ဗလင်စီယာနဲ့ ချန်ပီယံလိဂ် ပွဲမှာ ကွင်းလယ်ကစားသမား ကိုဗာဆစ်က ချယ်ဆီး ကစားသမားဘ၀ ၎င်းရဲ့ ပထမဆုံး သွင်းဂိုးကို အသင်းအတွက် အရေးပါစွာ သွင်းယူပေးခဲ့ပါတယ်။ ဒါဟာ ကိုဗာဆစ်ရဲ့ လမ်းပတ်အသင်းမှာ တောက်ပလာမှုကို ပိုမို မြင်သာစေခဲ့ပါတယ်။ လမ်းပတ်က ဒီရာသီ ချယ်ဆီးအသင်းရဲ့ မီးပြတိုက် ဆိုရင် ခရိုအေးရှားသား ကွင်းလယ်ကစားသမားက အသစ်တဖန် ပြန်မွေးဖွားလာသူ လို့ ဆိုရမှာ ဖြစ်ပါတယ်။

ကိုဗာဆစ်ရဲ့ နည်းစနစ်ကျေညက်မှုက အထူးချွန်ဆုံး ဖြစ်လာခဲ့ပြီး ပြီးခဲ့တရာသီက ၅၁ ပွဲ ကစားရာမှာ ၂ ကြိမ်သာ ဂိုးထောက်ပံ့မှု ပြုလုပ်ခဲ့ပေမယ့် ဒီရာသီ အသင်းအတွက် လွှမ်းမိုးမှု ကြီးသူ ဖြစ်လာခဲ့ပါတယ်။ ပွဲကြီးတွေမှာလည်း ၎င်းက သိသာစွာ အစွမ်းပြနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမားဟောင်းဟာ ဇန်နဝါရီ ၂၀၁၇ နောက်ပိုင်း ဂိုးမသွင်းယူနိုင်ခဲ့ဘဲ အခုမှသာ သွင်းဂိုး ပြန်တွေ့တာကြောင့် အလွန် ပျော်ရွှင်နေခဲ့ပါတယ်။ လမ်းပတ်ရဲ့ အသင်းဟာ အိမ်ရှင်အသင်းကို ဦးဆောင်ဂိုး ပေးလိုက်ရတာကြောင့် စိုးရိမ်စိတ် ဝင်ခဲ့ပေမယ့် ချက်ချင်းဆိုသလို ကိုဗာဆစ်က ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

ကိုဗာဆစ်ရဲ့ အစွမ်းပြမှုက အသင်းဖော် အင်္ဂလန်သား ကွင်းလယ်ကစားသမား ရော့စ် ဘာကလေအတွက်လည်း စိုးရိမ်စရာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက နည်းပြ ဆာရီဟာ ကိုဗာဆစ်နဲ့ ဘာကလေကို တလှည့်စီ လူစားလဲ သုံးစွဲခဲ့ပြီး ဒီရာသီမှာတော့ ဘာကလေက ဒဏ်ရာကြောင့် ရုန်းကန်နေရပါတယ်။

ကိုဗာဆစ်က အစွမ်းပြနေချိန်မှာ ဘာကလေကတော့ ဒဏ်ရာကြောင့် မကစားနိုင်သေးချိန်မှာ ဒူဘိုင်း နိုက်ကလပ်က ပုံရိပ်များ ထွက်ပေါ်ထားတာ ဖြစ်လို့ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေပြီလို့ ဒေးလီးမေးလ်က သုံးသပ်ထားပါတယ်။

ဘာကလေ နည်းတူ အကြပ်ရိုက်လာမှကြ မေဆန်မောင့် ဖြစ်ပြီး ၎င်းက ကန်တေ ပြန်ကစားနိုင်ပြီး ကိုဗာဆစ်လည်း အစွမ်းပြလာတာကြောင့် ကွင်းလယ်မှာ ပုံမှန် ပါဝင်ခွင့် ရဖို့ ခြေစွမ်းတည်ငြိမ်စွာနဲ့ ထူးချွန်မှုတွေ ပြသဖို့ လိုအပ်နေပါတယ်။ ဂျော်ဂျင်ဟိုနဲ့ ကန်တေတို့က ချယ်ဆီး ပွဲထွက်မှာ ဦးစားပေး နေရာယူတာကြောင့် လမ်းပတ်က ကျန် ကွင်းလယ်တစ်နေရာမှာ ကိုဗာဆစ်၊ ဘာကလေ၊ မောင့်တို့ကို တပြိုင်နက် သုံးနိုင်မှာ မဟုတ်ပါဘူး။

အသင်းအတွက် ကစားသမားကောင်းသစ် တစ်ဦး အဖြစ် ပြန်လည် မွေးဖွားလာတဲ့ ကိုဗာဆစ်နဲ့ ချယ်ဆီးကွင်းလယ်ကို လမ်းပတ် တစ်ယောက် ဘယ်လို နေရာချပေးဦးမလဲက စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

