လီဗာပူးကွင်းလယ်လူ ချိန်ဘာလိန်က ဒီရာသီ ပရီးမီးယားလိဂ်ကို လီဗာပူး လွှမ်းမိုထားနိုင်မှုမှာ အသင်းရဲ့ စိတ်ဓာတ်က အဓိကကျခဲ့တယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ၁၄ပွဲ ကစားပြီးချိန်မှာ ၁၃ပွဲနိုင်၊ ၁ပွဲသရေကျထားပြီး အမှတ်ပေးဇယားမှာ ၈မှတ် အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အသက် ၂၆နှစ်အရွယ် ကွင်းလယ်လူ ချိန်ဘာလိန်က ကလပ်ဟာ ဗုဒ္ဓဟူးနေ့မှာ မာဆေးဆိုဒ်ဒါဘီ ကစားဖို့ ပြင်ဆင်နေသလို ယုံကြည်မှုက အရာအားလုံးကို ပိုလွယ်ကူစေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပွဲကြပ်ဟာ လီဗာပူးအတွက် စိန်ခေါ်မှုဖြစ်ပြီး အဲဗာတန်ကလည်း အသင်းအတွက် ပြိုင်ဘက်ကောင်း တစ်သင်းပဲဖြစ်ပါတယ်။

“ ပွဲတစ်ပွဲကစားဖို့ သွားတဲ့အခါ ငါတို့အနိုင်ရတော့မယ်ဆိုတဲ့ ယုံကြည်ချက်မျိုး အမြဲထားတယ်။ ဒါက ကျနော်တို့အားလုံးရဲ့ စိတ်ထဲမှာရှိတာပါ။ အနိုင်ရဖို့ ယုံကြည်ချက်နဲ့ ပွဲတွေကိုကစားတယ်။ ဘာတွေပဲဖြစ်ဖြစ် ကျနော်တို့ ဘယ်တော့မှ စိတ်မပျက်ဘူး။ ကျနော့်ကစားသမားဘဝမှာ အနိုင်ရဖို့ ရာနှုန်းပြည့် ယုံကြည်ချက်မရှိခဲ့တဲ့ အချိန်တွေရှိခဲ့တယ်။

ဒါပေမယ့် ဒီအသင်းနဲ့တော့ ကျနော်တို့မှာ ယုံကြည်မှုရှိတယ်၊ ဒါကအောင်မြင်ဖို့အတွက် လိုအပ်တဲ့ စိတ်မျိုးပါ။ အမြဲတမ်းတော့ မဟုတ်ပေမယ့် ဒီလိုယုံကြည်မှုမျိုးက အရာအားလုံးကို ပိုလွယ်ကူစေပါတယ်။ ကျနေ်ာတို့ ပွဲကို ယှဉ်ပြိုင်ကစားဖို့ လိုအပ်ချိန်မှာ အနိုင်ရရမယ်။ အချိန်တိုင်းတော့ မဖြစ်နိုင်ပေမယ့် ဒီစိတ်နဲ့ ပွဲတွေကို သွားတဲ့အခါ အကျိုးအမြတ် သက်ရောက်မှု ရှိပါတယ်။

အနိုင်ရဖို့ ပွဲတွေကို ကစားတယ်၊ အနိုင်ရဖို့ ဘာလုပ်ဖို့လိုတယ်ဆိုတာ သိတယ်။ အမှားအနည်းငယ် လုပ်မိတာတွေရှိပြီး မင်းမထိန်းချုပ်နိုင်တဲ့ တချို့အရာတွေ ရှိနိုင်ပေမယ့် ကျနော်တို့စိတ်ထဲမှာ အနိုင်ရဖို့ စိတ်ပဲရှိပါတယ်။ ဖြစ်လာမှာတွေကတော့ ဖြစ်လာမှာပါပဲ။ ကိုယ်ကတော့ အနိုင်ရလိုစိတ်ပဲ ရှိပါတယ်။ ” လို့ ချိန်ဘာလိန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ ခ်ိန္ဘာလိန္က ဒီရာသီ ပရီးမီးယားလိဂ္ကို လီဗာပူး လႊမ္းမိုထားႏိုင္မႈမွာ အသင္းရဲ႕ စိတ္ဓာတ္က အဓိကက်ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။ လီဗာပူးဟာ ၁၄ပြဲ ကစားၿပီးခ်ိန္မွာ ၁၃ပြဲႏိုင္၊ ၁ပြဲသေရက်ထားၿပီး အမွတ္ေပးဇယားမွာ ၈မွတ္ အသာနဲ႔ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

