မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ပေါစခိုးလ်က အသင်းဖော်ဟောင်း လက်ရှိ ယူနိုက်တက် နည်းပြ ဆိုးရှားကို အချိန် အတိုင်းအတာ တစ်ခု ပေးကြဖို့ မျှော်လင့်နေပေမယ့် ကလပ်အသင်းဟာ ပြောင်းလဲမှုကြီးကြီး လုပ်ဖို့ လိုအပ်နေပြီလို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ အတွင်းက အသင်းတွေနဲ့ များစွာ ကွာခြားနေပြီး လာမယ့် ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမှု သုံး လေး ခု လိုအပ်တယ်လို့ စခိုးလ်က ယုံကြည်နေပါတယ်။ ယူနိုက်တက်ဟာ ပွဲတိုင်း အမှတ်တွေ လျော့ပြီး အဆင့် ၁၀ နဲ့ ရာသီသိမ်းတဲ့ထိ လက်ပိုက် ကြည့်မနေနိုင်ဘူးလို့လည်း ၎င်းက သတိပေးခဲ့ပါတယ်။

” အသင်းရဲ့ လက်ရှိ အခြေအနေကို ပရိသတ်တွေက လက်ခံနိုင်မှာ မဟုတ်ပါဘူး။ အိုလေ၊ သူ့ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းက လူတွေက လက်ရှိ အနေအထားဟာ လုံလောက် ကောင်းမွန်မှု မရှိကြောင်း သိကြပါတယ်။ အိုလေက သူ လိုချင်တဲ့ အသင်းကို တည်ဆောက်သွားရင်း လိုအပ်တဲ့ ရလဒ်တွေကိုလည်း ယူသွား၇မှာပါ။ ”

” ပွဲတိုင်း အမှတ်တွေလျော့ပြီး အဆင့် ၁၀ လောက်နဲ့ ရာသီ သိမ်းလို့ မဖြစ်ပါဘူး။ သူ့ အနေနဲ့ အသင်းမှာ တိုးတက်ရိပ်တွေ ပြဖို့ လိုတယ်။ ယာဂင်ကလော့ လီဗာပူးကို လာတုန်းက ပထမတစ်နှစ်နဲ့ နောက်နှစ်မှာ သူတို့ တစ်ခုခုကို တည်ဆောက်နေတယ်လို့ ခံစားမိတယ်။ ဒီနှစ်ဆို အမှတ်ပေးဖလားကို သူတို့ သိမ်းပိုက်တော့မလိုပဲ။ ”

” ပရိသတ်တွေ အတွက် အကောင်းတွေကို မျှော်လင့်နိုင်စရာ တစ်ခုခု လိုအပ်တယ်။ အသင်းက တစ်နှစ် နှစ်နှစ် အတွင်း စိန်ခေါ်မှုတွေ လုပ်တော့မှာ စသဖြင့်ပေါ့။ လောလောဆယ် မိနစ်ပိုင်းမှာတော့ ဒါမျိုးတွေ မမြင်နိုင်ဘူး။ ဒါပေမယ့် အပြောင်းအရွှေ့ ကာလာ ၃-၄ ခုလောက် ပြီးရင် ဘာတွေ ဖြစ်လာနိုင်မလဲ ဘယ်သူမှ မသိဘူး။ အိုလေ အနေနဲ့ အခြေအနေတွေကို ပြောင်းပစ်နိုင်မယ် မျှော်လင့်ပါတယ်။ ” လို့ စခိုးလ်က ဆိုပါတယ်။

ဒီတလောမှာတော့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရှိတဲ့ ယူနိုက်တက် အတွက် လွယ်ကူတဲ့ အခိုက်အတန့်တွေ ရှိဦးမှာတော့ မဟုတ်ပါဘူး။ လာမယ့်နှစ်ပွဲမှာ တစ်ပွဲက နည်းပြဟောင်း မော်ရင်ညိုရဲ့ စပါးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို နောက်တစ်ပွဲကတော့ မန်စီးတီးကို အီတီဟက်မှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ဒီပွဲစဉ်တွေထဲက အကောင်းဆုံး ရလဒ်တွေ ထွက်လာဖို့ဟာ ဆိုးရှားနဲ့ ယူနိုက်တက် အတွက် စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ ဂႏၱ၀င္ကစားသမားၾကီး ေပါစခိုးလ္က အသင္းေဖာ္ေဟာင္း လက္ရွိ ယူနိုက္တက္ နည္းျပ ဆိုးရွားကို အခ်ိန္ အတိုင္းအတာ တစ္ခု ေပးၾကဖို႔ ေမွ်ာ္လင့္ေနေပမယ့္ ကလပ္အသင္းဟာ ေျပာင္းလဲမႈၾကီးၾကီး လုပ္ဖို႔ လိုအပ္ေနျပီလို႔ ၀န္ခံခဲ့ပါတယ္။

