စပါးအသင်းမန်နေဂျာ မော်ရင်ညိုက လန်ဒန်ကလပ်ကို တာဝန်မယူခင် အာဆင်နယ်အသင်း တာဝန်ရှိသူတွေနဲ့ မန်နေဂျာအမ်မရီနေရာ ဝင်ရောက်ဖို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆန်ခဲ့ပြီး ဘယ်လို တွေ့ဆုံမှုမှ မရှိခဲ့ဘူးလို့ ဆိုသွားခဲ့ပါတယ်။

ချယ်ဆီးမန်နေဂျာဟောင်းဟာ ပိုချက်တီနိုနေရာ ဆက်ခံပြီး စပါးကို တာဝန်မယူခင်မှာ အာဆင်နယ်အသင်း တာဝန်ရှိသူတွေနဲ့ စကားပြောမှုတွေ လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်ကိုလည်း တာဝန်ယူခဲ့တဲ့ ချန်ပီယံလိဂ် ၂ ကြိမ်အနိုင်ရ မန်နေဂျာကြီးက မနှစ် ဒီဇင်ဘာနောက်ပိုင်း ကလပ်လက်မဲ့ဖြစ်နေခဲ့ပြီး ဒီလမှာပဲ စပါးကို တာဝန်ယူခဲ့တာဖြစ်တယ်။

စပါးနဲ့ အာဆင်နယ်တို့ဟာ မန်နေဂျာသစ်အတွက် မော်ရင်ညိုကို အပြိုင် ကမ်းလှမ်းလိုကြပြီး လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်ကို လက်ဦးမှုရဖို့ စပါးက ပိုချက်တီနိုကို လျော်ကြေးအများအပြားနဲ့ ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ ဖော်ပြမှုတွေ ရှိထားခဲ့တယ်။ မော်ရင်ညိုကတော့ ဆမ်လီဟီနဲ့ ဘယ်လို ဆွေးနွေးမှုမှ မရှိခဲ့ပါဘူးလို့ ပြောပါတယ်။

” အာဆင်နယ်မန်နေဂျာရာထူးအတွက် ဆမ်လီဟီးနဲ့ ဆွေးနွေးမှု မရှိခဲ့ပါဘူး။ ကျနော်က ဘယ်တော့မှ ငြင်းတန်တဲ့သူ မဟုတ်ပါဘူး။ မန်နေဂျာတာဝန်အတွက် ကမ်းလှမ်းမှုတွေကို ကျနော် ဘယ်တော့မှ မငြင်းပါဘူး။ ဒါပေမယ့် မစ္စတာဆမ်လီဟီနဲ့ တွေ့ဆုံ စကားပြောဆိုခဲ့တယ်လို့ ကျနော် ဖတ်ရတာတွေက မမှန်ပါဘူး ” လို့ မော်ရင်ညိုက ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်နေဂျာသစ်အတွက် ခန့်အပ်ဖို့မှာ အလားအလာရှိတဲ့ မန်နေဂျာတွေထဲ ပိုချက်တီနိုလည်း ပါဝင်လာတယ်။ ဒီကိစ္စ ဖြစ်လာခဲ့ရင် လန်ဒန်အနီးကပ် ဒါဘီပြိုင်ဘက်ရဲ့ မန်နေဂျာကို တိုက်ရိုက် ခေါ်ယူမှု ဖြစ်လာနိုင်ပြီး အာဆင်နယ်ဘက်ကတော့ အယ်လီဂရီ၊ အန်ဆယ်လော့တီ၊ ဆန်တိုနဲ့ အာတီတာတို့ကို ကြိုးစားနေမှုလည်း ရှိနေတာဖြစ်ပါတယ်။

