ဒီအပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးကွင်းမှာ လီဗာပူးဟာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီပွဲ ကစားရမှာဖြစ်ပြီး ဒီဇင်ဘာပွဲကြပ်ကို ပြင်းထန်မယ့် ပွဲတစ်ပွဲနဲ့အတူ ဝင်ရောက်ရမှာပဲဖြစ်ပါတယ်။

အစဉ်အလာအရ မာဆေးဆိုဒ်ဒါဘီဟာ ပြင်းထန်တဲ့ ဒါဘီပြိုင်ပွဲဖြစ်ပြီး ဒီတစ်ကြိမ် တွေ့ဆုံချိန်မှာ အဲဗာတန်က တန်းဆင်းဇုံကို မရောက်ဖို့ ရုန်းကန်ရမှာဖြစ်လို့ လီဗာပူးအတွက် လွယ်မှာ မဟုတ်ဘူးလို့ လော်ရိုးက ခန့်မှန်းသွားပါတယ်။

” အဲဗာတန်နည်းပြ မာကိုဆေးလ်ဗားရဲ့ အနာဂတ်က အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ အနေအထားပါ။ ဒါပေမယ့် သူ့အသင်းဟာ တနင်္ဂနွေနေ့ လက်စတာနဲ့ ကစားတုန်းက ရှုံးပွဲတွေ့ခဲ့သည့်တိုင် ကစားပုံ တော်တော် ကောင်းမွန်လာတယ်လို့ ကျနော် ထင်တယ်။ ဒါကြောင့် သူက အဝတ်လဲခန်းထဲမှာ ပါဝါတော့ မဆုံးရှုံးသေးပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ သူ့အသင်းသားတွေ ကစားသွားပုံကြည့်ရတာ မှားယွင်းနေတာ မရှိခဲ့ဘူး။ ဆေးလ်ဗား လိုအပ်နေတာက တိုက်စစ်မှူး တစ်ဦး ဂိုးမုဆိုးတစ်ဦးပဲ ဖြစ်တယ်။ တော်ဖီတွေ (အဲဗာတန်) အနေနဲ့ လီဗာပူးကို ခက်ခဲအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။

လီဗာပူး ပရိသတ်တွေ အတွက် စိုးရိမ်စရာကတော့ ဂိုးမှာ အားထားရတဲ့ အယ်လစ်ဆန် ပါဝင်မှာ မဟုတ်ဘဲ အက်ဒရီယန် တာဝန်ယူရမှာပါ။ အဲဗာတန်က ဘောလုံးကို တိုက်ရိုက် ပေးပို့ ကစားတယ်။ အက်ဒရီယန်ကို ထောင့်ကန်ဘောတွေ ဖရီးကစ်တွေနဲ့ စမ်းသပ်ကြပါလိမ့်မယ်။ အက်ဒရီယန်က ဒီလို တည်ကန်ဘောတွေနဲ့ နည်းနည်း တုန်လှုပ်တဲ့ပုံ ရပါတယ်။

လီဗာပူး နိုင်ပွဲ ရဖို့ ကျနော် ထင်ထားပေမယ့် သူတို့ လွယ်ကူမယ်လို့တော့ မျှော်လင့်မထားပါဘူး။ နှစ်သင်းကို ယှဉ်ကြည့်ရင် လီဗာပူးက အနိုင်ရဖို့ အလေးသာ ရေပန်းစားတဲ့ အသင်း ဖြစ်တာ မှန်ပေမယ့် ဒီလို ဒါဘီပွဲတွေက လှည့်ကွက်တွေ ရှိပါတယ်။ တခြားပွဲတွေနဲ့ မတူဘူး။ ” လို့ လော်ရိုးက သုံးသပ် ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၂-၀ အဲဗာတန် ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ပြဲအျဖစ္ အန္ဖီးကြင္းမွာ လီဗာပူးဟာ အဲဗာတန္နဲ႔ မာေဆးဆိုဒ္ဒါဘီပြဲ ကစားရမွာျဖစ္ျပီး ဒီဇင္ဘာပြဲၾကပ္ကို ျပင္းထန္မယ့္ ပြဲတစ္ပြဲနဲ႔အတူ ဝင္ေရာက္ရမွာပဲျဖစ္ပါတယ္။

