ဒေါ့မွန်အသင်းမှ အင်္ဂလန်လူငယ် တောင်ပံသမားဖြစ်သူ ဆန်ချိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းက လီဗာပူးဖြစ်လာခဲ့ပြီး ဒေါ့မွန် တောင်ပံသမားကတော့ ဇန်နဝါရီမှာတင် အသင်းပြောင်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဒီသတင်းကို ဖော်ပြခဲ့သူက ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်လီဂါ ကစားသမားဟောင်းဖြစ်ကာ လက်ရှိမှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ Jan Aage Fjortoft ပဲ ဖြစ်ပါတယ်။ သူကပဲ တွစ်တာစာမျက်နှာမှတစ်ဆင့် ” ဂျာမနီက အရမ်းကောင်းမွန်တဲ့ သတင်းပေးကနေပြီး ကလော့ပ်နဲ့ လီဗာပူးဟာ ဒေါ့မွန်စတား ဆန်ချိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ကစားသမားက ဇန်နဝါရီမှာ အသင်းပြောင်းလိုနေတယ် ” လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ဆန်ချိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် အများအပြားအပြင် လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဘက်ကလည်း ကြိုးစားမှုတွေ ရှိထားတာပါ။ မန်နေဂျာဆိုးရှားက ဦးစားပေးပစ်မှတ်အဖြစ် သက်မှတ်ထားတဲ့ ကစားသမားဟာ အစောတုန်းက လာလီဂါကိုပဲ ဦးစားပေးအဖြစ် ပြောင်းလိုနေတယ်လို့လည်း သိထားရတာဖြစ်ပါတယ်။

ဆန်ချိုဟာ မန်စီးတီးအကယ်ဒမီကနေ ပေါ်ထွက်လာပြီး မန်စီးတီးဘက်ကပေးတဲ့ စာချုပ်သစ်ကို ငြင်းဆန်ကာ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့သူပါ။ မနှစ်ကရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ဆန်ချိုဟာ ဒီရာသီမှာတော့ အဆင်မပြေမှုတွေကို ရင်ဆိုင်နေရတာကြောင့် သူ့ကို စိတ်င်စားနေတဲ့ ထိပ်တန်းအသင်းတွေထဲက တစ်သင်းထံ ပြောင်းရွှေ့ဖို့ ပြန်လည် စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

Fjortoft က လီဗာပူးကပဲ ဆန်ချိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံးလို့ အခိုင်အမာ ပြောခဲ့သလို ကစားသမားနဲ့ ပက်သက်ပြီး အချက်လေးချက်ကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

– ဆန်ချိုဟာ ဒေါ့မွန်နဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး မပါဝင်
– ဒေါ့မွန်ဟာ ဘာစီလိုနာထံ ဒမ်ဘီလီကို ရောင်းချခဲ့တုန်းက ရရှိခဲ့တဲ့ ပေါင် ၉၀ သန်းထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးကို အလိုရှိနေတယ်
– သတင်းပေးရဲ့ ပြောဆိုမှုအရ ဆန်ချိုအတွက် ဒေါ့မွန်ဘက်က အလိုရှိတဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၁၃၀ သန်း ဖြစ်တယ်

လို့ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေဒါ့မြန္အသင္းမွ အဂၤလန္လူငယ္ ေတာင္ပံသမားျဖစ္သူ ဆန္ခ်ိဳကို ေခၚယူဖို႔ ေရပန္းအစားဆံုးအသင္းက လီဗာပူးျဖစ္လာခဲ့ျပီး ေဒါ့မြန္ ေတာင္ပံသမားကေတာ့ ဇန္နဝါရီမွာတင္ အသင္းေျပာင္းႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္လုိ႔ သိရပါတယ္။

ဒီသတင္းကို ေဖာ္ျပခဲ့သူက ပရီးမီးယားလိဂ္နဲ႔ ဘြန္ဒက္လီဂါ ကစားသမားေဟာင္းျဖစ္ကာ လက္ရွိမွာ အားကစားသံုးသပ္သူအျဖစ္ အလုပ္လုပ္ေနတဲ့ Jan Aage Fjortoft ပဲ ျဖစ္ပါတယ္။ သူကပဲ တြစ္တာစာမ်က္ႏွာမွတစ္ဆင့္ ” ဂ်ာမနီက အရမ္းေကာင္းမြန္တဲ့ သတင္းေပးကေနျပီး ကေလာ့ပ္နဲ႔ လီဗာပူးဟာ ေဒါ့မြန္စတား ဆန္ခ်ိဳကို ေခၚယူဖို႔ ေရပန္းအစားဆံုးျဖစ္ေနျပီး ကစားသမားက ဇန္နဝါရီမွာ အသင္းေျပာင္းလိုေနတယ္ ” လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

ဆန္ခ်ိဳကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ကလပ္ အမ်ားအျပားအျပင္ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ဘက္ကလည္း ၾကိဳးစားမႈေတြ ရွိထားတာပါ။ မန္ေနဂ်ာဆိုးရွားက ဦးစားေပးပစ္မွတ္အျဖစ္ သက္မွတ္ထားတဲ့ ကစားသမားဟာ အေစာတုန္းက လာလီဂါကိုပဲ ဦးစားေပးအျဖစ္ ေျပာင္းလိုေနတယ္လုိ႔လည္း သိထားရတာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ မန္စီးတီးအကယ္ဒမီကေန ေပၚထြက္လာျပီး မန္စီးတီးဘက္ကေပးတဲ့ စာခ်ဳပ္သစ္ကို ျငင္းဆန္ကာ ေဒါ့မြန္ကို ေျပာင္းေရႊ႔ခဲ့သူပါ။ မႏွစ္ကရာသီမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသထားႏုိင္တဲ့ ဆန္ခ်ိဳဟာ ဒီရာသီမွာေတာ့ အဆင္မေျပမႈေတြကို ရင္ဆုိင္ေနရတာေၾကာင့္ သူ႔ကို စိတ္င္စားေနတဲ့ ထိပ္တန္းအသင္းေတြထဲက တစ္သင္းထံ ေျပာင္းေရႊ႔ဖို႔ ျပန္လည္ စဥ္းစားလာခဲ့တာျဖစ္ပါတယ္။

Fjortoft က လီဗာပူးကပဲ ဆန္ခ်ိဳကို ေခၚယူဖို႔ ေရပန္းအစားဆံုးလို႔ အခိုင္အမာ ေျပာခဲ့သလို ကစားသမားနဲ႔ ပက္သက္ျပီး အခ်က္ေလးခ်က္ကိုလည္း ထုတ္ေဖာ္ခဲ့ပါတယ္။

– ဆန္ခ်ိဳဟာ ေဒါ့မြန္နဲ႔ စာခ်ဳပ္မွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး မပါဝင္
– ေဒါ့မြန္ဟာ ဘာစီလိုနာထံ ဒမ္ဘီလီကို ေရာင္းခ်ခဲ့တုန္းက ရရွိခဲ့တဲ့ ေပါင္ ၉၀ သန္းထက္ ပိုမ်ားတဲ့ ေျပာင္းေရႊ႔ေၾကးကို အလိုရွိေနတယ္
– သတင္းေပးရဲ႕ ေျပာဆိုမႈအရ ဆန္ခ်ိဳအတြက္ ေဒါ့မြန္ဘက္က အလိုရွိတဲ့ ေျပာင္းေရႊ႔ေၾကးက ေပါင္ ၁၃၀ သန္း ျဖစ္တယ္

လို႔ ေဖာ္ျပသြားခဲ့တာျဖစ္ပါတယ္။