ကြားရက်က ချန်ပီယံလိဂ်ပွဲမှာ ဗလင်စီယာကို သရေကျခဲ့ပြီးနောက် ချယ်ဆီးအသင်းဟာ ပြည်တွင်း ပရီးမီးယားလိဂ် ပွဲတွေ ပြန်ကစားဖို့ အချိန်ကျလာပြန်ပါပြီ။ ဒီတပတ်မှာတော့ လန်ဒန်မြို့ခံ ပြိုင်ဘက်ချင်း ဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ယနေ့ စနေနေ့ည မြန်မာစံတော်ချိန် ၉း၃၀ နာရီ ပါ။

ဒီပွဲစဉ် မတိုင်ခင်မှာ ချယ်ဆီးက ၁၃ ပွဲ ကစား ၂၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိပြီး ဝက်စ်ဟမ်းကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရှိကာ တန်းဆန်းဇုန်နား နီးကပ်နေပါတယ်။ ချယ်ဆီးအသင်းဟာ ဒီပွဲကို အားထားရတဲ့ တိုက်စစ်မှူး အေဗရာဟမ် မပါဝင်ဘဲ ကစားရမှာပါ။

ဘီဘီစီမှ နာမည်ကျော် သုံးသပ်သူ လော်ရိုးရဲ့ ချယ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲစဉ် အတွက် သုံးသပ်ချက် ခန့်မှန်း ရလဒ်တွေကို ဖော်ပြပေးပါမယ်။ လော်ရိုးဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ပွဲတွေကို ခန့်မှန်းခဲ့ရာ သုံးပွဲ မှန်ခဲ့ပြီး ဂိုးရလဒ် အတိအကျမှန်ခဲ့တာ တစ်ပွဲ ရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းကတော့ စိတ်ပူစရာပါပဲ။ ဒီရာသီက သူတို့မှာ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ မတည်ငြိမ်မှုတွေ ပျောက်သွားတော့မယ်လို့ ကျနော်က ထင်ခဲ့တာပါ။

သူတို့မှာ ဒဏ်ရာရ ကစားသမားတွေ ရှိနေတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် တန်းဆင်းဇုန် သုံးသင်းထဲ ရောက်လုနီး ဖြစ်နေတာကြောင်း ဝက်စ်ဟမ်း မန်နေဂျာ ပယ်လီဂရီနီတော့ ဖိအားတွေ များနေပြီ ဖြစ်ပါတယ်။ ချယ်ဆီးအသင်ကတော့ ပုံစံကောင်း ရနေတဲ့ အသင်း ဖြစ်တယ်။ ဒီပွဲမှာ ချယ်ဆီးပဲ နိုင်မယ်လို့ ကျနော်ထင်တယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂-၁ ဝက်စ်ဟမ်း ဖြစ်ပါတယ်။

Zawgyi

ၾကားရက္က ခ်န္ပီယံလိဂ္ပြဲမွာ ဗလင္စီယာကို သေရက်ခဲ့ျပီးေနာက္ ခ်ယ္ဆီးအသင္းဟာ ျပည္တြင္း ပရီးမီးယားလိဂ္ ပြဲေတြ ျပန္ကစားဖို႔ အခ်ိန္က်လာျပန္ပါျပီ။ ဒီတပတ္မွာေတာ့ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ခ်င္း ျဖစ္တဲ့ ၀က္စ္ဟမ္းအသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ယေန႔ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ၉း၃၀ နာရီ ပါ။

ဒီပြဲစဥ္ မတိုင္ခင္မွာ ခ်ယ္ဆီးက ၁၃ ပြဲ ကစား ၂၆ မွတ္နဲ႕ အဆင့္ ၄ ေနရာမွာ ရွိျပီး ၀က္စ္ဟမ္းကေတာ့ ရမွတ္ ၁၃ မွတ္နဲ႕ အဆင့္ ၁၇ ေနရာမွာ ရွိကာ တန္းဆန္းဇုန္နား နီးကပ္ေနပါတယ္။ ခ်ယ္ဆီးအသင္းဟာ ဒီပြဲကို အားထားရတဲ့ တိုက္စစ္မွဴး ေအဗရာဟမ္ မပါ၀င္ဘဲ ကစားရမွာပါ။

ဘီဘီစီမွ နာမည္ေက်ာ္ သံုးသပ္သူ ေလာ္ရိုးရဲ႕ ခ်ယ္ဆီးနဲ႕ ၀က္စ္ဟမ္းပြဲစဥ္ အတြက္ သံုးသပ္ခ်က္ ခန္႔မွန္း ရလဒ္ေတြကို ေဖာ္ျပေပးပါမယ္။ ေလာ္ရိုးဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၃ ပြဲေတြကို ခန္႔မွန္းခဲ့ရာ သုံုးပြဲ မွန္ခဲ့ျပီး ဂိုးရလဒ္ အတိအက်မွန္ခဲ့တာ တစ္ပြဲ ရွိခဲ့ပါတယ္။

၀က္စ္ဟမ္းအသင္းကေတာ့ စိတ္ပူစရာပါပဲ။ ဒီရာသီက သူတို႔မွာ ပိုေကာင္းတဲ့ ကစားသမားေတြနဲ႕ မတည္ျငိမ္မႈေတြ ေပ်ာက္သြားေတာ့မယ္လို႔ က်ေနာ္က ထင္ခဲ့တာပါ။

သူတို႔မွာ ဒဏ္ရာရ ကစားသမားေတြ ရွိေနတယ္ ဆိုတာ ဟုတ္ပါတယ္။ ဒါေပမယ့္ တန္းဆင္းဇုန္ သံုးသင္းထဲ ေရာက္လုနီး ျဖစ္ေနတာေၾကာင္း ၀က္စ္ဟမ္း မန္ေနဂ်ာ ပယ္လီဂရီနီေတာ့ ဖိအားေတြ မ်ားေနျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္ကေတာ့ ပုံစံေကာင္း ရေနတဲ့ အသင္း ျဖစ္တယ္။ ဒီပြဲမွာ ခ်ယ္ဆီးပဲ နုိင္မယ္လို႔ က်ေနာ္ထင္တယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၂-၁ ၀က္စ္ဟမ္း ျဖစ္ပါတယ္။