စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်ဟာ လက်ရှိ ရာသီကုန်ရင် ချယ်ဆီးနဲ့ စာချုပ်ကုန်ဆုံးတော့မယ့် တောင်ပံကစားသမား နှစ်ဦး ဖြစ်တဲ့ ဝီလီယံနဲ့ ပက်ဒရိုကို ခေါ်ယူလိုနေပြီး လှုပ်ရှားမှုတွေ စတင်ပြုလုပ်နေပါတယ်။ ဂျူဗင်တပ်ဟာ ဝီလီယံကို အလိုရှိတာ ကြာခဲ့ပြီ ဖြစ်ပြီး ပက်ဒရိုကိုပါ တပါတည်း ခေါ်ယူလိုလာတာ ဖြစ်ပါတယ်။

ကစားသမား နှစ်ဦးလုံးကတော့ ဇန်နဝါရီမှာ အခြား ကလပ်အသင်းများနဲ့ တရားဝင် ပြောဆိုဆွေးနွေးခွင့်၊ အကြိုသဘောတူညီခွင့် ရှိတော့မှာ ဖြစ်ပါတယ်။ ဂျူဗင်တပ်က ဝီလီယံနဲ့ ပက်ဒရိုကို နွေမှ ခေါ်ယူဖို့ ရှိသော်လည်း နှစ်သစ်မှာတင် တခါတည်း သဘောတူညီမှု ရထားလိုနေတာပါ။

ဂျူဗင်တပ် လက်ရှိနည်းပြက ချယ်ဆီးနည်းပြဟောင်း ဆာရီ ဖြစ်ပြီး ၎င်းက သူနဲ့ လက်တွဲဖူးတဲ့ တပည့်ဟောင်း တိုက်စစ်သမား နှစ်ဦးကို အလိုရှိနေပါတယ်။ ဂျူဗင်တပ် အားကစားဒါရိုက်တာ ဖာဘီယို ပါရာတစ်စီဟာ ချယ်ဆီး အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရန် လန်ဒန်သို့ သွားရောက်ခဲ့ကြောင်း အီတလီ သတင်းဌာနများက ဖော်ထုတ်ထားပါတယ်။

ပက်ဒရိုက ဇူလိုင်မှာ အသက် ၃၃ နှစ် ပြည့်မှာ ဖြစ်သော်လည်း ဆာရီကတော့ ကစားသမားရဲ့ နေရာစုံ ကစားနိုင်တဲ့ စွမ်းရည်ကြောင့် အရ ခေါ်ယူထားလိုနေပါတယ်။ ဝီလီယံကိုတော့ တူရင်အခြေစိုက် ကလပ်က အလိုရှိတာ ကြာခဲ့ပါပြီ။ ဝီလီယံက ချယ်ဆီးအသင်းထံ ရုရှားကလပ်ကနေ ၂၀၁၃ မှာ ရောက်ခဲ့တာ ဖြစ်ပြီး လန်ဒန်ကလပ်နဲ့ အတူ ပရီးမီးယားလိဂ် ၂ ကြိမ် ဗိုလ်စွဲ ပြီးခဲ့ပါပြီ။

ပက်ဒရိုက ဒီရာသီ ပွဲကစားခွင့် အတွက် ရုန်းကန်နေရပေမယ့် ဝီလီယံကတော့ လမ်းပတ်ရဲ့ အသင်းမှာ ပါဝင်ခွင့် ရနေပါတယ်။ ဝီလီယံက ချယ်ဆီးရဲ့ ပရီးမီးယားလိဂ် ပွဲတိုင်း ပါဝင် ကစားထားပြီး ပြိုင်ပွဲစုံ ၃ ဂိုး သွင်းယူထားပါတယ်။ ပက်ဒရိုကိုတော့ ၂၀၁၅ မှာ မော်ရင်ညို ခေါ်ယူခဲ့တာ ဖြစ်ပြီး နည်းပြ ကွန်တီနည်းပြစဉ်က အမှတ်ပေးဖလား နှစ်ကြိမ် ရရှိဖူးပါတယ်။

ဝီလီယံနဲ့ ခြားနားစွာပဲ စပိန်သား ပက်ဒရိုကတော့ ဒီရာသီ ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားထားရကာ ပွဲထွက် ကစားခွင့်နေရာကို ပူလီဆစ်က ပို အခွင့်အရေး ရထားပါတယ်။

