အာဆင်နယ်အသင်းဟာ ဥရောပ ထိပ်သီး ပြိုင်ပွဲ ချန်ပီယံလိဂ်မှာ ၀င်ရောက် ကစားဖို့ အရည်အချင်း များစွာလိုအပ်နေသေးပြီး ၀င်ခွင့်ရသွားရင်တောင် အရှက်ကွဲလိမ့်မယ်လို့ အသင်း တိုက်စစ်မှူးဟောင်း ရိုက်က သတိပေးလိုက်ပါတယ်။

အာဆင်နယ်အသင်းမှာ အငှားလာကစားနေတဲ့ ကွင်းလယ်ကစားသမား ဒန်းနစ်ဆွာရက်စ်ဟာ ပေါင်ခြံဒဏ်ရာ ရှိနေတာကြောင့် ရာသီကုန်ထိ အသင်းပွဲစဉ်တွေ လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဆီဗီလာ မှာ အမ်မရီရဲ့ လက်ထက် တစ်ရာသီလုံး အဝေးကွင်းနိုင်ပွဲ လုံးဝ မရှိတာ ကြုံခဲ့ပါတယ်။ အခုလည်း အမ်းမရိတ်ရဲ့ အဝေးမှာ သွားကစားရရင် အမ်မရီရဲ့ စိုးရိမ်ကြီးမှု မတည်ငြိမ်တဲ့ ပွဲအစီအမံတွေက အသင်းအတွက် စိတ်ပျက်စရာတွေ ဖြစ်နေပါတယ်။

အာဆင်နယ်ဟာ ထိပ်သီး လေးသင်း ၀င်ခွင့်နဲ့ မထိုက်တန်ဘူးလို့ အသင်း ကွင်းလယ်ကစားသမား ဇာခါက ၀န်ခံပြောဆိုလိုက်ပါတယ်။ အခုချိန်ဟာ Top 4 ကိစ္စ စဉ်းစားရမယ့် အချိန်ကောင်း မဟုတ်ဘူးလို့ ၄င်းက ဆိုပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဘုန်းမောက် တောင်ပံတိုက်စစ်မှူး ရိုင်ယန်ဖရာဆာက လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့ အသင့် ဖြစ်နေပါတယ်။ ၄င်းရဲ့ လက်ရှိစာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး တန်ကြေးတက်နေတဲ့ တိုက်စစ်သမားကတော့ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းထဲက တစ်သင်းထံ ပြောင်းရွှေ့လိုနေတာပါ။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ ဘုန်းမောက် တောင်ပံတိုက်စစ်မှူး ရိုင်ယန်ဖရာဆာက လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာဖို့ အသင့် ဖြစ်နေပါတယ်။ ၄င်းရဲ့ လက်ရှိစာချုပ်က ၂၀၂၀ မှာ ကုန်ဆုံးမှာ ဖြစ်ပြီး တန်ကြေးတက်နေတဲ့ တိုက်စစ်သမားကတော့ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းထဲက တစ်သင်းထံ ပြောင်းရွှေ့လိုနေတာပါ။

ဖေဖော်ဝါရီတည်းက ကစားသမားခေါ်ယူမှု အကြီးအကဲ မစ်လင်တက် အသင်းက နှုတ်ထွက်သွားသော်လည်း အာဆင်နယ်အသင်းဘက်က အခုထိ အစားထိုး ခန့်အပ်ထားနိုင်ခြင်း မရှိသေးပါဘူး။ အသင်းရလဒ် မတည်ငြိမ်မှုတွေ ရှိနေပေမယ့် အာဆင်နယ်ရဲ့ နွေရာသီ အစီအမံတွေကလည်း ရေရာမှု မရှိသေးပါဘူး။

အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီဟာ သူ့ရဲ့ ပွဲဦးထွက် ရာသီမှာတင် ကစားသမား ရွေးချယ်မှုနဲ့ နည်းစနစ်တွေကို သံသယဝေဖန်မှုများနဲ့ စောင့်ကြည့်ခံနေရပြီး ကျရှုံးမသွားအောင် ကျားကန် ကာကွယ်နေရပါတယ်။ ဒါ့အပြင် ကလပ်အသင်းရဲ့ နွေရာသီ ကစားသမားဝယ်ယူဖို့ အစီအစဉ်တွေကလည်း လွဲချော်သွားနိုင်တဲ့ အနေအထားတွေ ရှိနေလို့ အမ်မရီ စိတ်ပူနေရပါတယ်။