အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက ယူရိုပါလိဂ်ပွဲမှာ အသင်းခေါင်းဆောင်ဟောင်း ရှာခါကို ပြန်လည် နေရာပေးနိုင်ကြောင်း ထုတ်ပြောမှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို ဦးတည်ဖို့ အတူကြိုးစားရအောင်ပါဆိုပြီး အသင်းပရိသတ်တွေကို တိုက်တွန်းသွားပါတယ်။

အမ်မရီဟာ အာဆင်နယ်မန်နေဂျာ ရာထူးကနေ ထုတ်ပယ်ခံရမယ်လို့ သတင်းကြီးနေပေမယ့် သူကတော့ မှန်ကန်တဲ့ လမ်းကြောင်းကို ပြန်ရောက်ဖို့ အသင်းပရိသတ်တွေနဲ့အတူ ကြိုးစားနိုင်မယ်လို့ ယုံကြည်ထားတာပါ။ ဒီအတွက်လည်း အိမ်ကွင်းမှာ ရှာခါကို အားပေးမှုနဲ့အတူ ပြန်လည် စတင်ဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

အူနိုင်းအမ်မရီက ပြောရာမှာ ” ပရိသတ်တွေ ဒေါသထွက်ပြီး စိတ်ပျက်ခဲ့ရတယ်။ ကျနော်တို့ကောပါပဲ။ ဒါကို မှန်ကန်အောင် ပြင်ဆင်ဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးရှိတယ်လို့ ကျနော်ထင်တယ်။ အမ်းမရိတ်က ပွဲတိုင်းက ဒါအတွက် အရေးကြီးပါတယ်၊ ပရိသတ်တွေက နောက်ကနေ အားပေးနေတယ်ဆိုတာ ကစားသမားတွေ ခံစားမိဖို့ လိုပါတယ်။

ရှာခါက အသင်းလူစာရင်းမှာ ရှိနေပြီး သူက ဒီညပွဲမှာ ပါဝင်နိုင်ပါတယ်။ ပရိသတ်တွေက သူ့ကို အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ ရှာခါ ပြန်ကစားနိုင်မှာက ကျနေ်ာတို့အတွက် အရေးပါပါတယ် ” ဆိုပြီးဖြစ်တယ်။

အမ်မရီနဲ့ ကစားသမားတွေကြားမှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီလို့ သတင်းတွေ ထွက်နေပေမယ့် အဆိုပါ ကိစ္စတွေကို အမ်မရီက ငြင်းဆန်ပါတယ်။ မန်နေဂျာကတော့ အသင်းတိုက်စစ်မှူး လာကာဇက်တီ အပါအဝင် ကစားသမားတွေက သူ့ကို ဆက်လက် အားပေးနေကြတယ်လို့ ပြောပါတယ်။

” ဟုတ်ပါတယ် သူတို့တွေက ထောက်ခံမှုတွေ ရှိပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကျနော်ရဲ့ လမ်းကြောင်းတွေက ခက်ခဲခဲ့တာပါပဲ။ အရမ်းကောင်းတဲ့ အလုပ်ဖြစ်ပေမယ့် အရမ်းလည်း ခက်ခဲပါတယ်။ အနိုင်ရချိန်မှာတော့ နေရာတိုင်းက အားပေးနေကြတယ်လို့ ခံစားရတယ်။ အသင်းသားတွေကို ယုံပါတယ်။ စွမ်းဆောင်ရည်ကောင်းတွေ ပြန်ရလာဖို့ ကျနော် အရမ်း ကြိုးစားရမယ်ဆိုတာ နားလည်ထားပါတယ်။

ဆက်ပြီး ယှဉ်ပြိုင်ဖို့ အာရုံစိုက်နေတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့်ကော ဆိုးရွားတဲ့ အခိုက်အတန်မှာပါ အလုပ်ကို အကောင်းဆုံး လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ ကျနေ်ာတို့ရဲ့ ယုံကြည်မှုက ကွင်းထဲက ပရိသတ်တွေ ကျနေ်ာတို့ကို အားပေးတဲ့အပေါ် မူတည်ပါတယ်။ အသင်းတွေက ကျနေ်ာတို့ကို အကြောင်းတရားကင်းစွာနဲ့ ယှဉ်ပြိုင်ဖို့ ရောက်လာနေကြတယ်။ ကျနော်တို့ အတူတကွနဲ့ သန်မာဖို့ လိုပါတယ်။ ကျနေ်ာတို့ရဲ့ အားပေးသူတွေနဲ့အတူ အသင်းရဲ့ အရည်အချင်းတွေ လုပ်နိုင်စွမ်းတွေ ပြသနိုင်ဖို့ လိုပါတယ်။ ” လို့ အမ်မရီက ဆိုသွားခဲ့ပါတယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာ အူႏုိင္းအမ္မရီက ယူရိုပါလိဂ္ပြဲမွာ အသင္းေခါင္းေဆာင္ေဟာင္း ရွာခါကို ျပန္လည္ ေနရာေပးႏုိင္ေၾကာင္း ထုတ္ေျပာမႈနဲ႔အတူ စြမ္းေဆာင္ရည္ေကာင္းေတြကို ဦးတည္ဖို႔ အတူၾကိဳးစားရေအာင္ပါဆိုျပီး အသင္းပရိသတ္ေတြကို တိုက္တြန္းသြားပါတယ္။

