မနေ့က ပြင်သစ်မှာ ကျင်းပတဲ့ ဘလွန်းဒီအော့ဆုပေးပွဲကို မတက်ရောက်နိုင်ခြင်း အကြောင်းရင်းကို ဘလွန်းဒီအော့ တရားဝင်တွစ်တာအကောင့်ကနေ မာနေးက ပြောဆိုခဲ့ပြီး လာမယ့်နှစ်မှာတော့ ဆုယူသူအဖြစ် သူတက်ရောက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားပါမယ်လို့ ဆိုခဲ့ပါတယ်။

ဘလွန်းဒီအော့ဆုစာရင်းမှာ လီဗာပူးကစားသမားတွေ အများဆုံး ပါခဲ့သလို ထိပ်ဆုံး ၁၀ ဦးစာရင်းမှာတော့ ဗန်ဒိုက် (နံပါတ် ၂)၊ မာနေး (နံပါတ် ၄)၊ ဆာလက် (နံပါတ် ၅) နဲ့ အယ်လီဆန် (နံပါတ် ၇) တို့ ပါဝင်ခဲ့တာပါ။ ဒါပေမယ့်လို့ အခြားသော အသင်းတွေအပြင် မာနေးနဲ့ ဆာလက်တို့ဟာ ဆုပေးပွဲ အခမ်းအနားကို တက်ရောက်လာခြင်းမရှိပဲ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ပဲ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဗန်ဒိုက်က မက်ဆီနဲ့အပြိုင် ရေပန်းစားသူအဖြစ် တက်ရောက်ပြီး၊ အယ်လီဆန်က ဂိုးသမားအကောင်းဆုံးဆုအတွက် တက်ရောက်ခြင်းဖြစ်ကာ ကျန်ကစားသမား တစ်ဦးမှ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဒါကလည်း ဗုဒ္ဓဟူးနေ့မှာ လီဗာပူးဟာ မာဆေးဆိုဒ်ဒါဘီပွဲအဖြစ် အဲဗာတန်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာကြောင့် စီနီယာအသင်းသားတွေကို မစေလွှတ်နိုင် ဖြစ်ခဲ့ရတာပါ။ မာနေးကို ဘလွန်းဒီအော့ဘက်က ဆက်သွယ်ခဲ့ပြီး အခမ်းအနားမတိုင်ခင် မက်ဆေ့ဗီဒီယိုကို ကြိုတင် ရယူသွားခဲ့တာဖြစ်တယ်။

အဆိုပါ ဗီဒီယိုမှာ မာနေးက ” အားလုံးကို နုတ်ဆက်ပါတယ်။ ဆာဒီယိုမာနေးပါ။ ဘလွန်းဒီအော့ဆု အခမ်းအနားမှာ အားလုံးနဲ့အတူ ရှိနေလိုပေမယ့် ဝမ်းနည်းစွာပဲ ပွဲစဉ်ဇယားတွေက ကျနော်ကို ခွင့်မပြုခဲ့ပါဘူး။ ဗုဒ္ဓဟူးနေ့မှာ ပွဲကစားရဖို့ ရှိနေပါတယ်။ အနိုင်ရတဲ့သူကိုလည်း ဂုဏ်ပြုပါတယ်။ နောက်ရာသီထိလည်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းပေးထားပါတယ်။ အဲ့သည်စင်မြင့်ကို တက်ရောက်ပြီး ဘလွန်းဒီအော့ကို ကိုင်မြောက်နိုင်ဖို့ ကြိုးစားပါမယ်။ တွေ့ကြတာပေါ့ဗျာ၊ နုတ်ဆက်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်သမားဟာ ဒီရာသီမှာ လီဗာပူးရဲ့ အဓိက ကစားသမားအဖြစ် တောက်ပနေသူပါ။ ၂၀၁၈ ခုနှစ်က ဆာလက်၊ ၂၀၁၉ ခုနှစ်မှာ ဗန်ဒိုက်တို့ မအောင်မြင်ခဲ့တဲ့ ဘလွန်းဒီအော့ဆုကို ၂၀၂၀ မှာ ကိုင်မြောက်နိုင်ဖို့ မာနေးက ရည်ရွယ်နေပြီး သူရဲ့ မျှော်လင့်ချက်တွေအတွက် ကြိုးစားနိုင်ဖို့ လီဗာပူးနဲ့အတူ ဆုဖလားတွေကို အောင်မြင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI

