ပြီးခဲ့တဲ့ အမှတ်ပေးပွဲအဖြစ် လီဗာပူးနဲ့ ဘရိုက်တန်ပွဲမှာ ဘရိုက်တန်အသင်းသား ဒန့်ရဲ့ သွင်းဂိုးဟာ ပရီးမီးယားလိဂ် စည်းမျဉ်းအရ သွင်းဂိုးအဖြစ် ခွင့်မပြုသင့်ပါဘူးလို့ ကွင်းလယ်ဒိုင်လူကြီးဟောင်း Keith Hackett က ပြောဆိုလိုက်ပါတယ်။

ဘရိုက်တန် ခံစစ်သမားဟာ ပွဲချိန် ၇၉ မိနစ်မှာ အယ်လီဆန် အနီကဒ်ကြောင့် ထုတ်ပယ်ခံရချိန်မှာ ရရှိတဲ့ ဖရီးကစ်ကို တိုက်ရိုက် သွင်းယူခဲ့တာဖြစ်ပြီး အဆိုပါ သွင်းဂိုးက လီဗာပူးကို အကျပ်ရိုက်စေခဲ့တာပါ။ လီဗာပူးဂိုးသမားနဲ့ ခံစစ်တန်းတို့ နေရာယူဖို့ ပြင်ဆင်နေချိန် သွင်းယူခဲ့တဲ့ အဆိုပါ ဂိုးကို ကွင်းလယ်ဒိုင် အက်ကင်ဆန်က ဂိုးအဖြစ် ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီး အက်ကင်ဆန်က ဖရီးကစ်ကို ကန်ဖို့ ခပ်မြန်မြန်ပဲ ခွင့်ပြုကြောင်း ဝီစီမှုခဲ့ပေမယ့် ကန်သွင်းချိန် အနေအထားက ဒီနှစ်မှာ စတင်ကျင့်သုံးတဲ့ စည်းမျဉ်းနဲ့ မညီပါဘူးလို့ Keith Hackett က ဆိုပါတယ်။ ဒီရာသီ စည်းမျဉ်းအရ ဖရီးကစ်ကို ကစားသမား သုံးဦးနဲ့ သုံးဦးအထက်က ဝေါကာအဖြစ် ပြုလုပ်စဉ်မှာ ပြိုင်ဘက်အသင်းသားတွေ တစ်ဦးကမှ ကန်သွင်းမှုအတွက် နေရာလွတ်မဖြစ်စေဖို့ ဝေါအတွင်း နေရာယူခွင့်မရှိသလို အနည်းဆုံး တစ်ကိုက်ကျောအကွာမှာ နေရာယူရမှာဖြစ်ပါတယ်။

ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးဟောင်း Keith Hackett က ဆိုရာမှာ ” ဘရိုက်တန်ရဲ့ဂိုးက သွင်းဂိုးအဖြစ် မပေးသင့်ပါဘူး။ လီဗာပူးဘက်က သုံးယောက်ထက်ပိုတဲ့ လူတံတိုင်းကို လုပ်ထားချိန်မှာ ဘရိုက်တန်ရဲ့ တိုက်စစ်သမားတွေက လူကာတံတိုင်းရဲ့ သုံးပေအကွာ နေရာမှာရှိနေရမှာကို ရှိမနေခဲ့ပါဘူး ” လို့ ဆိုခဲ့တာပါ။

ဒန့်ရဲ့ သွင်းဂိုးကို VAR ဘက်က ဆုံးဖြတ်ချက် ပြုလုပ်မယ်ဆိုရင် စည်းမျဉ်းသစ်အရ နေရာယူမှု မမှန်ကန်ဘူးဆိုတာ ကြည့်ရမှာဖြစ်တယ်။ ဖရီးကစ်ကို ကန်ခွင့်ပြုခဲ့တဲ့ အက်ကင်ဆန်ဟာ ဘရိုက်တန် ကစားသမားတွေရဲ့ အနေအထားကို သတိမပေးခဲ့ပဲ ခပ်စောစော ဝီစီမှုတ်ခဲ့တာဖြစ်ပြီး လူစားဝင်လာတဲ့ အတ်ဒရီယန်ကလည်း ဂိုးတိုင် ဒေါင့်မှာရောက်နေကာ ကာကွယ်မှု မလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ကျန် ၁၅ မိနစ်လောက်မှာ လီဗာပူးက ဖိအားတွေ များခဲ့ကာ ဘောလုံးပိုင်ဆိုင်မှု ၂၀% လောက်ကို ထိုးကျခဲ့ပြီး တစ်ယောက်လျော့မှာ အနိုင်သုံးမှတ်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ZAWGYI

