ရှုံးထွက်အဆင့်တက်ရောက်နိုင်ခဲ့ပြီးဖြစ်တာနဲ့အတူ ဆိုးရှားဟာ အက်စ်တာနာနဲ့ပွဲမှာ လူငယ်ကစားသမားများစွာကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လီဂရန့်၊ တူရန်ဇီဘီ၊ လုခ်ရှော၊ လင်ဂတ် စတဲ့ စီနီယာကစားသမားလေးယောက်ထဲသာ ဖိအားကင်းကင်းနဲ့ကစားနိုင်တဲ့ ပွဲအတွက် ကာဇက်စတန်ကို လိုက်ပါခဲ့ကြတာဖြစ်ပါတယ်။

အသင်းကြီးနည်းပြတွေဖြစ်တဲ့ မိုက်ကယ်ကာရစ်နဲ့ မက်ကင်နာတို့က မန်ချက်စတာမှာ နေခဲ့ကြတာနဲ့အတူ နစ်ကီဘတ်က လူငယ်ကစားသမားတွေကို အလေ့အကျင့်ရအောင်ကူညီပေးဖို့ ဒီခရီးမှာ လိုက်ပါခဲ့ပါတယ်။ ယူနိုက်တက်ရဲ့လူစာရင်းမှာ အသက် ၂၀တောင်မပြည့်သေးတဲ့ လူငယ်ကစားသမား ၁၄ ယောက် ပါဝင်ပေမယ့် ဆိုးရှားက လူငယ်အသင်းကို ရွေးချယ်ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

“ ကျနော်တို့ရဲ့ လူငယ်ကစားသမားတွေ ဒီလိုဥရောပပွဲမှာ ကစားရင်း သင်ယူလေ့လာရတာက သူတို့အတွက် ကောင်းမွန်တဲ့ စတင်မှုဖြစ်မှာပါ၊ ကာရာဘောင်းဖလားလဲ ရှိပေမယ့် သူတို့အားလုံးကို အတူတကွမြင်ရတာက ကျနော့်အတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်ပါတယ်။ ဒါကသူတို့အတွက် စိန်ခေါ်မှုဖြစ်ပြီး ပွဲကောင်းတစ်ပွဲဖြစ်ပါလိမ့်မယ်။ ကောင်လေးတွေကို လုံလောက်တဲ့ ပရော်ဖက်ရှင်နယ်ပွဲတွေ အခွင့်အရေးပေးဖို့က မလွယ်ပါဘူး ” လို့ ဆိုးရှားက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အိန်ဂျယ် ဂိုမက်စ်

ဂျင်မီမာဖီရဲ့ လူငယ်အကောင်းဆုံးဆုရခဲ့ဖူးတဲ့ အသက် ၁၉နှစ်အရွယ် ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ရာသီအနည်းငယ်ထဲက အသင်းကြီးမှာ ပါဝင်ဖူးခဲ့တာဖြစ်ပြီး အခုဆို စာချုပ်နောက်ဆူံးနှစ်တောင် ရောက်နေပါပြီ၊ ဒီရာသီ ယူရိုပါလိဂ် နှစ်ပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ငါးပွဲမှာ အရန်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ အသက်၆နှစ်ထဲက ယူနိုက်တက်ကို ရောက်ရှိခဲ့တဲ့သူလဲ ဖြစ်ပါတယ်။

တာဟစ်ချောင်

၂၀၁၈ နွေရာသီ အမေရိကန် ရာသီကြိုခရီးမှာ မော်ရင်ညိုရဲ့ အသင်းကြီးအတွင် ခေါ်ယူခြင်းခံခဲ့ရသူပါ။ ၂၀၁၆ ဇူလိုင်မှာ ရောက်ရှိခဲ့ပြီး နှစ်နှစ်အကြာမှာ ဂျင်မီမာဖီဆုကို ရခဲ့တဲ့ ဖီယွန်နော့ကစားသမားဟောင်းဟာ ပထမအသင်းအတွက် ဒီရာသီ ၂ပွဲ ပွဲထွက်ခဲ့ပြီး ၆ပွဲမှာ အရန်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဂျိမ်းစ်ဂါနာ

အသက် ၁၈နှစ်အရွယ် ကွင်းလယ်လူဟာ ယူ-၈ အသင်းကို နောက်ခံလူအနေနဲ့ ရောက်ရှိခဲ့ပြီး ဗဟိုကွင်းလယ်နေရာကို ပြောင်းလဲခဲ့တာပါ။ မနှစ်က နွေရာသီ ရာသီကြိုမှာ ပက်ဂလိုရီနဲ့ပွဲအတွင်း အသင်းကြီးအတွက် ပထမဆူံးဂိုးသွင်းခဲ့ပါတယ်။ ၂၀၁၅ ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန် ယူ၁၇အသင်းမှာလဲ အသင်းခေါင်းဆောင် ဖြစ်ခဲ့တာပါ။ အိုးလ်ထရက်ဖို့ဒ်နဲ့လဲ ၂၀၂၂အထိ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

