PSG စတား ​နေမာဟာ ပြီးခဲ့တဲ့အပါတ်​က ပြင်းသစ်​ဖလား ပွဲစဉ်​အပြီး ဒုတိယဆုတက်ယူဖို့ စင်ပေါ်ကိုတက်ရောက်နေတဲ့ အချိန်မှာ ရင်းနက်​စ်​ ပရိသတ်​တစ်​ဦးရဲ့ မျက်နှာကို ထိုးခဲ့တာ​ကြောင့်​ ရှစ်​ပွဲပယ်​ ပြစ်​ဒါဏ်​ကျခံဖို့ ရှိ​နေပါတယ်​။

ပီအက်ဂျီဟာ အဆိုပါပွဲစဉ်မှာ ရင်းနက်​စ်​ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဘရာဇီးသားဟာ သူ့ကိုလှောင်ပြောင်တဲ့ ပွဲကြည့်ပရိသတ်တစ်ဦးရဲ့ မျက်နှာကို ထိုးခဲ့တာဖြစ်တယ်။ ရင်းနက်​စ်​ ပရိသတ်​တစ်​​ယောက်​က သူ့ကို ” ​ဘောလုံး ဘယ်​လိုကစားရသလည်းဆိုတာ သင်​ယူလိုက်​ဦး ” လို့ ​ပြောခဲ့တာ​လို့လည်း သိရပါတယ်​။

နေမာရဲ့ လုပ်ရပ်ကို ပီအက်ဂျီနည်းပြ တူချယ်ကိုယ်တိုင်က အပြစ်တင်ခဲ့ပေမယ့် ကစားသမားဘက်မှာသာ ရပ်တည်ပေးခဲ့ပါတယ်။ နေမာဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်တုန်းကလည်း ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့နောက် အင်စတာဂရမ်ကနေ ရင့်သီးတဲ့ စကားလုံးတွေအသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ ပွဲပယ်ခံထားရသူဖြစ်ပါတယ်။

ဆုတက်ယူနေစဉ် ဖြစ်ပွားခဲ့တဲ့ ပြိုင်ဘက်ပရိသတ်တွေကို နေမာရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ ပတ်သက်လို့ ပီအက်ဂျီ နည်းပြက

“ ကစားသမားတစ်ဦးဟာ ပရိသတ်တစ်ဦးကို အဲ့သည်လို့ ပြုမှုလို့ မရပါဘူး။ ဗိုလ်လုပွဲမှာ ရှုံးပွဲတစ်ပွဲကို ရင်ဆိုင်ရအပြီး စင်ပေါ်ကိုတက်ဖို့က မလွယ်လှပါဘူး၊ ကျနော် အပါအဝင် အားလုံးအတွက် အရမ်းကို ခက်ခဲပါတယ်၊ ဒါပေမယ့်လည်း ဒီအခြေအနေကို ကျနော်တို့ လက်ခံရမှာပါပဲ။ ရှုံးပွဲကြုံခဲ့ရင်တောင် လေးစားမှုကို ပြသရမှာပါ ” လို့ဆိုသွားခဲ့ပါတယ်။

ပီအက်ဂျီဟာ ရင်းနက်​စ်ကို ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် လးနှစ်ဆက် ပြင်သစ်ဖလား ချန်ပီယံအဖြစ်ကနေ အဆုံးသတ်သွားခဲ့ပါတယ်။ အဆိုပါပွဲ ပွဲချိန်တွင်း အနီကဒ် ပြသခံခဲ့ရတဲ့ တိုက်စစ်မှူးအမ်ဘာပေးကလည်း ပီအက်ဂျီရဲ့ ပွဲသုံးပွဲကို လွဲချော်သွားဖို့ ရှိနေတာဖြစ်တယ်။

ဒီအပတ်ထဲမှာ ပြင်​သစ်​ ​ဘောလုံးအဖွဲ့ချုပ်​က ​နေမာရဲ့ ကိစ္စကို ဘယ်လောက် အပြစ်​ပေးမလဲ ဆုံးဖြတ်​ချက်​ ချမှတ်​သွားမှာ ဖြစ်​ပါတယ်​။ ပြင်သစ်သတင်းရေဲ့ ဖော်ပြချက်မှာတော့ ​နေမာဟာ ယခုလို့ အပြုအမူ​ကြောင့်​ အနည်းဆုံး ၃ ပွဲပယ်​ ပြစ်​ဒါဏ်​ကျခံရမှာ ဖြစ်​ပြီး ​ဆေးစစ်​ချက်​​တွေအရ ထိုးခံရသူမှာ ပြင်းထန်​တဲ့ ဒါဏ်​ရာအနာတရ​တွေ ​တွေ့ရှိခဲ့ရင်​​တော့ ရှစ်​ပွဲအထိ ကျခံရမှာ ဖြစ်​ပါတယ်​။