ဒီအပတ်မှာတော့ လီဗာပူးဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားမှာ ရမှတ်ဖြတ်ထားမှုကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားရမှာဖြစ်တယ်။

လီဗာပူးအသင်းရဲ့ အဓိက ထိုးနှက်ခံရမှုကတော့ မာတစ် မကစားနိုင်တဲ့နောက် လိုဗရန်ကို အစားထိုးခြင်းကိစ္စ အဆင်ပြေလာချိန်မှာပဲ ကွင်းလယ်အထိုင်လူ ဖာဘင်ညိုကို လက်လွတ်ရဖို ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ နာပိုလီနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖာဘင်ညိုဟာ ၁၀ ပွဲလောက်ထိ လွဲချော်နိုင်တာဖြစ်ပြီး သူ့နေရာမှာ ဘယ်လို အပြောင်းအလဲလုပ်မလဲ စောင့်ကြည့်ရမှာပါ။ ဒီပွဲအတွက် စကိုင်းစပေါ့မှ ချာလီက

” ပွဲစဉ်ဇယားတွေကို ကြည့်လိုက်ရင် လီဗာပူးရဲ့ ကြပ်တည်းတဲ့ အနေအထားကိုပဲ ကျနော် ဆက်တိုက် မြင်မိနေတယ်။ ခရစ္စပဲလေ့စ်နဲ့ ပွဲမှာ သူတို့ ရုန်းကန်ခဲ့ရပြီး အခွင့်အရေးတချို့နဲ့ ကံကောင်းခဲ့တယ် ဆိုရမှာပါ။ အခု သူတို့က အလုပ်ကို ပြီးမြောက်အောင်တော့ လုပ်ပြနိုင်နေတယ်။ မိုဆာလက် အတွက် စမ်းသပ်မှုက ကြုံခဲ့ပြီ ဖြစ်ပြီး ရှေ့ဆက်လည်း စိန်ခေါ်မှုတွေ စောင့်နေဦးမှာပါ။ ဘရိုက်တန်နဲ့ ပွဲမှာ လီဗာပူး တိုက်စစ် သုံးယောက်တည်းက တစ်ယောက်တော့ နည်းနည်း အနားပေးမယ် ထင်ပါတယ်။ ”

” လူတွေကတော့ ထူးဆန်းတယ် ထင်လိမ့်မယ် ဒါပေမယ့် လီဗာပူးက ကလပ်အသင်း ကမ္ဘာ့ဖလားကိုလည်း ရယူချင်တယ်။ ပရီးမီးယားလိဂ်ကို ပိုမလိုချင်ဘူးလား မေးရင် လိုချင်တာပေါ့။ ဒါပေမယ့် ဒီပြိုင်ပွဲက ရှားရှားပါးပါး ဝင်ပြိုင်ခွင့်ရတာမျိုးပါ။ ဒါကြောင့် ဘယ်လောက် မြင့်မြင့်ရောက်နိုင် မလဲ ဆိုတာ ကြိုးစားကြည့်သင့်ပါတယ် အထူးသဖြင့် လီဗာပူးလို သမိုင်းကြောင်းကြီးတဲ့ ကလပ်အသင်း အနေနဲ့ပေါ့။ ”

” ဒီပွဲမှာလည်း စိတ်ကျေနပ်လောက်ဖွယ် ရလဒ်ကို ရအောင်ယူပြီး လီဗာပူးတို့ အလုပ် ပြီးမြောက်အောင် လုပ်ပါလိမ့်မယ်။ ဘရိုက်တန်ရဲ့ ဘယ်လို ပုံစံကို မြင်ရမလဲက စိတ်ဝင်စားစရာပါ။ လီဗာပူး လှုပ်ရှားချိန် မိနစ် ၆၀ လောက်တော့ ရမှာဖြစ်ပြီး ပြီးရင် ဧရိယာထဲကနေ ထိန်း ကစားသွားလို့ ရပါတယ်။ အရင်ပွဲတွေကလို ပွဲကို ပရော်ဖက်ရှင်နယ် ဘယ်လို အပြီးသတ်ရမလဲ သူတို့သိနေပါတယ်။ ” လို့ ချာလီက သုံးသပ်သွားပါတယ်။

လီဗာပူးနဲ့ ဘရိုက်တန်ပွဲအတွက် ချာလီရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-၀ ဘရိုက်တန် ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးဟာ ဘရိုက္တန္ကို အိမ္ကြင္းမွာ ဧည့္ခံယွဥ္ျပိဳင္ရမွာျဖစ္ျပီး အမွတ္ေပးဇယားမွာ ရမွတ္ျဖတ္ထားမႈကို ဆက္ထိန္းႏုိင္ဖို႔ ၾကိဳးစားရမွာျဖစ္တယ္။