အစဥ္အလာအရ မာေဆးဆိုဒ္ဒါဘီဟာ ျပင္းထန္တဲ့ ဒါဘီျပိဳင္ပြဲျဖစ္ျပီး ဒီတစ္ၾကိမ္ ေတြ႔ဆံုခ်ိန္မွာ အဲဗာတန္က တန္းဆင္းဇံုကို မေရာက္ဖုိ႔ ရုန္းကန္ရမွာျဖစ္လို႔ လီဗာပူးအတြက္ လြယ္မွာ မဟုတ္ဘူးလို႔ ေလာ္ရိုးက ခန္႔မွန္းသြားပါတယ္။

” အဲဗာတန္နည္းျပ မာကိုေဆးလ္ဗားရဲ႕ အနာဂတ္က အသင္းမွာ ဆက္ရွိဖို႔ မေသခ်ာတဲ့ အေနအထားပါ။ ဒါေပမယ့္ သူ႔အသင္းဟာ တနဂၤေႏြေန႔ လက္စတာနဲ႕ ကစားတုန္းက ရွံဳးပြဲေတြ႔ခဲ့သည့္တိုင္ ကစားပံု ေတာ္ေတာ္ ေကာင္းမြန္လာတယ္လို႔ က်ေနာ္ ထင္တယ္။ ဒါေၾကာင့္ သူက အ၀တ္လဲခန္းထဲမွာ ပါ၀ါေတာ့ မဆံုးရွံဳးေသးပါဘူး။

ဘာျဖစ္လို႔လဲ ဆိုေတာ့ သူ႔အသင္းသားေတြ ကစားသြားပံုၾကည့္ရတာ မွားယြင္းေနတာ မရွိခဲ့ဘူး။ ေဆးလ္ဗား လိုအပ္ေနတာက တိုက္စစ္မွဴး တစ္ဦး ဂိုးမုဆိုးတစ္ဦးပဲ ျဖစ္တယ္။ ေတာ္ဖီေတြ (အဲဗာတန္) အေနနဲ႕ လီဗာပူးကို ခက္ခဲေအာင္ လုပ္နုိင္တဲ့ နည္းလမ္းေတြ ရွိေနပါတယ္။

လီဗာပူး ပရိသတ္ေတြ အတြက္ စိုးရိမ္စရာကေတာ့ ဂိုးမွာ အားထားရတဲ့ အယ္လစ္ဆန္ ပါ၀င္မွာ မဟုတ္ဘဲ အက္ဒရီယန္ တာ၀န္ယူရမွာပါ။ အဲဗာတန္က ေဘာလံုးကို တိုက္ရိုက္ ေပးပို႔ ကစားတယ္။ အက္ဒရီယန္ကို ေထာင့္ကန္ေဘာေတြ ဖရီးကစ္ေတြနဲ႕ စမ္းသပ္ၾကပါလိမ့္မယ္။ အက္ဒရီယန္က ဒီလို တည္ကန္ေဘာေတြနဲ႕ နည္းနည္း တုန္လႈပ္တဲ့ပံု ရပါတယ္။

လီဗာပူး နုိင္ပြဲ ရဖို႔ က်ေနာ္ ထင္ထားေပမယ့္ သူတို႔ လြယ္ကူမယ္လို႔ေတာ့ ေမွ်ာ္လင့္မထားပါဘူး။ နွစ္သင္းကို ယွဥ္ၾကည့္ရင္ လီဗာပူးက အနုိင္ရဖို႔ အေလးသာ ေရပန္းစားတဲ့ အသင္း ျဖစ္တာ မွန္ေပမယ့္ ဒီလို ဒါဘီပြဲေတြက လွည့္ကြက္ေတြ ရွိပါတယ္။ တျခားပြဲေတြနဲ႕ မတူဘူး။ ” လို႔ ေလာ္ရိုးက သံုးသပ္ ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး ၂-၀ အဲဗာတန္ ျဖစ္ပါတယ္။