အမ္မရီဟာ အာဆင္နယ္မန္ေနဂ်ာ ရာထူးကေန ထုတ္ပယ္ခံရမယ္လို႔ သတင္းၾကီးေနေပမယ့္ သူကေတာ့ မွန္ကန္တဲ့ လမ္းေၾကာင္းကို ျပန္ေရာက္ဖို႔ အသင္းပရိသတ္ေတြနဲ႔အတူ ၾကိဳးစားနုိင္မယ္လို႔ ယံုၾကည္ထားတာပါ။ ဒီအတြက္လည္း အိမ္ကြင္းမွာ ရွာခါကို အားေပးမႈနဲ႔အတူ ျပန္လည္ စတင္ဖို႔ တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

အူႏုိင္းအမ္မရီက ေျပာရာမွာ ” ပရိသတ္ေတြ ေဒါသထြက္ျပီး စိတ္ပ်က္ခဲ့ရတယ္။ က်ေနာ္တုိ႔ေကာပါပဲ။ ဒါကို မွန္ကန္ေအာင္ ျပင္ဆင္ဖို႔ အရမ္းေကာင္းတဲ့ အခြင့္အေရးရွိတယ္လို႔ က်ေနာ္ထင္တယ္။ အမ္းမရိတ္က ပြဲတိုင္းက ဒါအတြက္ အေရးၾကီးပါတယ္၊ ပရိသတ္ေတြက ေနာက္ကေန အားေပးေနတယ္ဆိုတာ ကစားသမားေတြ ခံစားမိဖို႔ လိုပါတယ္။

ရွာခါက အသင္းလူစာရင္းမွာ ရွိေနျပီး သူက ဒီညပြဲမွာ ပါဝင္ႏုိင္ပါတယ္။ ပရိသတ္ေတြက သူ႔ကို အားေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ရွာခါ ျပန္ကစားႏုိင္မွာက က်ေန္ာတို႔အတြက္ အေရးပါပါတယ္ ” ဆိုျပီးျဖစ္တယ္။

အမ္မရီနဲ႔ ကစားသမားေတြၾကားမွာ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေနျပီလို႔ သတင္းေတြ ထြက္ေနေပမယ့္ အဆိုပါ ကိစၥေတြကို အမ္မရီက ျငင္းဆန္ပါတယ္။ မန္ေနဂ်ာကေတာ့ အသင္းတိုက္စစ္မွဴး လာကာဇက္တီ အပါအဝင္ ကစားသမားေတြက သူ႔ကို ဆက္လက္ အားေပးေနၾကတယ္လို႔ ေျပာပါတယ္။

” ဟုတ္ပါတယ္ သူတို႔ေတြက ေထာက္ခံမႈေတြ ရွိပါတယ္။ မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ က်ေနာ္ရဲ႕ လမ္းေၾကာင္းေတြက ခက္ခဲခဲ့တာပါပဲ။ အရမ္းေကာင္းတဲ့ အလုပ္ျဖစ္ေပမယ့္ အရမ္းလည္း ခက္ခဲပါတယ္။ အႏုိုင္ရခ်ိန္မွာေတာ့ ေနရာတိုင္းက အားေပးေနၾကတယ္လုိ႔ ခံစားရတယ္။ အသင္းသားေတြကို ယံုပါတယ္။ စြမ္းေဆာင္ရည္ေကာင္းေတြ ျပန္ရလာဖို႔ က်ေနာ္ အရမ္း ၾကိဳးစားရမယ္ဆိုတာ နားလည္ထားပါတယ္။

ဆက္ျပီး ယွဥ္ျပိဳင္ဖို႔ အာရံုစိုက္ေနတယ္။ ေကာင္းမြန္တဲ့ အခိုက္အတန္႔ေကာ ဆိုးရြားတဲ့ အခိုက္အတန္မွာပါ အလုပ္ကို အေကာင္းဆံုး လုပ္ႏုိင္ဖို႔က အေရးၾကီးပါတယ္။ က်ေန္ာတို႔ရဲ႕ ယံုၾကည္မႈက ကြင္းထဲက ပရိသတ္ေတြ က်ေန္ာတုိ႔ကို အားေပးတဲ့အေပၚ မူတည္ပါတယ္။ အသင္းေတြက က်ေန္ာတို႔ကို အေၾကာင္းတရားကင္းစြာနဲ႔ ယွဥ္ျပိဳ္င္ဖို႔ ေရာက္လာေနၾကတယ္။ က်ေနာ္တို႔ အတူတကြနဲ႔ သန္မာဖို႔ လိုပါတယ္။ က်ေန္ာတို႔ရဲ႕ အားေပးသူေတြနဲ႔အတူ အသင္းရဲ႕ အရည္အခ်င္းေတြ လုပ္ႏုိင္စြမ္းေတြ ျပသႏုိင္ဖို႔ လိုပါတယ္။ ” လို႔ အမ္မရီက ဆိုသြားခဲ့ပါတယ္။