လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားဖြစ်သူ ရော်ဘတ်ဆန်က တွစ်တာအကောင့်မှာ ပရိုဖိုင်နဲ့ ပက်သက်ပြီး အပြောင်းအလဲ လုပ်ခဲ့ရာက အသင်းပရိသတ်တွေထံက ချစ်ခြင်းတွေကို တိုးပြီး ရရှိနေပြီဖြစ်ပါတယ်။

ကွင်းထဲမှာ သားရဲတစ်ကောင်လို ကစားတတ်သဘောက် တွစ်တာမှာ အရွှန်းဖောက်မှုနဲ့အတူ အသင်းဖော်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေတတ်သူလို့ ရော်ဘတ်ဆန်ကို လူသိများပါတယ်။ နာပိုလီပွဲကြို မီဒီယာတွေ့ဆုံမှုတုန်းကလည်း ဘာသာပြန်မှုတွေကို နားထောင်တဲ့ နာကြပ်ကိုတပ်ထားတဲ့ ပုံနဲ့အတူ တွစ်တာမှာပဲ ‘ငါက ပွဲကြေညာသူဆိုတာ ကလေးတွေသိအောင် ပြောပြရမယ်’ လို့ ဟာသလုပ်ခဲ့သေးတာပါ။

ရော်ဘတ်ဆန့်ရဲ့ တွစ်တာ ပရိုဖိုင် အဟောင်းကတော့ စကော့တလန်နဲ့ လီဗာပူးအတွက် ကစားပေးသူလို့ပဲ ရိုးရိုးရှင်းရှင်း ဖော်ပြထားခဲ့တာပါ။ ပြောင်းလဲလိုက်တဲ့ ပရိုဖိုင်အသစ်မှာတော့ ‘ဘောလုံးကစားသူ၊ The Sun ကို ရှောင်ရှားသူ၊ ဖြတ်တင်ဘောလုပ်သူဖြစ်ပြီး စကော့မှာနွေးပြီး လီဗာပူးကြီးပြင်းသူ’ လို့ ပြောင်းလဲခဲ့တာဖြစ်တယ်။

၁၉၈၉ ခုနှစ်က Hillsborough ဖြစ်ရပ်မှာ လီဗာပူးပရိသတ် ၉၆ ဦး ပွဲကြည့်စင်ပြိုကျမှုကြောင့် ကွယ်လွန်ခဲ့တဲ့ ဖြစ်ရပ်ဆိုး ရှိခဲ့သလို အဆိုပါဖြစ်ရပ်မှာ ဗြိတိန်သတင်းဌာနဖြစ်တဲ့ The Sun က လီဗာပူးပရိသတ်တွေက ဆိုးသွမ်းတဲ့ ပရိသတ်ဆိုးတွေဖြစ်ပြီး ကွင်းပြိုကျပြီး ပရိသတ် ၉၆ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်မှာ အပြစ်ရှိသူတွေက လီဗာပူးပရိသတ်တွေ ကိုယ်တိုင်ပဲလို့ ဖော်ပြခဲ့တာပါ။

The Sun သတင်းကို ကိုးကားပြီး ဗြိတိန်သတင်းဌာနတွေက လီဗာပူးပရိသတ်တွေကို ဆိုးသွမ်းတဲ့ ပရိသတ်ဆိုးတွေအဖြစ် နာမည်တပ်ခဲ့သလို အင်္ဂလန်ဘောလုံးလောကကို သိက္ခာကျသူတွေဆိုတဲ့ စွဲချက်နဲ့ ပြစ်ဒဏ်တွေ ချခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့်ပဲ လီဗာပူးဟာ အမှန်တရားတွေကို မှားယွင်းသတင်းတွေနဲ့ ဖုန်းကွယ်ခံခဲ့ရပြီး အပြစ်မဲ့တဲ့ ပရိသတ် ၉၆ ဦးနဲ့ မိသားစုဝင်တွေရဲ့ တရားမျှတမှုအတွက် တိုက်ခိုက်လာရတာ နှစ်ပေါင်း ၃၀ တိုင်ခဲ့ပြီဖြစ်တယ်။

ရော်ဘတ်ဆန်က လီဗာပူးကလပ်အသင်း၊ လီဗာပူးမြို့နဲ့ လီဗာပူးပရိသတ်တွေအားလုံး နာကျဉ်းမုန်းတီးစွာ ရှောင်ဖယ်ကြတဲ့ The Sun ကို သူကလည်း ရှောင်ဖယ်တယ်လို့ တရားဝင် ဆိုခဲ့တဲ့အပြင် စကော့တလန်ဖွားဖြစ်ပေမယ့် လီဗာပူးက သူ့ကို ကြီးပြင်းစေခဲ့တယ်ဆိုတဲ့ မိတ်ဆက်စကားအတွက် အသင်းအပေါ် တွယ်တာချစ်ခင်သူအဖြစ် ပိုမို အချစ်ခံနေရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ကစားသမားျဖစ္သူ ေရာ္ဘတ္ဆန္က တြစ္တာအေကာင့္မွာ ပရိုဖိုင္နဲ႔ ပက္သက္ျပီး အေျပာင္းအလဲ လုပ္ခဲ့ရာက အသင္းပရိသတ္ေတြထံက ခ်စ္ျခင္းေတြကို တိုးျပီး ရရွိေနျပီျဖစ္ပါတယ္။

