင်ခဲ့ပေမယ့် ကစားသမားတွေက ကောင်းစွာ ကိုင်တွယ်သွားခဲ့တယ် လို့လည်း ၄င်းက ဆိုပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ၅ ပွဲမှာ အဲဗာတန်၊ ပဲလေစ့်၊ ဝုဗ်၊ လက်စတာ လို အသင်းတွေကို အရေးနိမ့်ခဲ့ပြီး ဝတ်ဖိုဒ့်တစ်သင်းကိုပဲ အနိုင်ရခဲ့တာပါ။ ဇယားအလယ်က အသင်းတွေနဲ့ ရင်ဆိုင်ကစားရာမှာ ကလပ်အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အားထုတ်မှုက လိုအပ်ချက် များပေမယ့် လက်စတာပွဲကို အာဆင်နယ်တို့ အရေးနိမ့်ရတာက ကွင်းအတွင်း မစ်လန်နေး အနီကဒ်ပြ ထုတ်ပယ်ခံရတာကြောင့်လို့ အမ်မရီက ဆင်ခြေပေးပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်တို့ဟာ ယူရိုပါလိဂ်ကို တိုက်ရိုက်ဝင်ခွင့်ရပြီး ရာသီကြို ပြင်ဆင်မှုကို ရှောင်ရှားနိုင်ဖို့ မေလ 18 ရက်နေ့ ဝင်ဘာလေမှာ ယှဉ်ပြိုင်ကစားမယ့် မန်စီးတီးနဲ့ ဝတ်ဖိုဒ့်တို့ရဲ့ အက်ဖ်အေဖလားမှာ မန်စီးတီးအသင်း အနိုင်ရဖို့ မျှော်လင့်နေကြရမှာ ဖြစ်ပါတယ်။ အကယ်လို့ ဝတ်ဖိုဒ့် အနိုင်ရမယ်ဆိုရင် အဆင့် ၆ နေရာက အသင်းက ဂျူလိုင်လ 25 ရက်နေ့မှာ ယူရိုပါလိဂ် ဒုတိယအဆင့် ခြေစစ်ပွဲကို ကစားရမှာဖြစ်တယ်။

အာဆင်နယ်အသင်း မန်နေဂျာဟောင်း အာဆင်ဝင်းဂါးကတော့ လီဗာပူးအသင်းဟာ ဒီရာသီမှာလည်း မန်စီးတီး နောက်မှာ ကျန်ရစ်ပြီး ပရီးမီးယားလိဂ်ဖလားနဲ့ လွဲပြန်ဦးမယ့် အနေအထားကို ကြည့်ကာ အသင်းနဲ့ ဖလား ရေစက်ကို မပါတာ ဖြစ်ရမယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။