Zawgyi

ဗလင္စီယာနဲ႕ ခ်န္ပီယံလိဂ္ ပြဲမွာ ကြင္းလယ္ကစားသမား ကုိဗာဆစ္က ခ်ယ္ဆီး ကစားသမားဘ၀ ၄င္းရဲဲ႕ ပထမဆံုး သြငး္ဂိုးကို အသင္းအတြက္ အေရးပါစြာ သြင္းယူေပးခဲ့ပါတယ္။ ဒါဟာ ကိုဗာဆစ္ရဲ႕ လမ္းပတ္အသင္းမွာ ေတာက္ပလာမႈကို ပိုမို ျမင္သာေစခဲ့ပါတယ္။ လမ္းပတ္က ဒီရာသီ ခ်ယ္ဆီးအသင္းရဲ႕ မီးျပတိုက္ ဆိုရင္ ခရိုေအးရွားသား ကြင္းလယ္ကစားသမားက အသစ္တဖန္ ျပန္ေမြးဖြားလာသူ လို႕ ဆိုရမွာ ျဖစ္ပါတယ္။

ကိုဗာဆစ္ရဲ႕ နည္းစနစ္ေက်ညက္မႈက အထူးခၽြန္ဆံုး ျဖစ္လာခဲ့ျပီး ျပီးခဲ့တရာသီက ၅၁ ပြဲ ကစားရာမွာ ၂ ၾကိမ္သာ ဂိုးေထာက္ပံ့မႈ ျပဳလုပ္ခဲ့ေပမယ့္ ဒီရာသီ အသင္းအတြက္ လႊမ္းမိုးမႈ ၾကီးသူ ျဖစ္လာခဲ့ပါတယ္။ ပြဲၾကီးေတြမွာလည္း ၄င္းက သိသာစြာ အစြမ္းျပေနပါတယ္။

ရီးရဲလ္မက္ဒရစ္ ကြင္းလယ္ကစားသမားေဟာင္းဟာ ဇန္န၀ါရီ ၂၀၁၇ ေနာက္ပိုင္း ဂိုးမသြငး္ယူနိုင္ခဲ့ဘဲ အခုမွသာ သြင္းဂိုး ျပန္ေတြ႔တာေၾကာင့္ အလြန္ ေပ်ာ္ရႊင္ေနခဲ့ပါတယ္။ လမ္းပတ္ရဲ႕ အသင္းဟာ အိမ္ရွင္အသင္းကို ဦးေဆာင္ဂိုး ေပးလိုက္ရတာေၾကာင့္ စိုးရိမ္စိတ္ ၀င္ခဲ့ေပမယ့္ ခ်က္ခ်င္းဆိုသလို ကိုဗာဆစ္က ေခ်ပဂိုး ျပန္လည္ သြင္းယူေပးခဲ့ပါတယ္။

ကိုဗာဆစ္ရဲ႕ အစြမ္းျပမႈက အသင္းေဖာ္ အဂၤလန္သား ကြင္းလယ္ကစားသမား ေရာ့စ္ ဘာကေလအတြက္လည္း စိုးရိမ္စရာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ရာသီက နည္းျပ ဆာရီဟာ ကိုဗာဆစ္နဲ႕ ဘာကေလကို တလွည့္စီ လူစားလဲ သံုးစြဲခဲ့ျပီး ဒီရာသီမွာေတာ့ ဘာကေလက ဒဏ္ရာေၾကာင့္ ရုန္းကန္ေနရပါတယ္။

ကိုဗာဆစ္က အစြမ္းျပေနခ်ိန္မွာ ဘာကေလကေတာ့ ဒဏ္ရာေၾကာင့္ မကစားနုိင္ေသးခ်ိန္မွာ ဒူဘိုင္း နိုက္ကလပ္က ပံုရိပ္မ်ား ထြက္ေပၚထားတာ ျဖစ္လို႔ ကိုယ့္ေသတြင္း ကိုယ္တူးသလို ျဖစ္ေနျပီလို႔ ေဒးလီးေမးလ္က သံုးသပ္ထားပါတယ္။

ဘာကေလ နည္းတူ အၾကပ္ရိုက္လာမွၾက ေမဆန္ေမာင့္ ျဖစ္ျပီး ၄င္းက ကန္ေတ ျပန္ကစားနိုင္ျပီး ကိုဗာဆစ္လည္း အစြမ္းျပလာတာေၾကာင့္ ကြင္းလယ္မွာ ပံုမွန္ ပါ၀င္ခြင့္ ရဖို႔ ေျခစြမ္းတည္ျငိမ္စြာနဲ႕ ထူးခၽြန္မႈေတြ ျပသဖို႔ လိုအပ္ေနပါတယ္။ ေဂ်ာ္ဂ်င္ဟိုနဲ႕ ကန္ေတတို႔က ခ်ယ္ဆီး ပြဲထြက္မွာ ဦးစားေပး ေနရာယူတာေၾကာင့္ လမ္းပတ္က က်န္ ကြင္းလယ္တစ္ေနရာမွာ ကိုဗာဆစ္၊ ဘာကေလ၊ ေမာင့္တို႔ကို တျပိဳင္နက္ သံုးနိုင္မွာ မဟုတ္ပါဘူး။

အသင္းအတြက္ ကစားသမားေကာင္းသစ္ တစ္ဦး အျဖစ္ ျပန္လည္ ေမြးဖြားလာတဲ့ ကိုဗာဆစ္နဲ႕ ခ်ယ္ဆီးကြင္းလယ္ကို လမ္းပတ္ တစ္ေယာက္ ဘယ္လို ေနရာခ်ေပးဦးမလဲက စိတ္၀င္စားစရာ ျဖစ္ပါတယ္။