ကြင္းထဲမွာ သားရဲတစ္ေကာင္လို ကစားတတ္သေဘာက္ တြစ္တာမွာ အရႊန္းေဖာက္မႈနဲ႔အတူ အသင္းေဖာ္ေတြနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနတတ္သူလို႔ ေရာ္ဘတ္ဆန္ကို လူသိမ်ားပါတယ္။ နာပိုလီပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈတုန္းကလည္း ဘာသာျပန္မႈေတြကို နားေထာင္တဲ့ နာၾကပ္ကိုတပ္ထားတဲ့ ပံုနဲ႔အတူ တြစ္တာမွာပဲ ‘ငါက ပြဲေၾကညာသူဆိုတာ ကေလးေတြသိေအာင္ ေျပာျပရမယ္’ လို႔ ဟာသလုပ္ခဲ့ေသးတာပါ။

ေရာ္ဘတ္ဆန္႔ရဲ႕ တြစ္တာ ပရိုဖိုင္ အေဟာင္းကေတာ့ စေကာ့တလန္နဲ႔ လီဗာပူးအတြက္ ကစားေပးသူလို႔ပဲ ရိုးရိုးရွင္းရွင္း ေဖာ္ျပထားခဲ့တာပါ။ ေျပာင္းလဲလိုက္တဲ့ ပရိုဖိုင္အသစ္မွာေတာ့ ‘ေဘာလံုးကစားသူ၊ The Sun ကို ေရွာင္ရွားသူ၊ ျဖတ္တင္ေဘာလုပ္သူျဖစ္ျပီး စေကာ့မွာေႏြးျပီး လီဗာပူးၾကီးျပင္းသူ’ လို႔ ေျပာင္းလဲခဲ့တာျဖစ္တယ္။

၁၉၈၉ ခုႏွစ္က Hillsborough ျဖစ္ရပ္မွာ လီဗာပူးပရိသတ္ ၉၆ ဦး ပြဲၾကည့္စင္ျပိဳက်မႈေၾကာင့္ ကြယ္လြန္ခဲ့တဲ့ ျဖစ္ရပ္ဆိုး ရွိခဲ့သလို အဆိုပါျဖစ္ရပ္မွာ ျဗိတိန္သတင္းဌာနျဖစ္တဲ့ The Sun က လီဗာပူးပရိသတ္ေတြက ဆိုးသြမ္းတဲ့ ပရိသတ္ဆိုးေတြျဖစ္ျပီး ကြင္းျပိဳက်ျပီး ပရိသတ္ ၉၆ ဦး ေသဆံုးခဲ့တဲ့ ျဖစ္ရပ္မွာ အျပစ္ရွိသူေတြက လီဗာပူးပရိသတ္ေတြ ကိုယ္တိုင္ပဲလို႔ ေဖာ္ျပခဲ့တာပါ။

The Sun သတင္းကို ကိုးကားျပီး ျဗိတိန္သတင္းဌာနေတြက လီဗာပူးပရိသတ္ေတြကို ဆိုးသြမ္းတဲ့ ပရိသတ္ဆိုးေတြအျဖစ္ နာမည္တပ္ခဲ့သလို အဂၤလန္ေဘာလံုးေလာကကို သိကၡာက်သူေတြဆိုတဲ့ စြဲခ်က္နဲ႔ ျပစ္ဒဏ္ေတြ ခ်ခဲ့ပါတယ္။ အဆုိပါျဖစ္ရပ္ေၾကာင့္ပဲ လီဗာပူးဟာ အမွန္တရားေတြကို မွားယြင္းသတင္းေတြနဲ႔ ဖုန္းကြယ္ခံခဲ့ရျပီး အျပစ္မဲ့တဲ့ ပရိသတ္ ၉၆ ဦးနဲ႔ မိသားစုဝင္ေတြရဲ႕ တရားမွ်တမႈအတြက္ တိုက္ခိုက္လာရတာ ႏွစ္ေပါင္း ၃၀ တိုင္ခဲ့ျပီျဖစ္တယ္။

ေရာ္ဘတ္ဆန္က လီဗာပူးကလပ္အသင္း၊ လီဗာပူးျမိဳ႕နဲ႔ လီဗာပူးပရိသတ္ေတြအားလံုး နာက်ဥ္းမုန္းတီးစြာ ေရွာင္ဖယ္ၾကတဲ့ The Sun ကို သူကလည္း ေရွာင္ဖယ္တယ္လို႔ တရားဝင္ ဆိုခဲ့တဲ့အျပင္ စေကာ့တလန္ဖြားျဖစ္ေပမယ့္ လီဗာပူးက သူ႔ကို ၾကီးျပင္းေစခဲ့တယ္ဆိုတဲ့ မိတ္ဆက္စကားအတြက္ အသင္းအေပၚ တြယ္တာခ်စ္ခင္သူအျဖစ္ ပိုမို အခ်စ္ခံေနရတာျဖစ္ပါတယ္။