ျပီးခဲ့တဲ့ အမွတ္ေပးပြဲအျဖစ္ လီဗာပူးနဲ႔ ဘရိုက္တန္ပြဲမွာ ဘရိုက္တန္အသင္းသား ဒန္႔ရဲ႕ သြင္းဂိုးဟာ ပရီးမီးယားလိဂ္ စည္းမ်ဥ္းအရ သြင္းဂိုးအျဖစ္ ခြင့္မျပဳသင့္ပါဘူးလို႔ ကြင္းလယ္ဒိုင္လူၾကီးေဟာင္း Keith Hackett က ေျပာဆိုလိုက္ပါတယ္။

ဘရိုက္တန္ ခံစစ္သမားဟာ ပြဲခ်ိန္ ၇၉ မိနစ္မွာ အယ္လီဆန္ အနီကဒ္ေၾကာင့္ ထုတ္ပယ္ခံရခ်ိန္မွာ ရရွိတဲ့ ဖရီးကစ္ကို တိုက္ရိုက္ သြင္းယူခဲ့တာျဖစ္ျပီး အဆိုပါ သြင္းဂိုးက လီဗာပူးကို အက်ပ္ရိုက္ေစခဲ့တာပါ။ လီဗာပူးဂိုးသမားနဲ႔ ခံစစ္တန္းတို႔ ေနရာယူဖို႔ ျပင္ဆင္ေနခ်ိန္ သြင္းယူခဲ့တဲ့ အဆိုပါ ဂိုးကို ကြင္းလယ္ဒိုင္ အက္ကင္ဆန္က ဂိုးအျဖစ္ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

ဒိုင္လူၾကီး အက္ကင္ဆန္က ဖရီးကစ္ကို ကန္ဖို႔ ခပ္ျမန္ျမန္ပဲ ခြင့္ျပဳေၾကာင္း ဝီစီမႈခဲ့ေပမယ့္ ကန္သြင္းခ်ိန္ အေနအထားက ဒီႏွစ္မွာ စတင္က်င့္သံုးတဲ့ စည္းမ်ဥ္းနဲ႔ မညီပါဘူးလို႔ Keith Hackett က ဆိုပါတယ္။ ဒီရာသီ စည္းမ်ဥ္းအရ ဖရီးကစ္ကို ကစားသမား သံုးဦးနဲ႔ သံုးဦးအထက္က ေဝါကာအျဖစ္ ျပဳလုပ္စဥ္မွာ ျပိဳင္ဘက္အသင္းသားေတြ တစ္ဦးကမွ ကန္သြင္းမႈအတြက္ ေနရာလြတ္မျဖစ္ေစဖို႔ ေဝါအတြင္း ေနရာယူခြင့္မရွိသလို အနည္းဆံုး တစ္ကိုက္ေက်ာအကြာမွာ ေနရာယူရမွာျဖစ္ပါတယ္။

ပေရာ္ဖက္ရွင္နယ္ ဒိုင္လူၾကီးေဟာင္း Keith Hackett က ဆိုရာမွာ ” ဘရိုက္တန္ရဲ႕ဂိုးက သြင္းဂိုးအျဖစ္ မေပးသင့္ပါဘူး။ လီဗာပူးဘက္က သံုးေယာက္ထက္ပိုတဲ့ လူတံတိုင္းကို လုပ္ထားခ်ိန္မွာ ဘရိုက္တန္ရဲ႕ တိုက္စစ္သမားေတြက လူကာတံတိုင္းရဲ႕ သံုးေပအကြာ ေနရာမွာရွိေနရမွာကို ရွိမေနခဲ့ပါဘူး ” လို႔ ဆိုခဲ့တာပါ။

ဒန္႔ရဲ႕ သြင္းဂိုးကို VAR ဘက္က ဆံုးျဖတ္ခ်က္ ျပဳလုပ္မယ္ဆိုရင္ စည္းမ်ဥ္းသစ္အရ ေနရာယူမႈ မမွန္ကန္ဘူးဆိုတာ ၾကည့္ရမွာျဖစ္တယ္။ ဖရီးကစ္ကို ကန္ခြင့္ျပဳခဲ့တဲ့ အက္ကင္ဆန္ဟာ ဘရိုက္တန္ ကစားသမားေတြရဲ႕ အေနအထားကို သတိမေပးခဲ့ပဲ ခပ္ေစာေစာ ဝီစီမႈတ္ခဲ့တာျဖစ္ျပီး လူစားဝင္လာတဲ့ အတ္ဒရီယန္ကလည္း ဂိုးတိုင္ ေဒါင့္မွာေရာက္ေနကာ ကာကြယ္မႈ မလုပ္ႏုိင္ခဲ့တာပဲ ျဖစ္ပါတယ္။

လက္က်န္ ၁၅ မိနစ္ေလာက္မွာ လီဗာပူးက ဖိအားေတြ မ်ားခဲ့ကာ ေဘာလံုးပိုင္ဆုိင္မႈ ၂၀% ေလာက္ကို ထိုးက်ခဲ့ျပီး တစ္ေယာက္ေလ်ာ့မွာ အႏုိင္သံုးမွတ္ရဖို႔ ခက္ခက္ခဲခဲ ရုန္းကန္ခဲ့ရတာျဖစ္ပါတယ္။