ဒီအပတ် အန်ဖီးကွင်းမှာတော့ ပွဲကြီးတစ်ပွဲအဖြစ် လီဗာပူးနဲ့ အဲဗာတန်တို့ဟာ မာဆေးဆိုဒ် ဒါဘီပွဲကို ယှဉ်ပြိုင်ကစားကြမှာပဲ ဖြစ်ပါတယ်။

အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးသော ဒါဘီပွဲတွေထဲက တစ်ပွဲအဖြစ် သက်မှတ်ကြတဲ့ မာဆေးဆိုဒ်ဒါဘီဟာ မိသားစု အဆန်ဆုံးနဲ့ အကြမ်းဆုံးသော ဒါဘီပွဲလို ဆိုစမှတ်ပြုကြတယ်။ လီဗာပူးမြို့အခြေစိုက် ကလပ်နှစ်သင်းဟာ နှစ်သင်းထိပ်တိုက်တွေ့တိုင်း ခက်ခဲပြီး ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လေ့ရှိသလို ဒီတစ်ကြိမ်မှာ တစ်သင်းက အမှတ်ပေးဇယား ဦးဆောင်နေပြီး တစ်သင်းက တန်းဆင်ဇုံနား ရောက်ဖို့နီးနေတာဖြစ်ပါတယ်။

ဒီပွဲနဲ့ ပက်သက်ပြီး လီဗာပူးမြို့ဖွား ပရီးမီးယားလိဂ်တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်က နှစ်သင်းလုံး တိုက်စစ်ဖွင့်တဲ့ ဖျော်ဖြေမှုပေးနိုင်စွမ်းရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

မိုက်ကယ်အိုဝင်က ” လီဗာပူးမှာ ၂၃၄ ကြိမ်မြောက် မာဆေးဆိုဒ်ဒါဘီပွဲ ကစားကြမှာဖြစ်ပါတယ်။ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ထားတဲ့ လီဗာပူးအသင်းနဲ့ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာက အသင်းတို့ရဲ့ ဖျော်ဖြေမှုပေးမယ့် ပွဲတစ်ပွဲဖြစ်တယ်။ လီဗာပူးအတွက် စိတ်ချလက်ချ နိုင်ပွဲတစ်ခု ဖြစ်သွားမလား?

မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးက သူတို့ရဲ့ မဟာပြိုင်ဘက်ကို အသာရစေမှာ မဟုတ်ပါဘူး။ ယာဂင်ကလော့ပ်ကလည်း တနင်္ဂနွေတုန်းက အနီးကဒ်ပြိုင်ဘက် လက်စတာကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်စဉ် အဲဗာတန်တို့ ရမှတ် တစ်မှတ် ခွဲယူနိုင်ခဲ့တာကို အလိုရှိခဲ့မှာပါ။ ဒီရာသီမှာ အံ့သြလောက်စရရာ အနေအထားအဖြစ် လီဗာပူးက အိမ်ကွင်းမှာ clean sheet တစ်ပွဲမှ မရထားဘူး။ ဒါပေမယ့်လည်း ဒီတစ်ကြိမ် ဒါဘီပွဲမှာလည်း လီဗာပူးက အဗြာတန်ကို အနိုင်ရသွားဦးမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲဖြစ်တဲ့ လီဗာပူးနဲ့ အဲဗာတန်ပွဲမှာ နှစ်သင်းလုံး ဂိုးသွင်းကြမှာဖြစ်ပြီး လီဗာပူးက အနိုင်ရသွားလိမ့်မယ်လို့ အိုဝင်က ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ အန္ဖီးကြင္းမွာေတာ့ ပြဲၾကီးတစ္ပြဲအျဖစ္ လီဗာပူးနဲ႔ အဲဗာတန္တို႔ဟာ မာေဆးဆိုဒ္ ဒါဘီပြဲကို ယွဥ္ျပိဳင္ကစားၾကမွာပဲ ျဖစ္ပါတယ္။