ယူနိုက္တက္ဟာ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၄ အတြင္းက အသင္းေတြနဲ႕ မ်ားစြာ ကြာျခားေနျပီး လာမယ့္ ဇန္န၀ါရီမွာ ကစားသမား ေခၚယူမႈ သံုး ေလး ခု လိုအပ္တယ္လို႔ စခိုးလ္က ယံုၾကည္ေနပါတယ္။ ယူနိုက္တက္ဟာ ပြဲတိုင္း အမွတ္ေတြ ေလ်ာ့ျပီး အဆင့္ ၁၀ နဲ႕ ရာသီသိမ္းတဲ့ထိ လက္ပိုက္ ၾကည့္မေနနုိင္ဘူးလို႔လည္း ၄င္းက သတိေပးခဲ့ပါတယ္။

” အသင္းရဲ႕ လက္ရွိ အေျခအေနကို ပရိသတ္ေတြက လက္ခံနိုင္မွာ မဟုတ္ပါဘူး။ အိုေလ၊ သူ႔ နည္းျပအဖြဲ႕၀င္ေတြနဲ႕ အသင္းက လူေတြက လက္ရွိ အေနအထားဟာ လံုေလာက္ ေကာင္းမြန္မႈ မရွိေၾကာင္း သိၾကပါတယ္။ အိုေလက သူ လိုခ်င္တဲ့ အသင္းကို တည္ေဆာက္သြားရင္း လိုအပ္တဲ့ ရလဒ္ေတြကိုလည္း ယူသြား၇မွာပါ။ ”

” ပြဲတိုင္း အမွတ္ေတြေလ်ာ့ျပီး အဆင့္ ၁၀ ေလာက္နဲ႕ ရာသီ သိမ္းလို႔ မျဖစ္ပါဘူး။ သူ႔ အေနနဲ႕ အသင္းမွာ တိုးတက္ရိပ္ေတြ ျပဖို႔ လိုတယ္။ ယာဂင္ကေလာ့ လီဗာပူးကို လာတုန္းက ပထမတစ္နွစ္နဲ႕ ေနာက္နွစ္မွာ သူတို႔ တစ္ခုခုကို တည္ေဆာက္ေနတယ္လို႔ ခံစားမိတယ္။ ဒီနွစ္ဆို အမွတ္ေပးဖလားကို သူတို႔ သိမ္းပိုက္ေတာ့မလိုပဲ။ ”

” ပရိသတ္ေတြ အတြက္ အေကာင္းေတြကို ေမွ်ာ္လင့္နိုင္စရာ တစ္ခုခု လိုအပ္တယ္။ အသင္းက တစ္နွစ္ နွစ္နွစ္ အတြင္း စိန္ေခၚမႈေတြ လုပ္ေတာ့မွာ စသျဖင့္ေပါ့။ ေလာေလာဆယ္ မိနစ္ပိုင္းမွာေတာ့ ဒါမ်ိဳးေတြ မျမင္နုိင္ဘူး။ ဒါေပမယ့္ အေျပာင္းအေရႊ႕ ကာလာ ၃-၄ ခုေလာက္ ျပီးရင္ ဘာေတြ ျဖစ္လာနိုင္မလဲ ဘယ္သူမွ မသိဘူး။ အိုေလ အေနနဲ႕ အေျခအေနေတြကို ေျပာင္းပစ္နုိင္မယ္ ေမွ်ာ္လင့္ပါတယ္။ ” လို႔ စခိုးလ္က ဆိုပါတယ္။

ဒီတေလာမွာေတာ့ အမွတ္ေပးဇယား အဆင့္ ၉ ေနရာမွာ ရွိတဲ့ ယူနိုက္တက္ အတြက္ လြယ္ကူတဲ့ အခိုက္အတန္႔ေတြ ရွိဦးမွာေတာ့ မဟုတ္ပါဘူး။ လာမယ့္နွစ္ပြဲမွာ တစ္ပြဲက နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕ စပါးအသင္းနဲ႕ ရင္ဆုိင္ရမွာ ျဖစ္သလို ေနာက္တစ္ပြဲကေတာ့ မန္စီးတီးကို အီတီဟက္မွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ ဒီပြဲစဥ္ေတြထဲက အေကာင္းဆံုး ရလဒ္ေတြ ထြက္လာဖို႔ဟာ ဆိုးရွားနဲ႕ ယူနိုက္တက္ အတြက္ စိန္ေခၚမႈၾကီး ျဖစ္ပါတယ္။