ယူနိုက်တက် နည်းပြ ဆိုးရှားက ၎င်းရဲ့ ယူနိုက်တက် တိုက်စစ်မှူးတွေကို ဘယ်နှဂိုးသွင်းပေးဖို့ ဆိုပြီး ပစ်မှတ် သတ်မှတ်ပေးမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ကစားသမားတွေဟာ ဘောလုံးနဲ့ အတူ ကွင်းထဲမှာ သူတို့ ကစားသမားဘဝအတွက် ရုန်းကန်နေကြရသူတွေ ဖြစ်လို့ ဆိုးရှားက ထပ်ပြီး ဖိအား မပေးလိုဘူးလို့ ရှင်းလင်းခဲ့ပါတယ်။

ဆိုးရှားဟာ ၎င်းရဲ့ ကစားသမား ဘဝတုန်းကလည်း သူ့ကိုယ်သူ ဂိုး အရေအတွက် ပစ်မှတ် သတ်မှတ်ထားခြင်းလည်း မရှိကြောင်း ပြောဆိုခဲ့ပြီး ထိုစဉ်က ဆိုးရှာဟာ ပြိုင်ဘက်တွေရဲ့ ဧရိယာထဲ ကြောက်စရာ အကောင်းဆုံး ကလေးမျက်နှာ လူသတ်သမားလို့ နာမည်ကျော်ခဲ့ပါတယ်။ ဒီနွေ လူကာကူ ထွက်ခွာသွားပြီးတဲ့နောက်မှာ ဆိုးရှားက အသင်းတိုက်စစ်မှာ ရက်ဖို့ဒ်နဲ့ မာရှယ်ကိုသာ အားကိုးအားထားပြုကာ ပွဲထုတ်နေခဲ့တာ ဖြစ်ပါတယ်။

” ကျနော် ရက်ဖို့ဒ်နဲ့ မာရှယ် ဒါမှမဟုတ် ကျနော့် ကစားသမားတွေထဲက ဘယ်သူ့ကိုမှ ဂိုးဘယ်လောက် သွင်းပေးလို့ သတ်မှတ်ပေးမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အသင်း ကစားပုံကိုလည်း ထိခိုက်နိုင်တယ်။ တိုက်စစ်သမားတွေဆီက ကျနော် တောင်းဆိုတာက အသင်း ထရိန်နင်မှာ အလုပ်လုပ်ထားသလို အစွမ်းကုန် အားထုတ်ပြီး အကောင်းဆုံး အခွင့်အရေးနဲ့ ဂိုးသွင်းကြဖို့ပဲ။ ”

” ဒါက နေရာယူမှု ကောင်းဖို့၊ ကွင်းထဲမှာ ကစားသမားတွေ ဆက်တိုက် ရွေ့လျားနေဖို့၊ ဘယ်လို ကန်သွင်းရမလဲ ခေါင်းတိုက်ရမလဲ အာရုံစိုက်ထားဖို့ အားလုံးပါတယ်။ ကျနော့် အဲဒီလို အတွေးအခေါ်က ကစားသမားဘဝထဲက ရှိတာပါ။ တခြား တိုက်စစ်မှူးတွေက ကိုယ့်ကိုယ်ကို ငါ ဘယ်နှဂိုး သွင်းမလဲ ရာသီမစခင် သတ်မှတ်ကြတယ် အလုပ်ဖြစ်ကြတယ်။ ဒါပေမယ့် ကျနေ်ာကတော့ ကျနော့် ကစားသမားတွေကို ထပ်ပြီး ဖိအား အပိုတွေ မပေးလိုဘူး။ ”

” တကယ်လို့ ဂိုး တစ်ဂိုး သွင်းလိုက်နိုင်ရင် ဒါကောင်းတယ်။ ဒီနောက် နောက်ထပ် ထပ်သွင်းဖို့ အာရုံစိုက်ရုံပဲပေါ့။ တိုက်စစ်မှူးတစ်ယောက် ဆိုတာ အခွင့်အရေး တစ်ခုပြီးရင် တစ်ခု ဆက် ဆက်ပြီး ကြိုးစားသွားဖို့ပဲ။ ဂိုးသွင်းလိုက်တယ် မဟုတ်လား သွင်းပြီးရင် မေ့ပစ်လိုက်တော့၊ ဂိုးပေါက်လွဲသွားတယ်ဆိုရင်လည်း လွဲပြီးတာနဲ့ မေ့လိုက်။ ”

