အာဂျင်တီးနားသား မန်နေဂျာပိုချက်တီနိုက စပါးအသင်းရဲ့ မန်နေဂျာရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ကလပ်လက်မဲ့ ဖြစ်နေပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်၊ ယူနိုက်တက်တို့ကို လမ်းဖွင့်စကား ပြောဆိုခဲ့ပါတယ်။

တောင်အမေရိကသား အသက် ၄၇ နှစ်အရွယ် မန်နေဂျာက ၅ ရာသီခွဲကြာ ကိုင်တွယ်လာတဲ့ စပါးအသင်းကနေ ထွက်ခွာခဲ့ပြီး ဇာတိမြေကို ပြန်သွားပေမယ့် ဥရောပထံ မန်နေဂျာအဖြစ် လုပ်ကိုင်ဖို့ ပြန်လာမယ်လို့ ဆိုတယ်။ အာဆင်နယ်၊ ယူနိုက်တက်တို့ကို ပြောင်းဖြစ်မလားဆိုတဲ့ မေးမြန်းမှုကိုလည်း ငြင်းဆန်ခြင်း မပြုပဲ သူ့အပေါ် ဆွဲဆောင်နိုင်တဲ့ ပရော်ဂျက်တွေရှိတဲ့ အသင်းဆိုရင် ကိုင်တွယ်မှာပါလို့ ဖွင့်ဟခဲ့ပါတယ်။

ပိုချက်တီနိုက ပြောရာမှာ ” ကျနော်ကို ခေါ်ယူဖို့အတွက် ကလပ်အသင်းနဲ့ ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ပရော်ဂျက်တွေ ရှိပါတယ်။ ဒါပေမယ့် ကျနော်အတွက် အရေးကြီးဆုံးက စပါးနဲ့အတူ ၅ ရာသီခွဲအတွင်း မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့မှုတွေကို ခေါင်းထဲကနေ ရှင်းထုတ်ဖိုပါပဲ။ ကျနော်ရဲ့ ရည်မှန်းချက်က ကိုယ်ဘာသာ ပြန်တည်ဆောက်ဖို့နဲ့ ယုံကြည်မှုတွေ ပြန်ရအောင် လုံ့ဆော်ဖို့ပါပဲ။

ဥရောပကို မန်နေဂျာအဖြစ် ပြန်လာဖို့ စိတ်ဝင်စားပါတယ်။ အာဂျင်တီးနားမှာ လုပ်ဖို့ကတော့ ခက်ခဲပါတယ်။ ကျနော်ရဲ့ မိသားစုအတွက် ဒီမှာ လုပ်ဖို့ဆိုတာကလည်း ငြင်းပယ်ဖို့ခက်တယ်။ ဒါပေမယ့် ရက်အနည်းငယ်လောက် အေးအေးဆေးဆေးနေပြီး ဘာဖြစ်လာမယ်ဆိုတာကို ကြည့်ရပါမယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သုံးသပ်ဖို့ အချိန်အများကြီး မရထားခဲ့ပါဘူး။

ပထမဆုံး ဆုံးဖြတ်ချက်ကတော့ အာဂျင်တီးနားက အိမ်ကိုပြန်ပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို တွေ့ဆုံဖို့ဖြစ်တယ်။ ဒါပေမယ့် ကျနော်ရဲ့ အနာဂတ်မှာ ဥရောပကို ပြန်ဖို့ ဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ၁၀ ရက်လောက်တော့ အာဂျင်တီးနားမှာ အနားယူဦးမှာပါ။ ကျနော်ရဲ့ အသက်အရွယ်အရဆိုရင် အချိန်တွေ အများကြီးလည်း ယူစရာ မလိုပါဘူး။ ကျနော်ကို အလိုရှိတဲ့ ပရော်ဂျက်တွေကို နားထောက်ဖို့လည်း တံခါးဖွင့်သွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

လက်တလောမှာ အာဆင်နယ်ဟာ မန်နေဂျာအမ်မရီကို ရာထူးကနေ ထုတ်ပယ်ထားပေမယ့် မန်နေဂျာသစ် မရသေးပါဘူး။ ယူနိုက်တက်ဟာ ကြားရက်ပွဲအဖြစ် စပါးနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားပြီး သီတင်းပတ် အကုန်မှာ မန်စီးတီးနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကာ ရလဒ်မကောင်းရင် ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ဖွယ်ရှိနေတယ်။ ကလပ်နှစ်သင်းအတွက် မန်နေဂျာရှာဖွေမှုကလည်း ထိပ်တိုက်တွေ့တဲ့ အနေအထားကို ရောက်လာနိုင်တာဖြစ်ပါတယ်။

ZAWGYI

အာဂ်င္တီးနားသား မန္ေနဂ်ာပိုခ်က္တီႏိုက စပါးအသင္းရဲ႕ မန္ေနဂ်ာရာထူးကေန ထုတ္ပယ္ခံခဲ့ရျပီး ကလပ္လက္မဲ့ ျဖစ္ေနေပမယ့္ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္တဲ့ အာဆင္နယ္၊ ယူႏုိက္တက္တို႔ကို လမ္းဖြင့္စကား ေျပာဆိုခဲ့ပါတယ္။