မေန႔က ျပင္သစ္မွာ က်င္းပတဲ့ ဘလြန္းဒီေအာ့ဆုေပးပြဲကို မတက္ေရာက္ႏုိင္ျခင္း အေၾကာင္းရင္းကို ဘလြန္းဒီေအာ့ တရားဝင္တြစ္တာအေကာင့္ကေန မာေနးက ေျပာဆိုခဲ့ျပီး လာမယ့္ႏွစ္မွာေတာ့ ဆုယူသူအျဖစ္ သူတက္ေရာက္ႏုိင္ဖို႔ အစြမ္းကုန္ ၾကိဳးစားပါမယ္လို႔ ဆိုခဲ့ပါတယ္။

ဘလြန္းဒီေအာ့ဆုစာရင္းမွာ လီဗာပူးကစားသမားေတြ အမ်ားဆံုး ပါခဲ့သလို ထိပ္ဆံုး ၁၀ ဦးစာရင္းမွာေတာ့ ဗန္ဒိုက္ (နံပါတ္ ၂)၊ မာေနး (နံပါတ္ ၄)၊ ဆာလက္ (နံပါတ္ ၅) နဲ႔ အယ္လီဆန္ (နံပါတ္ ၇) တို႔ ပါဝင္ခဲ့တာပါ။ ဒါေပမယ့္လို႔ အျခားေသာ အသင္းေတြအျပင္ မာေနးနဲ႔ ဆာလက္တို႔ဟာ ဆုေပးပြဲ အခမ္းအနားကို တက္ေရာက္လာျခင္းမရွိပဲ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ပဲ တက္ေရာက္ခဲ့တာျဖစ္ပါတယ္။

ဗန္ဒိုက္က မက္ဆီနဲ႔အျပိဳင္ ေရပန္းစားသူအျဖစ္ တက္ေရာက္ျပီး၊ အယ္လီဆန္က ဂိုးသမားအေကာင္းဆံုးဆုအတြက္ တက္ေရာက္ျခင္းျဖစ္ကာ က်န္ကစားသမား တစ္ဦးမွ တက္ေရာက္ခဲ့ျခင္း မရွိပါဘူး။ ဒါကလည္း ဗုဒၶဟူးေန႔မွာ လီဗာပူးဟာ မာေဆးဆိုဒ္ဒါဘီပြဲအျဖစ္ အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနတာေၾကာင့္ စီနီယာအသင္းသားေတြကို မေစလႊတ္ႏုိင္ ျဖစ္ခဲ့ရတာပါ။ မာေနးကို ဘလြန္းဒီေအာ့ဘက္က ဆက္သြယ္ခဲ့ျပီး အခမ္းအနားမတိုင္ခင္ မက္ေဆ့ဗီဒီယိုကို ၾကိဳတင္ ရယူသြားခဲ့တာျဖစ္တယ္။

အဆိုပါ ဗီဒီယိုမွာ မာေနးက ” အားလံုးကို ႏုတ္ဆက္ပါတယ္။ ဆာဒီယိုမာေနးပါ။ ဘလြန္းဒီေအာ့ဆု အခမ္းအနားမွာ အားလံုးနဲ႔အတူ ရွိေနလိုေပမယ့္ ဝမ္းနည္းစြာပဲ ပြဲစဥ္ဇယားေတြက က်ေနာ္ကို ခြင့္မျပဳခဲ့ပါဘူး။ ဗုဒၶဟူးေန႔မွာ ပြဲကစားရဖို႔ ရွိေနပါတယ္။ အႏုိင္ရတဲ့သူကိုလည္း ဂုဏ္ျပဳပါတယ္။ ေနာက္ရာသီထိလည္း ေကာင္းေကာင္းမြန္မြန္ ထိန္းသိမ္းေပးထားပါတယ္။ အဲ့သည္စင္ျမင့္ကို တက္ေရာက္ျပီး ဘလြန္းဒီေအာ့ကို ကိုင္ေျမာက္ႏုိင္ဖို႔ ၾကိဳးစားပါမယ္။ ေတြ႔ၾကတာေပါ့ဗ်ာ၊ ႏုတ္ဆက္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အသက္ ၂၇ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဒီရာသီမွာ လီဗာပူးရဲ႕ အဓိက ကစားသမားအျဖစ္ ေတာက္ပေနသူပါ။ ၂၀၁၈ ခုႏွစ္က ဆာလက္၊ ၂၀၁၉ ခုႏွစ္မွာ ဗန္ဒိုက္တို႔ မေအာင္ျမင္ခဲ့တဲ့ ဘလြန္းဒီေအာ့ဆုကို ၂၀၂၀ မွာ ကုိင္ေျမာက္ႏုိင္ဖို႔ မာေနးက ရည္ရြယ္ေနျပီး သူရဲ႕ ေမွ်ာ္လင့္ခ်က္ေတြအတြက္ ၾကိဳးစားႏုိင္ဖို႔ လီဗာပူးနဲ႔အတူ ဆုဖလားေတြကို ေအာင္ျမင္ဖို႔လိုအပ္မွာ ျဖစ္ပါတယ္။