ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အဖြစ် ဒီအပတ်မှာတော့ အာဆင်နယ်ဟာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး ပြိုင်ပွဲစုံ ၈ ပွဲဆက် နိုင်ပွဲပျော်နေမှုကို အဆုံးသတ်ရတော့မယ့် အချိန်ရောက်ပြီလို့ အိုဝင်က ဆိုပါတယ်။

မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း ယွန်းဘတ် ပထမဆုံးကိုင်တွယ်တဲ့ နော်ဝစ်ပွဲမှာလည်း အနိုင်မရခဲ့ပဲ ခံစစ်က ပြဿနာတွေ ဆက်လက် ပေါ်ပေါက်နေခဲ့တယ်။ ဒီပွဲကတော့ ယွန်းဘတ်ရဲ့ အမ်းမရီကွင်းက ဂန်းနားပရိသတ်တွေရှေ့ ပထမဆုံးအကြိမ် ကိုင်တွယ်မှုဖြစ်ပြီး အနိုင်ရလဒ်ကို ရရှိမယ်လို့လည်း ပရီးမီးယားလိဂ် တိုက်စစ်မှူးက ယုံကြည်နေပါတယ်။

မိုက်ကယ်အိုဝင်က ” အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲမရခဲ့တာ ၆ ပွဲထိ ရှိထားခဲ့ပါပြီ။ သီတင်းပတ်အကုန်က နော်ဝစ်ကို အဝေးကွင်းမှာ ၂-၂ နဲ့ သရေကျခဲ့တာကြောင့် ကုန်ခဲ့တဲ့ ၈ နှစ်အတွင်း အဆိုးရွားဆုံး နိုင်ပွဲပျောက်တဲ့ မှတ်တမ်းပဲဖြစ်တယ်။ ဒါပေမယ့်လို့ ကြားရက် အိမ်ကွင်းမှာ ဘရိုက်တန်ကို ဧည့်ခံချိန်ကစလို့ သူတို့ရဲ့ ရလဒ်ဆိုးရွားနေမှုက ရပ်တန့်သွားဖို့ ကျနော် မျှော်လင့်ထားပါတယ်။

အမ်မရီမှာ ပထမဆုံးအကြိမ်အဖြစ် ယွန်းဘတ်က ဂန်းနားတွေကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ နောက်ထပ် အမြဲတမ်း မန်နေဂျာအဖြစ် ဘယ်သူကပဲ ကိုင်တွယ်သည်ဖြစ်စေ သူတို့ရဲ့ ခံစစ်ပိုင်း အားးနည်းမှုကတော့ ပြုပြင်စရာ ကိစ္စအဖြစ် ဆက်ရှိနေမှာပါ ” လို့ သုံးသပ်သွားခဲ့တယ်။

အာဆင်နယ်နဲ့ ဘရိုက်တန်ပွဲကိုတော့ မိုက်ကယ်အိုဝင်က အာဆင်နယ် အနိုင်ရမှာဖြစ်ပေမယ့် နှစ်သင်းလုံး ဂိုးသွင်းပါလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၅ အျဖစ္ ဒီအပတ္မွာေတာ့ အာဆင္နယ္ဟာ ဘရိုက္တန္ကို အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ျပီး ျပိဳင္ပြဲစံု ၈ ပြဲဆက္ ႏုိင္ပြဲေပ်ာ္ေနမႈကို အဆံုးသတ္ရေတာ့မယ့္ အခ်ိန္ေရာက္ျပီလို႔ အိုဝင္က ဆိုပါတယ္။

မန္ေနဂ်ာအမ္မရီကို ရာထူးကေန ထုတ္ပယ္ျပီးေနာက္ပိုင္း ယြန္းဘတ္ ပထမဆံုးကိုင္တြယ္တဲ့ ေနာ္ဝစ္ပြဲမွာလည္း အႏုိင္မရခဲ့ပဲ ခံစစ္က ျပႆနာေတြ ဆက္လက္ ေပၚေပါက္ေနခဲ့တယ္။ ဒီပြဲကေတာ့ ယြန္းဘတ္ရဲ႕ အမ္းမရီကြင္းက ဂန္းနားပရိသတ္ေတြေရွ႔ ပထမဆံုးအၾကိမ္ ကိုင္တြယ္မႈျဖစ္ျပီး အႏုိင္ရလဒ္ကို ရရွိမယ္လို႔လည္း ပရီးမီးယားလိဂ္ တိုက္စစ္မွဴးက ယံုၾကည္ေနပါတယ္။

မိုက္ကယ္အိုဝင္က ” အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ႏုိင္ပြဲမရခဲ့တာ ၆ ပြဲထိ ရွိထားခဲ့ပါျပီ။ သီတင္းပတ္အကုန္က ေနာ္ဝစ္ကို အေဝးကြင္းမွာ ၂-၂ နဲ႔ သေရက်ခဲ့တာေၾကာင့္ ကုန္ခဲ့တဲ့ ၈ ႏွစ္အတြင္း အဆိုးရြားဆံုး ႏိုင္ပြဲေပ်ာက္တဲ့ မွတ္တမ္းပဲျဖစ္တယ္။ ဒါေပမယ့္လို႔ ၾကားရက္ အိမ္ကြင္းမွာ ဘရိုက္တန္ကို ဧည့္ခံခ်ိန္ကစလို႔ သူတို႔ရဲ႕ ရလဒ္ဆိုးရြားေနမႈက ရပ္တန္႔သြားဖို႔ က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္။

အမ္မရီမွာ ပထမဆံုးအၾကိမ္အျဖစ္ ယြန္းဘတ္က ဂန္းနားေတြကို ဦးေဆာင္သြားမွာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ေနာက္ထပ္ အျမဲတမ္း မန္ေနဂ်ာအျဖစ္ ဘယ္သူကပဲ ကိုင္တြယ္သည္ျဖစ္ေစ သူတို႔ရဲ႕ ခံစစ္ပိုင္း အားးနည္းမႈကေတာ့ ျပဳျပင္စရာ ကိစၥအျဖစ္ ဆက္ရွိေနမွာပါ ” လို႔ သံုးသပ္သြားခဲ့တယ္။

အာဆင္နယ္နဲ႔ ဘရိုက္တန္ပြဲကိုေတာ့ မိုက္ကယ္အိုဝင္က အာဆင္နယ္ အႏုိင္ရမွာျဖစ္ေပမယ့္ ႏွစ္သင္းလံုး ဂိုးသြင္းပါလိမ့္မယ္လို႔ ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။