” ကျနော်ပြောတာ ယုံပါ။ ဘောလုံးမှာ အခက်အခဲဆုံးက ဂိုးတွေ သွင်းနေဖို့ ဖြစ်တယ်။ တခါတလေ ကိုယ်က အကောင်းဆုံး ပုံစံရနေပြီး နေရာကောင်းကနေ ဘောလုံးကို ကောင်းကောင်း ကန်သွင်းနိုင်လိုက်တယ် ဆိုပါစို့ ဂိုးသမားက ဖမ်းမိချင် မိသွားတာပဲ။ နောက် ငါးမိနစ်လောက် ကြာရင် ဘောလုံးက အလိုလို ဒူးကို လာမှန်ပြီး ဂိုးဝင်ချင် ဝင်သွားမယ်။ ဒီတော့ ဘာမှ တွေးပြီး မပူပန်နေသင့်ဘူး။ ”

” ကျနော့် တိုက်စစ်မှူးတွေကို တစ်ရာသီ ဂိုး ၂၀ – ၂၅ ဂိုး သွင်းဖို့ မစဉ်းစားနဲ့ ပြောထားတယ်။ တစ်ဂိုးပြီး တစ်ဂိုး သွင်းသွားဖို့သာ အာရုံစိုက်လို့။ အာရုံစူးစိုက်မှုက အပြည့်အ၀ လိုအပ်တယ်။ ဘယ်တော့ နောက်တစ်ဂိုး သွင်းနိုင်မလဲ တချိန်လုံး ပူပန်နေရင် အလုပ်မဖြစ်နိုင်ဘူး။ ” လို့ ဆိုးရှားက ရှင်းလင်း ပြောဆိုသွားပါတယ်။

ယူနိုက်တက်ဟာ အထောင် တိုက်စစ်မှူးကောင်း တစ်ဦး ထပ်မံ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းမှုတွေလည်း ရှိထားပေမယ့် ဆိုးရှားကတော့ အသင်းသားတွေနဲ့ အကောင်းဆုံး ခရီးဆက်ရန် ကြံရွယ်ထားပါတယ်။

Zawgyi

ယူနိုက္တက္ နည္းျပ ဆိုးရွားက ၄င္းရဲ႕ ယူနိုက္တက္ တိုက္စစ္မွဴးေတြကို ဘယ္နွဂိုးသြင္းေပးဖို႔ ဆိုျပီး ပစ္မွတ္ သတ္မွတ္ေပးမွာ မဟုတ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ကစားသမားေတြဟာ ေဘာလံုးနဲ႕ အတူ ကြင္းထဲမွာ သူတို႔ ကစားသမားဘ၀အတြက္ ရုန္းကန္ေနၾကရသူေတြ ျဖစ္လို႔ ဆိုးရွားက ထပ္ျပီး ဖိအား မေပးလိုဘူးလို႔ ရွင္းလင္းခဲ့ပါတယ္။

ဆိုးရွားဟာ ၄င္းရဲ႕ ကစားသမား ဘ၀တုန္းကလည္း သူ႔ကိုယ္သူ ဂိုး အေရအတြက္ ပစ္မွတ္ သတ္မွတ္ထားျခင္းလည္း မရွိေၾကာင္း ေျပာဆိုခဲ့ျပီး ထိုစဥ္က ဆိုးရွာဟာ ျပိဳင္ဘက္ေတြရဲ႕ ဧရိယာထဲ ေၾကာက္စရာ အေကာငး္ဆံုး ကေလးမ်က္နွာ လူသတ္သမားလို႔ နာမည္ေက်ာ္ခဲ့ပါတယ္။ ဒီေႏြ လူကာကူ ထြက္ခြာသြားျပီးတဲ့ေနာက္မွာ ဆိုးရွားက အသင္းတိုက္စစ္မွာ ရက္ဖုိ႔ဒ္နဲ႕ မာရွယ္ကိုသာ အားကိုးအားထားျပဳကာ ပြဲထုတ္ေနခဲ့တာ ျဖစ္ပါတယ္။

” က်ေနာ္ ရက္ဖို႔ဒ္နဲ႕ မာရွယ္ ဒါမွမဟုတ္ က်ေနာ့္ ကစားသမားေတြထဲက ဘယ္သူ႔ကိုမွ ဂိုးဘယ္ေလာက္ သြင္းေပးလို႔ သတ္မွတ္ေပးမွာ မဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါက အသင္း ကစားပံုကိုလည္း ထိခိုက္နုိင္တယ္။ တိုက္စစ္သမားေတြဆီက က်ေနာ္ ေတာင္းဆိုတာက အသင္း ထရိန္နင္မွာ အလုပ္လုပ္ထားသလို အစြမ္းကုန္ အားထုတ္ျပီး အေကာင္းဆံုး အခြင့္အေရးနဲ႕ ဂိုးသြင္းၾကဖို႔ပဲ။ ”