မေဆန်ဂရင်းဝုဒ်

အသက်၁၈နှစ်အရွယ် တိုက်စစ်မှူးဟာ ရက်ရှ်ဖို့ဒ်နဲ့မာရှယ်တို့ရဲ့ အရန်အနေနဲ့ ဒီရာသီမှာ ၁၃ပွဲ လူစားဝင် ကစားခဲ့ပြီး ၅ပွဲ ပွဲထွက်ခဲ့ပါတယ်။ ပီအက်စ်ဂျီကို အနိူင်ရခဲ့တဲ့ပွဲမှာ ချန်ပီယံလိဂ် စီနီယာပွဲဦးထွက်ရခဲ့ပြီး ဒီရာသီ အသင်းကြီးအတွက် ၄ဂိုးရရှိခဲ့ပါတယ်။ အက်စ်တာနာနဲ့ပွဲမှာ ယူနိုက်တက်အတွက် အငယ်ဆုံး ဥရောပဂိုးသွင်းယူတဲ့သူဖြစ်ခဲ့ပါတယ်။

လီဂရန့်

အသက် ၃၆နှစ်အရွယ် ဂိုးသမားဟာ ၂၀၁၈မှာ ရောက်လာပြီးနောက်ပိုင်း ကလပ်အတွက် ဒုတိယမြောက် ပွဲကစားခွင့်ရလိမ့်မယ်လို့ ဆိုးရှားက အတည်ပြုခဲ့ပါတယ်။

“လီးဂရန့်က ပရော်ဖက်ရှင်နယ် အဆန်ဆုံးကစားသမားပါ၊ ဆာဂျီယို ရိုမီရို၊ ဒီဂီယာတို့က သူ့ရှေ့မှာရှိနေတာနဲ့အတူ သူ့အနေနဲ့ သူတို့ကို စိန်ခေါ်ရမယ်ဆိုတာ သိပါတယ်၊ သူ့ရဲ့ပထမဆုံး ပွဲထွက်ခွင့် ပေးရတာ သိပ်ကောင်းပါတယ်၊ သူ့အတွက် မျှော်လင့်ထားပါတယ်” လို့ ဆိုးရှားက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ရႈံးထြက္အဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီးျဖစ္တာနဲ႔အတူ ဆိုးရွားဟာ အက္စ္တာနာနဲ႔ပြဲမွာ လူငယ္ကစားသမားမ်ားစြာကို အသုံးျပဳဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ လီဂရန္႔၊ တူရန္ဇီဘီ၊ လုခ္ေရွာ၊ လင္ဂတ္ စတဲ့ စီနီယာကစားသမားေလးေယာက္ထဲသာ ဖိအားကင္းကင္းနဲ႔ကစားႏိုင္တဲ့ ပြဲအတြက္ ကာဇက္စတန္ကို လိုက္ပါခဲ့ၾကတာျဖစ္ပါတယ္။

အသင္းႀကီးနည္းျပေတြျဖစ္တဲ့ မိုက္ကယ္ကာရစ္နဲ႔ မက္ကင္နာတို႔က မန္ခ်က္စတာမွာ ေနခဲ့ၾကတာနဲ႔အတူ နစ္ကီဘတ္က လူငယ္ကစားသမားေတြကို အေလ့အက်င့္ရေအာင္ကူညီေပးဖို႔ ဒီခရီးမွာ လိုက္ပါခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕လူစာရင္းမွာ အသက္ ၂၀ေတာင္မျပည့္ေသးတဲ့ လူငယ္ကစားသမား ၁၄ ေယာက္ ပါဝင္ေပမယ့္ ဆိုးရွားက လူငယ္အသင္းကို ေ႐ြးခ်ယ္ရတဲ့အေၾကာင္းကို ေျပာျပခဲ့ပါတယ္။

“ က်ေနာ္တို႔ရဲ႕ လူငယ္ကစားသမားေတြ ဒီလိုဥေရာပပြဲမွာ ကစားရင္း သင္ယူေလ့လာရတာက သူတို႔အတြက္ ေကာင္းမြန္တဲ့ စတင္မႈျဖစ္မွာပါ၊ ကာရာေဘာင္းဖလားလဲ ရွိေပမယ့္ သူတို႔အားလုံးကို အတူတကြျမင္ရတာက က်ေနာ့္အတြက္ ႀကီးမားတဲ့ အခြင့္အေရးျဖစ္ပါတယ္။ ဒါကသူတို႔အတြက္ စိန္ေခၚမႈျဖစ္ၿပီး ပြဲေကာင္းတစ္ပြဲျဖစ္ပါလိမ့္မယ္။ ေကာင္ေလးေတြကို လုံေလာက္တဲ့ ပေရာ္ဖက္ရွင္နယ္ပြဲေတြ အခြင့္အေရးေပးဖို႔က မလြယ္ပါဘူး ” လို႔ ဆိုးရွားက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အိန္ဂ်ယ္ ဂိုမက္စ္