လီဗာပူးအသင္းရဲ႕ အဓိက ထိုးႏွက္ခံရမႈကေတာ့ မာတစ္ မကစားႏုိင္တဲ့ေနာက္ လိုဗရန္ကို အစားထိုးျခင္းကိစၥ အဆင္ေျပလာခ်ိန္မွာပဲ ကြင္းလယ္အထိုင္လူ ဖာဘင္ညိဳကို လက္လြတ္ရဖို ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။ နာပိုလီနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဖာဘင္ညိဳဟာ ၁၀ ပြဲေလာက္ထိ လြဲေခ်ာ္ႏုိင္တာျဖစ္ျပီး သူ႔ေနရာမွာ ဘယ္လို အေျပာင္းအလဲလုပ္မလဲ ေစာင့္ၾကည့္ရမွာပါ။ ဒီပြဲအတြက္ စကိုင္းစေပါ့မွ ခ်ာလီက

” ပြဲစဥ္ဇယားေတြကို ၾကည့္လိုက္ရင္ လီဗာပူးရဲ႕ ၾကပ္တည္းတဲ့ အေနအထားကိုပဲ က်ေနာ္ ဆက္တိုက္ ျမင္မိေနတယ္။ ခရစၥပဲေလ့စ္နဲ႕ ပြဲမွာ သူတို႔ ရုန္းကန္ခဲ့ရျပီး အခြင့္အေရးတခ်ိဳ႕နဲ႕ ကံေကာငး္ခဲ့တယ္ ဆိုရမွာပါ။ အခု သူတို႔က အလုပ္ကို ျပီးေျမာက္ေအာင္ေတာ့ လုပ္ျပနိုင္ေနတယ္။ မိုဆာလက္ အတြက္ စမ္းသပ္မႈက ၾကံဳခဲ့ျပီ ျဖစ္ျပီး ေရွ႕ဆက္လည္း စိန္ေခၚမႈေတြ ေစာင့္ေနဦးမွာပါ။ ဘရိုက္တန္နဲ႕ ပြဲမွာ လီဗာပူး တိုက္စစ္ သံုးေယာက္တည္းက တစ္ေယာက္ေတာ့ နည္းနည္း အနားေပးမယ္ ထင္ပါတယ္။ ”

” လူေတြကေတာ့ ထူးဆန္းတယ္ ထင္လိမ့္မယ္ ဒါေပမယ့္ လီဗာပူးက ကလပ္အသင္း ကမၻာ့ဖလားကိုလည္း ရယူခ်င္တယ္။ ပရီးမီးယားလိဂ္ကို ပိုမလိုခ်င္ဘူးလား ေမးရင္ လိုခ်င္တာေပါ့။ ဒါေပမယ့္ ဒီျပိဳင္ပြဲက ရွားရွားပါးပါး ၀င္ျပိဳင္ခြင့္ရတာမ်ိဳးပါ။ ဒါေၾကာင့္ ဘယ္ေလာက္ ျမင့္ျမင့္ေရာက္နုိင္ မလဲ ဆိုတာ ၾကိဳးစားၾကည့္သင့္ပါတယ္ အထူးသျဖင့္ လီဗာပူးလို သမိုင္းေၾကာင္းၾကီးတဲ့ ကလပ္အသင္း အေနနဲ႕ေပါ့။ ”

” ဒီပြဲမွာလည္း စိတ္ေက်နပ္ေလာက္ဖြယ္ ရလဒ္ကို ရေအာင္ယူျပီး လီဗာပူးတို႔ အလုပ္ ျပီးေျမာက္ေအာင္ လုပ္ပါလိမ့္မယ္။ ဘရိုက္တန္ရဲ႕ ဘယ္လို ပံုစံကို ျမင္ရမလဲက စိတ္၀င္စားစရာပါ။ လီဗာပူး လႈပ္ရွားခ်ိန္ မိနစ္ ၆၀ ေလာက္ေတာ့ ရမွာျဖစ္ျပီး ျပီးရင္ ဧရိယာထဲကေန ထိန္း ကစားသြားလို႔ ရပါတယ္။ အရင္ပြဲေတြကလို ပြဲကို ပေရာ္ဖက္ရွင္နယ္ ဘယ္လို အျပီးသတ္ရမလဲ သူတို႔သိေနပါတယ္။ ” လို႔ ခ်ာလီက သံုးသပ္သြားပါတယ္။

လီဗာပူးနဲ႔ ဘရိုက္တန္ပြဲအတြက္ ခ်ာလီရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၃-၀ ဘရိုက္တန္ ျဖစ္ပါတယ္။