ZAWGYI

စပါးအသင္းမန္ေနဂ်ာ ေမာ္ရင္ညိဳက လန္ဒန္ကလပ္ကို တာဝန္မယူခင္ အာဆင္နယ္အသင္း တာဝန္ရွိသူေတြနဲ႔ မန္ေနဂ်ာအမ္မရီေနရာ ဝင္ေရာက္ဖို႔ ေဆြးေႏြးမႈေတြ ရွိခဲ့တယ္ဆိုတဲ့ သတင္းကို ျငင္းဆန္ခဲ့ျပီး ဘယ္လို ေတြ႔ဆံုမႈမွ မရွိခဲ့ဘူးလို႔ ဆိုသြားခဲ့ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာေဟာင္းဟာ ပိုခ်က္တီႏိုေနရာ ဆက္ခံျပီး စပါးကို တာဝန္မယူခင္မွာ အာဆင္နယ္အသင္း တာဝန္ရွိသူေတြနဲ႔ စကားေျပာမႈေတြ လုပ္ခ့ဲတယ္လို႔ သတင္းထြက္ခဲ့တာပါ။ ရီးရဲလ္မက္ဒရစ္နဲ႔ ယူႏုိက္တက္ကိုလည္း တာဝန္ယူခဲ့တဲ့ ခ်န္ပီယံလိဂ္ ၂ ၾကိမ္အႏုိင္ရ မန္ေနဂ်ာၾကီးက မႏွစ္ ဒီဇင္ဘာေနာက္ပိုင္း ကလပ္လက္မဲ့ျဖစ္ေနခဲ့ျပီး ဒီလမွာပဲ စပါးကို တာဝန္ယူခဲ့တာျဖစ္တယ္။

စပါးနဲ႔ အာဆင္နယ္တို႔ဟာ မန္ေနဂ်ာသစ္အတြက္ ေမာ္ရင္ညိဳကို အျပိဳင္ ကမ္းလွမ္းလိုၾကျပီး လန္ဒန္ဒါဘီျပိဳင္ဘက္ အာဆင္နယ္ကို လက္ဦးမႈရဖို႔ စပါးက ပိုခ်က္တီႏိုကို ေလ်ာ္ေၾကးအမ်ားအျပားနဲ႔ ရာထူးကေန ထုတ္ပယ္ခဲ့တယ္လို႔ ေဖာ္ျပမႈေတြ ရွိထားခဲ့တယ္။ ေမာ္ရင္ညိဳကေတာ့ ဆမ္လီဟီနဲ႔ ဘယ္လို ေဆြးေႏြးမႈမွ မရွိခဲ့ပါဘူးလို႔ ေျပာပါတယ္။

” အာဆင္နယ္မန္ေနဂ်ာရာထူးအတြက္ ဆမ္လီဟီးနဲ႔ ေဆြးေႏြးမႈ မရွိခဲ့ပါဘူး။ က်ေနာ္က ဘယ္ေတာ့မွ ျငင္းတန္တဲ့သူ မဟုတ္ပါဘူး။ မန္ေနဂ်ာတာဝန္အတြက္ ကမ္းလွမ္းမႈေတြကို က်ေနာ္ ဘယ္ေတာ့မွ မျငင္းပါဘူး။ ဒါေပမယ့္ မစၥတာဆမ္လီဟီနဲ႔ ေတြ႔ဆံု စကားေျပာဆိုခဲ့တယ္လို႔ က်ေနာ္ ဖတ္ရတာေတြက မမွန္ပါဘူး ” လို႔ ေမာ္ရင္ညိဳက ဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ မန္ေနဂ်ာသစ္အတြက္ ခန္႔အပ္ဖို႔မွာ အလားအလာရွိတဲ့ မန္ေနဂ်ာေတြထဲ ပိုခ်က္တီႏိုလည္း ပါဝင္လာတယ္။ ဒီကိစၥ ျဖစ္လာခဲ့ရင္ လန္ဒန္အနီးကပ္ ဒါဘီျပိဳင္ဘက္ရဲ႕ မန္ေနဂ်ာကို တိုက္ရိုက္ ေခၚယူမႈ ျဖစ္လာႏုိင္ျပီး အာဆင္နယ္ဘက္ကေတာ့ အယ္လီဂရီ၊ အန္ဆယ္ေလာ့တီ၊ ဆန္တိုနဲ႔ အာတီတာတို႔ကို ၾကိဳးစားေနမႈလည္း ရွိေနတာျဖစ္ပါတယ္။