Zawgyi

စီးရီးေအ အင္အားၾကီးကလပ္ ဂ်ဴဗင္တပ္ဟာ လက္ရွိ ရာသီကုန္ရင္ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ကုန္ဆံုးေတာ့မယ့္ ေတာင္ပံကစားသမား နွစ္ဦး ျဖစ္တဲ့ ၀ီလီယံနဲ႕ ပက္ဒရိုကို ေခၚယူလိုေနျပီး လႈပ္ရွားမႈေတြ စတင္ျပဳလုပ္ေနပါတယ္။ ဂ်ဴဗင္တပ္ဟာ ၀ီလီယံကို အလိုရွိတာ ၾကာခဲ့ျပီ ျဖစ္ျပီး ပက္ဒရိုကိုပါ တပါတည္း ေခၚယူလိုလာတာ ျဖစ္ပါတယ္။

ကစားသမား နွစ္ဦးလံုးကေတာ့ ဇန္န၀ါရီမွာ အျခား ကလပ္အသင္းမ်ားနဲ႕ တရား၀င္ ေျပာဆိုေဆြးေႏြးခြင့္၊ အၾကိဳသေဘာတူညီခြင့္ ရွိေတာ့မွာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္က ၀ီလီယံနဲ႕ ပက္ဒရိုကို ေႏြမွ ေခၚယူဖို႔ ရွိေသာ္လည္း နွစ္သစ္မွာတင္ တခါတည္း သေဘာတူညီမႈ ရထားလိုေနတာပါ။

ဂ်ဴဗင္တပ္ လက္ရွိနည္းျပက ခ်ယ္ဆီးနည္းျပေဟာင္း ဆာရီ ျဖစ္ျပီး ၄င္းက သူနဲ႕ လက္တဲြဖူးတဲ့ တပည့္ေဟာင္း တိုက္စစ္သမား နွစ္ဦးကို အလိုရွိေနပါတယ္။ ဂ်ဴဗင္တပ္ အားကစားဒါရိုက္တာ ဖာဘီယို ပါရာတစ္စီဟာ ခ်ယ္ဆီး အသင္း တာ၀န္ရွိသူေတြနဲ႕ ေတြ႔ဆံုေဆြးေႏြးရန္ လန္ဒန္သို႔ သြားေရာက္ခဲ့ေၾကာင္း အီတလီ သတင္းဌာနမ်ားက ေဖာ္ထုတ္ထားပါတယ္။

ပက္ဒရိုက ဇူလိုင္မွာ အသက္ ၃၃ နွစ္ ျပည့္မွာ ျဖစ္ေသာ္လည္း ဆာရီကေတာ့ ကစားသမားရဲ႕ ေနရာစံု ကစားနိုင္တဲ့ စြမ္းရည္ေၾကာင့္ အရ ေခၚယူထားလိုေနပါတယ္။ ၀ီလီယံကိုေတာ့ တူရင္အေျခစိုက္ ကလပ္က အလိုရွိတာ ၾကာခဲ့ပါျပီ။ ၀ီလီယံက ခ်ယ္ဆီးအသင္းထံ ရုရွားကလပ္ကေန ၂၀၁၃ မွာ ေရာက္ခဲ့တာ ျဖစ္ျပီး လန္ဒန္ကလပ္နဲ႕ အတူ ပရီးမီးယားလိဂ္ ၂ ၾကိမ္ ဗိုလ္စြဲ ျပီးခဲ့ပါျပီ။

ပက္ဒရိုက ဒီရာသီ ပြဲကစားခြင့္ အတြက္ ရုန္းကန္ေနရေပမယ့္ ၀ီလီယံကေတာ့ လမ္းပတ္ရဲ႕ အသင္းမွာ ပါ၀င္ခြင့္ ရေနပါတယ္။ ၀ီလီယံက ခ်ယ္ဆီးရဲ႕ ပရီးမီးယားလိဂ္ ပြဲတိုင္း ပါ၀င္ ကစားထားျပီး ျပိဳင္ပြဲစံု ၃ ဂိုး သြင္းယူထားပါတယ္။ ပက္ဒရိုကိုေတာ့ ၂၀၁၅ မွာ ေမာ္ရင္ညိဳ ေခၚယူခဲ့တာ ျဖစ္ျပီး နည္းျပ ကြန္တီနည္းျပစဥ္က အမွတ္ေပးဖလား နွစ္ၾကိမ္ ရရွိဖူးပါတယ္။

၀ီလီယံနဲ႕ ျခားနားစြာပဲ စပိန္သား ပက္ဒရိုကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ ၃ ပြဲသာ ကစားထားရကာ ပြဲထြက္ ကစားခြင့္ေနရာကို ပူလီဆစ္က ပို အခြင့္အေရး ရထားပါတယ္။