ဂ်င္မီမာဖီရဲ႕ လူငယ္အေကာင္းဆုံးဆုရခဲ့ဖူးတဲ့ အသက္ ၁၉ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ ရာသီအနည္းငယ္ထဲက အသင္းႀကီးမွာ ပါဝင္ဖူးခဲ့တာျဖစ္ၿပီး အခုဆို စာခ်ဳပ္ေနာက္ဆူံးႏွစ္ေတာင္ ေရာက္ေနပါၿပီ၊ ဒီရာသီ ယူ႐ိုပါလိဂ္ ႏွစ္ပြဲမွာ ပြဲထြက္ကစားခဲ့ၿပီး ငါးပြဲမွာ အရန္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ အသက္၆ႏွစ္ထဲက ယူႏိုက္တက္ကို ေရာက္ရွိခဲ့တဲ့သူလဲ ျဖစ္ပါတယ္။

တာဟစ္ေခ်ာင္

၂၀၁၈ ေႏြရာသီ အေမရိကန္ ရာသီႀကိဳခရီးမွာ ေမာ္ရင္ညိဳရဲ႕ အသင္းႀကီးအတြင္ ​ေခၚယူျခင္းခံခဲ့ရသူပါ။ ၂၀၁၆ ဇူလိုင္မွာ ေရာက္ရွိခဲ့ၿပီး ႏွစ္ႏွစ္အၾကာမွာ ဂ်င္မီမာဖီဆုကို ရခဲ့တဲ့ ဖီယြန္ေနာ့ကစားသမားေဟာင္းဟာ ပထမအသင္းအတြက္ ဒီရာသီ ၂ပြဲ ပြဲထြက္ခဲ့ၿပီး ၆ပြဲမွာ အရန္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။

ဂ်ိမ္းစ္ဂါနာ

အသက္ ၁၈ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ယူ-၈ အသင္းကို ေနာက္ခံလူအေနနဲ႔ ေရာက္ရွိခဲ့ၿပီး ဗဟိုကြင္းလယ္ေနရာကို ေျပာင္းလဲခဲ့တာပါ။ မႏွစ္က ေႏြရာသီ ရာသီႀကိဳမွာ ပက္ဂလိုရီနဲ႔ပြဲအတြင္း အသင္းႀကီးအတြက္ ပထမဆူံးဂိုးသြင္းခဲ့ပါတယ္။ ၂၀၁၅ ဥေရာပခ်န္ပီယံျဖစ္ခဲ့တဲ့ အဂၤလန္ ယူ၁၇အသင္းမွာလဲ အသင္းေခါင္းေဆာင္ ျဖစ္ခဲ့တာပါ။ အိုးလ္ထရက္ဖို႔ဒ္နဲ႔လဲ ၂၀၂၂အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ေမဆန္ဂရင္းဝုဒ္

အသက္၁၈ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ရက္ရွ္ဖို႔ဒ္နဲ႔မာရွယ္တို႔ရဲ႕ အရန္အေနနဲ႔ ဒီရာသီမွာ ၁၃ပြဲ လူစားဝင္ ကစားခဲ့ၿပီး ၅ပြဲ ပြဲထြက္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီကို အႏိူင္ရခဲ့တဲ့ပြဲမွာ ခ်န္ပီယံလိဂ္ စီနီယာပြဲဦးထြက္ရခဲ့ၿပီး ဒီရာသီ အသင္းႀကီးအတြက္ ၄ဂိုးရရွိခဲ့ပါတယ္။ အက္စ္တာနာနဲ႔ပြဲမွာ ယူႏိုက္တက္အတြက္ အငယ္ဆုံး ဥေရာပဂိုးသြင္းယူတဲ့သူျဖစ္ခဲ့ပါတယ္။

လီဂရန္႔

အသက္ ၃၆ႏွစ္အ႐ြယ္ ဂိုးသမားဟာ ၂၀၁၈မွာ ေရာက္လာၿပီး​ေနာက္ပိုင္း ကလပ္အတြက္ ဒုတိယေျမာက္ ပြဲကစားခြင့္ရလိမ့္မယ္လို႔ ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။

“လီးဂရန္႔က ပေရာ္ဖက္ရွင္နယ္ အဆန္ဆံုးကစားသမားပါ၊ ဆာဂ်ီယို ႐ိုမီ႐ို၊ ဒီဂီယာတို႔က သူ႔ေရွ႕မွာရွိေနတာနဲ႔အတူ သူ႔အေနနဲ႔ သူတို႔ကို စိန္ေခၚရမယ္ဆိုတာ သိပါတယ္၊ သူ႔ရဲ႕ပထမဆုံး ပြဲထြက္ခြင့္ ေပးရတာ သိပ္ေကာင္းပါတယ္၊ သူ႔အတြက္ ေမွ်ာ္လင့္ထားပါတယ္” လို႔ ဆိုးရွားက ေျပာဆိုခဲ့တာျဖစ္ပါတယ္။