လူသိများတဲ့ Beauty Blogger နေခြည်ဦးက နောက်နှစ်ထဲမှာ ရင်သား ခွဲစိတ်ပြုပြင်မှုလုပ်ဖို့ စတင်စီစဉ်နေပြီ ဖြစ်ကြောင်း Akhayar နဲ့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။

နေခြည်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတင် ကို၇ီးယားနိုင်ငံ ဆိုးလ်မြို့သို့ သွားရောက်ပြီး မျက်နှာကို ပထမဦးဆုံး ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခဲ့ပြီးပါပြီ။ ထိုစဉ်ကတော့ နှာခေါင်းနဲ့ မျက်ရစ်တို့ကို ခွဲစိတ် ပြုပြင်ခဲ့တာပါ။ ခွဲစိတ်ပြီးနောက်ပိုင်း ပြောင်းလဲသွားမှုကို သဘောကျ ကျေနပ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုရှိလာကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

နောက်ထပ် ခြေလှမ်းသစ်အနေနဲ့ သေးနေလို့ သူမ စိတ်တိုင်းမကျ ဖြစ်နေရတဲ့ ရင်သားကို ပြုပြင်ဖို့ စီစဉ်တာပါ။ ထိုခံစားချက်မျိုးကို မိန်းကလေးတွေတော့ သဘောပေါက်မှာ ဖြစ်ပြီး ဘယ်လိုမှ အဆင်မပြေဘူးလို့ သူမက ဆိုပါတယ်။ Filter ထိုးတာအတွက် ယခင်က ဝေဖန်မှုတွေ များစွာခံခဲ့ရပြီး ပလပ်စတစ် ဆာဂျရီပိုင်းမှာတော့ လူတွေ ပိုလက်ခံလာကြကြောင်း နေခြည်ဦးက သူမ ကြုံတွေ့ခဲ့ရတဲ့အပေါ် သုံးသပ်ခဲ့ပါတယ်။

လူတစ်ယောက်အနေနဲ့ ကိုယ့်ခန္ဒာကိုယ်မှာ ကိုယ်မကြိုက်တဲ့ အစိတ်အပိုင်းရှိရင် ဒီဘ၀မှာ ကြိတ်မှိတ်မြိုသိပ်ထားစရာ မလိုဘဲ ပြုပြင်ပြောင်းလဲ နိုင်ကြောင်း သူမ အနေနဲ့ လူတွေကို အသိတစ်ခု ပေးနိုင်လိုက်တယ်လို့ ယူဆကြောင်းလည်း နေခြည်ဦးက ပြောပြခဲ့ပါတယ်။

သဘာဝ အလှတွေအပေါ် အမြင်နဲ့ ပြုပြင်ပြင်ဆင်တဲ့ အလှတွေအပေါ် အမြင် ဘယ်လိုတွေရှိလဲ ပရိသတ်တွေအနေနဲ့ ပြောပြပေးခဲ့ပါဦး။

Home Time Entertainment