အသက္ ၂၆ႏွစ္အ႐ြယ္ ကြင္းလယ္လူ ခ်ိန္ဘာလိန္က ကလပ္ဟာ ဗုဒၶဟူးေန႔မွာ မာေဆးဆိုဒ္ဒါဘီ ကစားဖို႔ ျပင္ဆင္ေနသလို ယုံၾကည္မႈက အရာအားလုံးကို ပိုလြယ္ကူေစခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ ပြဲၾကပ္ဟာ လီဗာပူးအတြက္ စိန္ေခၚမႈျဖစ္ျပီး အဲဗာတန္ကလည္း အသင္းအတြက္ ျပိဳင္ဘက္ေကာင္း တစ္သင္းပဲျဖစ္ပါတယ္။

“ ပြဲတစ္ပြဲကစားဖို႔ သြားတဲ့အခါ ငါတို႔အႏိုင္ရေတာ့မယ္ဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳး အၿမဲထားတယ္။ ဒါက က်ေနာ္တို႔အားလုံးရဲ႕ စိတ္ထဲမွာရွိတာပါ။ အႏိုင္ရဖို႔ ယုံၾကည္ခ်က္နဲ႔ ပြဲေတြကိုကစားတယ္။ ဘာေတြပဲျဖစ္ျဖစ္ က်ေနာ္တို႔ ဘယ္ေတာ့မွ စိတ္မပ်က္ဘူး။ က်ေနာ့္ကစားသမားဘဝမွာ အႏိုင္ရဖို႔ ရာႏႈန္းျပည့္ ယုံၾကည္ခ်က္မရွိခဲ့တဲ့ အခ်ိန္ေတြရွိခဲ့တယ္။

ဒါေပမယ့္ ဒီအသင္းနဲ႔ေတာ့ က်ေနာ္တို႔မွာ ယုံၾကည္မႈရွိတယ္၊ ဒါကေအာင္ျမင္ဖို႔အတြက္ လိုအပ္တဲ့ စိတ္မ်ိဳးပါ။ အၿမဲတမ္းေတာ့ မဟုတ္ေပမယ့္ ဒီလိုယုံၾကည္မႈမ်ိဳးက အရာအားလုံးကို ပိုလြယ္ကူေစပါတယ္။ က်ေန္ာတို႔ ပြဲကို ယွဥ္ျပိဳင္ကစားဖို႔ လိုအပ္ခ်ိန္မွာ အႏုိင္ရရမယ္။ အခ်ိန္တိုင္းေတာ့ မျဖစ္ႏုိင္ေပမယ့္ ဒီစိတ္နဲ႔ ပြဲေတြကို သြားတဲ့အခါ အက်ိဳးအျမတ္ သက္ေရာက္မႈ ရွိပါတယ္။

အႏိုင္ရဖို႔ ပြဲေတြကို ကစားတယ္၊ အႏိုင္ရဖို႔ ဘာလုပ္ဖို႔လိုတယ္ဆိုတာ သိတယ္။ အမွားအနည္းငယ္ လုပ္မိတာေတြရွိျပီး မင္းမထိန္းခ်ဳပ္ႏိုင္တဲ့ တခ်ိဳ႕အရာေတြ ရွိႏိုင္ေပမယ့္ က်ေနာ္တို႔စိတ္ထဲမွာ အႏိုင္ရဖို႔ စိတ္ပဲရွိပါတယ္။ ျဖစ္လာမွာေတြကေတာ့ ျဖစ္လာမွာပါပဲ။ ကိုယ္ကေတာ့ အႏုိင္ရလိုစိတ္ပဲ ရွိပါတယ္။ ” လို႔ ခ်ိန္ဘာလိန္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။