အဂၤလန္ရဲ႕ ျပိဳင္ဆုိင္မႈ အျပင္းထန္ဆံုးေသာ ဒါဘီပြဲေတြထဲက တစ္ပြဲအျဖစ္ သက္မွတ္ၾကတဲ့ မာေဆးဆိုဒ္ဒါဘီဟာ မိသားစု အဆန္ဆံုးနဲ႔ အၾကမ္းဆံုးေသာ ဒါဘီပြဲလို ဆိုစမွတ္ျပဳၾကတယ္။ လီဗာပူးျမိဳ႕အေျခစိုက္ ကလပ္ႏွစ္သင္းဟာ ႏွစ္သင္းထိပ္တိုက္ေတြ႔တိုင္း ခက္ခဲျပီး ျပင္းထန္တဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္ေလ့ရွိသလို ဒီတစ္ၾကိမ္မွာ တစ္သင္းက အမွတ္ေပးဇယား ဦးေဆာင္ေနျပီး တစ္သင္းက တန္းဆင္ဇံုနား ေရာက္ဖို႔နီးေနတာျဖစ္ပါတယ္။

ဒီပြဲနဲ႔ ပက္သက္ျပီး လီဗာပူးျမိဳ႕ဖြား ပရီးမီးယားလိဂ္တိုက္စစ္သမားေဟာင္း မုိက္ကယ္အိုဝင္က ႏွစ္သင္းလံုး တိုက္စစ္ဖြင့္တဲ့ ေဖ်ာ္ေျဖမႈေပးႏုိင္စြမ္းရွိတဲ့ ပြဲေကာင္းတစ္ပြဲျဖစ္လာမယ္လုိ႔ ေဟာကိန္းထုတ္လုိက္ပါတယ္။

မိုက္ကယ္အိုဝင္က ” လီဗာပူးမွာ ၂၃၄ ၾကိမ္ေျမာက္ မာေဆးဆိုဒ္ဒါဘီပြဲ ကစားၾကမွာျဖစ္ပါတယ္။ အမွတ္ေပးဇယားကို ၈ မွတ္ျဖတ္ထားတဲ့ လီဗာပူးအသင္းနဲ႔ တန္းဆင္းဇုန္နဲ႔ ၂ မွတ္အကြာက အသင္းတို႔ရဲ႕ ေဖ်ာ္ေျဖမႈေပးမယ့္ ပြဲတစ္ပြဲျဖစ္တယ္။ လီဗာပူးအတြက္ စိတ္ခ်လက္ခ် ႏုိင္ပြဲတစ္ခု ျဖစ္သြားမလား?

မာေဆးဆိုဒ္ဒါဘီမွာ လီဗာပူးက သူတို႔ရဲ႕ မဟာျပိဳင္ဘက္ကို အသာရေစမွာ မဟုတ္ပါဘူး။ ယာဂင္ကေလာ့ပ္ကလည္း တနဂၤေႏြတုန္းက အနီးကဒ္ျပိဳင္ဘက္ လက္စတာကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္စဥ္ အဲဗာတန္တို႔ ရမွတ္ တစ္မွတ္ ခြဲယူႏုိင္ခဲ့တာကို အလိုရွိခ့ဲမွာပါ။ ဒီရာသီမွာ အံ့ၾသေလာက္စရရာ အေနအထားအျဖစ္ လီဗာပူးက အိမ္ကြင္းမွာ clean sheet တစ္ပြဲမွ မရထားဘူး။ ဒါေပမယ့္လည္း ဒီတစ္ၾကိမ္ ဒါဘီပြဲမွာလည္း လီဗာပူးက အျဗာတန္ကို အႏုိင္ရသြားဦးမွာ ျဖစ္ပါတယ္ ” လုိ႔ ဆိုခဲ့ပါတယ္။

အဂၤလန္ရဲ႕ ျပိဳင္ဆုိင္မႈ အျပင္းထန္ဆံုး ဒါဘီပြဲျဖစ္တဲ့ လီဗာပူးနဲ႔ အဲဗာတန္ပြဲမွာ ႏွစ္သင္းလံုး ဂိုးသြင္းၾကမွာျဖစ္ျပီး လီဗာပူးက အႏုိင္ရသြားလိမ့္မယ္လို႔ အိုဝင္က ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။