ေတာင္အေမရိကသား အသက္ ၄၇ ႏွစ္အရြယ္ မန္ေနဂ်ာက ၅ ရာသီခြဲၾကာ ကိုင္တြယ္လာတဲ့ စပါးအသင္းကေန ထြက္ခြာခဲ့ျပီး ဇာတိေျမကို ျပန္သြားေပမယ့္ ဥေရာပထံ မန္ေနဂ်ာအျဖစ္ လုပ္ကိုင္ဖို႔ ျပန္လာမယ္လို႔ ဆိုတယ္။ အာဆင္နယ္၊ ယူႏုိက္တက္တို႔ကို ေျပာင္းျဖစ္မလားဆိုတဲ့ ေမးျမန္းမႈကိုလည္း ျငင္းဆန္ျခင္း မျပဳပဲ သူ႔အေပၚ ဆြဲေဆာင္ႏုိင္တဲ့ ပေရာ္ဂ်က္ေတြရွိတဲ့ အသင္းဆိုရင္ ကိုင္တြယ္မွာပါလို႔ ဖြင့္ဟခဲ့ပါတယ္။

ပိုခ်က္တီႏိုက ေျပာရာမွာ ” က်ေနာ္ကို ေခၚယူဖို႔အတြက္ ကလပ္အသင္းနဲ႔ ဆြဲေဆာင္ႏုိင္စြမ္းရွိတဲ့ ပေရာ္ဂ်က္ေတြ ရွိပါတယ္။ ဒါေပမယ့္ က်ေနာ္အတြက္ အေရးၾကီးဆံုးက စပါးနဲ႔အတူ ၅ ရာသီခြဲအတြင္း မယံုႏုိင္ေလာက္ေအာင္ ေကာင္းမြန္ခဲ့မႈေတြကို ေခါင္းထဲကေန ရွင္းထုတ္ဖိုပါပဲ။ က်ေနာ္ရဲ႕ ရည္မွန္းခ်က္က ကိုယ္ဘာသာ ျပန္တည္ေဆာက္ဖို႔နဲ႔ ယံုၾကည္မႈေတြ ျပန္ရေအာင္ လုံ႕ေဆာ္ဖို႔ပါပဲ။

ဥေရာပကို မန္ေနဂ်ာအျဖစ္ ျပန္လာဖို႔ စိတ္ဝင္စားပါတယ္။ အာဂ်င္တီးနားမွာ လုပ္ဖို႔ကေတာ့ ခက္ခဲပါတယ္။ က်ေနာ္ရဲ႕ မိသားစုအတြက္ ဒီမွာ လုပ္ဖို႔ဆိုတာကလည္း ျငင္းပယ္ဖို႔ခက္တယ္။ ဒါေပမယ့္ ရက္အနည္းငယ္ေလာက္ ေအးေအးေဆးေဆးေနျပီး ဘာျဖစ္လာမယ္ဆိုတာကို ၾကည့္ရပါမယ္။ ဘာေတြျဖစ္ခဲ့တယ္ဆိုတာကို သံုးသပ္ဖို႔ အခ်ိန္အမ်ားၾကီး မရထားခဲ့ပါဘူး။

ပထမဆံုး ဆံုးျဖတ္ခ်က္ကေတာ့ အာဂ်င္တီးနားက အိမ္ကိုျပန္ျပီး မိသားစုနဲ႔ သူငယ္ခ်င္းေတြကို ေတြ႔ဆံုဖို႔ျဖစ္တယ္။ ဒါေပမယ့္ က်ေနာ္ရဲ႕ အနာဂတ္မွာ ဥေရာပကို ျပန္ဖို႔ ဆံုးျဖတ္ထားတာေတြ ရွိပါတယ္။ ၁၀ ရက္ေလာက္ေတာ့ အာဂ်င္တီးနားမွာ အနားယူဦးမွာပါ။ က်ေနာ္ရဲ႕ အသက္အရြယ္အရဆိုရင္ အခ်ိန္ေတြ အမ်ားၾကီးလည္း ယူစရာ မလိုပါဘူး။ က်ေနာ္ကို အလိုရွိတဲ့ ပေရာ္ဂ်က္ေတြကို နားေထာက္ဖို႔လည္း တံခါးဖြင့္သြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လက္တေလာမွာ အာဆင္နယ္ဟာ မန္ေနဂ်ာအမ္မရီကို ရာထူးကေန ထုတ္ပယ္ထားေပမယ့္ မန္ေနဂ်ာသစ္ မရေသးပါဘူး။ ယူႏုိက္တက္ဟာ ၾကားရက္ပြဲအျဖစ္ စပါးနဲ႔ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားျပီး သီတင္းပတ္ အကုန္မွာ မန္စီးတီးနဲ႔ အေဝးကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာျဖစ္ကာ ရလဒ္မေကာင္းရင္ ဆိုးရွားကို ရာထူးကေန ထုတ္ပယ္ဖြယ္ရွိေနတယ္။ ကလပ္ႏွစ္သင္းအတြက္ မန္ေနဂ်ာရွာေဖြမႈကလည္း ထိပ္တိုက္ေတြ႔တဲ့ အေနအထားကို ေရာက္လာႏုိင္တာျဖစ္ပါတယ္။