” ဒါက ေနရာယူမႈ ေကာင္းဖို႔၊ ကြင္းထဲမွာ ကစားသမားေတြ ဆက္တိုက္ ေရြ႕လ်ားေနဖို႔၊ ဘယ္လို ကန္သြင္းရမလဲ ေခါင္းတိုက္ရမလဲ အာရံုစိုက္ထားဖို႔ အားလံုးပါတယ္။ က်ေနာ့္ အဲဒီလို အေတြးအေခၚက ကစားသမားဘ၀ထဲက ရွိတာပါ။ တျခား တိုက္စစ္မွဴးေတြက ကိုယ့္ကိုယ္ကို ငါ ဘယ္နွဂိုး သြင္းမလဲ ရာသီမစခင္ သတ္မွတ္ၾကတယ္ အလုုပ္ျဖစ္ၾကတယ္။ ဒါေပမယ့္ က်ေန္ာကေတာ့ က်ေနာ့္ ကစားသမားေတြကို ထပ္ျပီး ဖိအား အပိုေတြ မေပးလိုဘူး။ ”

” တကယ္လို႔ ဂိုး တစ္ဂိုး သြင္းလိုက္နုိင္ရင္ ဒါေကာင္းတယ္။ ဒီေနာက္ ေနာက္ထပ္ ထပ္သြင္းဖို႔ အာရံုစိုက္ရံုပဲေပါ့။ တိုက္စစ္မွဴးတစ္ေယာက္ ဆိုတာ အခြင့္အေရး တစ္ခုျပီးရင္ တစ္ခု ဆက္ ဆက္ျပီး ၾကိဳးစားသြားဖို႔ပဲ။ ဂိုးသြင္းလိုက္တယ္ မဟုတ္လား သြင္းျပီးရင္ ေမ့ပစ္လိုက္ေတာ့၊ ဂိုးေပါက္လြဲသြားတယ္ဆိုရင္လည္း လြဲျပီးတာနဲ႕ ေမ့လိုက္။ ”

” က်ေနာ္ေျပာတာ ယံုပါ။ ေဘာလံုးမွာ အခက္အခဲဆံုးက ဂိုးေတြ သြင္းေနဖို႔ ျဖစ္တယ္။ တခါတေလ ကိုယ္က အေကာင္းဆံုး ပံုစံရေနျပီး ေနရာေကာင္းကေန ေဘာလံုးကို ေကာင္းေကာင္း ကန္သြင္းနုိင္လိုက္တယ္ ဆိုပါစို႔ ဂိုးသမားက ဖမ္းမိခ်င္ မိသြားတာပဲ။ ေနာက္ ငါးမိနစ္ေလာက္ ၾကာရင္ ေဘာလံုးက အလိုလို ဒူးကို လာမွန္ျပီး ဂိုး၀င္ခ်င္ ၀င္သြားမယ္။ ဒီေတာ့ ဘာမွ ေတြးျပီး မပူပန္ေနသင့္ဘူး။ ”

” က်ေနာ့္ တိုက္စစ္မွဴးေတြကို တစ္ရာသီ ဂိုး ၂၀ – ၂၅ ဂိုး သြင္းဖို႔ မစဥ္းစားနဲ႕ ေျပာထားတယ္။ တစ္ဂိုးျပီး တစ္ဂိုး သြင္းသြားဖို႔သာ အာရံုစိုက္လို႔။ အာရံုစူးစိုက္မႈက အျပည့္အ၀ လိုအပ္တယ္။ ဘယ္ေတာ့ ေနာက္တစ္ဂိုး သြင္းနုိင္မလဲ တခ်ိန္လံုး ပူပန္ေနရင္ အလုပ္မျဖစ္နုိင္ဘူး။ ” လို႔ ဆိုးရွားက ရွင္းလင္း ေျပာဆိုသြားပါတယ္။

ယူနိုက္တက္ဟာ အေထာင္ တိုက္စစ္မွဴးေကာငး္ တစ္ဦး ထပ္မံ ေခၚယူသင့္တယ္လို႔ တိုက္တြန္းမႈေတြလည္း ရွိထားေပမယ့္ ဆိုးရွားကေတာ့ အသင္းသားေတြနဲ႕ အေကာင္းဆံုး ခရီးဆက္ရန္ ၾကံရြယ္ထားပါတယ္။