” ပင်နယ်တီ အဆုံးအဖြတ်လို ကိစ္စတွေမှာ မီလ်နာက စက်တစ်ခုလို တည်ငြိမ်ပါတယ်။ မီလ်နာက ပင်နယ်တီတွေအတွက် လေ့ကျင့်ထားပြီး ဒီအနေအထားအတွက် အခြားသူတွေလည်း လေ့ကျင့်ထားကြတယ်။ ဆာလက်ကကလည်း ပင်နယ်တီတွေမှာ ပိုကောင်းသည်ထက် ပိုကောင်းလာနေပါတယ်။ ” လို့ ကလော့ပ်က မေနာနဲ့ ဆာလက်ရဲ့ပင်နယ်တီ ကိစ္စကို မှတ်ချက်ပြုခဲ့ပါတယ်။

ပီအက်ဖ်အေ အကောင်းဆုံး ဆုရ လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ၂၀၁၈-၁၉ ဘောလုံးရာသီ ဘလွန်းဒီအော ဆုပါ ရရှိနိုင်တယ်ဆိုတဲ့ ထင်ကြေးများအပေါ် ဗန်ဒိုက်က ယုတ္တိမရှိကြောင်း ငြင်းပယ်လိုက်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီနှစ်တွေအတွင်း ဥရောပမှာ အိမ်ကွင်းခံတပ်အဖြစ် နာမည်ကျော်တဲ့ ကက်တလန်အသင်းရဲ့ ကွင်းမှာ ကစားရဖို့ကို စိုးရိမ်ပူပန်နေခြင်း မရှိပါဘူးဆိုပြီး ထုတ်ပြောလာပါတယ်။

သတင်းများအရ လီဗာပူးအသင်းရဲ့ လာမယ့်နွေ ပစ်မှတ်ထဲမှာ ရီးရဲလ်ကွင်းလယ်ကစားသမား အဆန်စီယိုလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ မာဆေးဆိုဒ် အခြေစိုက်ကလပ်ဟာ ဇီဒန်းက ကစားသမားကို ထွက်ခွာခွင့် ပြုမလား အခြေအနေ စောင့်ကြည့်နေပါတယ်။

ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုက ပီအက်ဖ်အေ ကစားသမားဆုရ လီဗာပူးနဲ့ ဟော်လန် ခံစစ်မှူး ဗန်ဒိုက်ကို နေးရှင်းလိဂ် ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံဖို့ စိတ်အား ထက်သန်နေပြီး သူ့အရည်အချင်းများကို မှတ်ကျောက် အတင်ခံလိုနေပါတယ်။

လီဗာပူးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒိုင်လူကြီး Björn Kuipers တာဝန်ယူမယ်လို့ ယူအီးအက်ဖ်အေက ကြေငြာလိုက်ပြီးနောက် ဘာစီလိုနာ အသင်းဘက်က စောဒကတက်မှုတွေ ရှိနေပါတယ်။ ဒိုင်လူကြီး Kuipers က ၀ီစီကို လွယ်လွယ်မှုတ်လေ့ ရှိသူ မဟုတ်ဘဲ တော်ရုံ ပြစ်ဒဏ်များကို လွှတ်ပေးတတ်လို့ ဘာစီလိုနာဘက်က စိုးရိမ်နေပါတယ်။

လီဗာပူး တိုက်စစ်မှူး မိုဟာမက် ဆာလက်က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်နေဆဲ ဖြစ်တယ်လို့ အာဆင်ဝင်းဂါးက မှတ်ချက်ပြုလိုက်ပါတယ်။ ဆာလက်ဟာ ရိုးမားမှာတည်းက အလွန်ကောင်းတဲ့ ကစားသမား ဖြစ်ခဲ့ပြီး လီဗာပူးမှာ ပိုပြီး ကောင်းလာတာ ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ည ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနို ပြန်လည် ပါဝင်ကစားမယ်လို့ ယာဂင် ကလော့ပ်က အတည်ပြုလိုက်ပါတယ်။