အင်္ဂလန်နဲ့ လက်စတာအသင်း ဘယ်အစွန်လူ ဘမ်ချီဝဲလ်က အောက်တိုဘာလတုန်းက လီဗာပူးလူငယ်လေး ထရန့်ရဲ့ မွေးနေ့ပွဲကို တက်ရောက်စဉ် လီဗာပူးဘယ်အစွန်လူ ရော်ဘန်ဆန်နဲ့ ဆွေးနွေးစကားပြောခွင့် ရခဲ့တာအတွက် ကျေနပ်ဂုဏ်ယူမိကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

ရော်ဘတ်ဆန်နဲ့ ချီဝဲလ်တို့ဟာ အင်္ဂလန်လိဂ်ရဲ့ အကောင်းဆုံး ဘယ်အစွန်နှစ်ဦးလို့ သက်မှတ်ခံထားရသူပါ။ နှစ်ဦးလုံးက သွင်းဂိုး တစ်ဂိုးစီ ရယူထားပြိး ဂိုးထောက်ပံ့မှာတော့ ရော်ဘတ်ဆန်က ၅ ကြိမ်၊ ချီဝဲလ်က ၄ ကြိမ် လုပ်ထားနိုင်တာဖြစ်တယ်။ ချီဝဲလ်က ဥရောပအဆင့် ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်မရသေးပေမယ့် ရော်ဘတ်ဆန်ကတော့ လီဗာပူးနဲ့ ဥရောပ ဗိုလ်လုပွဲကို နှစ်ကြိမ်ထိ တက်ရောက်ထားနိုင်ပြီဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ လီဗာပူးကိုပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် မပြောင်းခဲ့ပဲ လက်စတာမှာ ဆက်နေခဲ့တဲ့ အင်္ဂလန်သားက ပြောရာမှာ ” ကျနော် ကမ္ဘာအကောင်းဆုံး ဘယ်အစွန်လူဖြစ်ချင်ပါတယ်။ အဲ့လိုဖြစ်ရင် အရမ်းကောင်းမှာပါ။ နောက်ပြီး အဲ့တာဖြစ်နိုင်မယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ လီဗာပူးမှာ အန်ဒီရော်ဘတ်ဆန် စွမ်းဆောင်ပြတာကို မြင်နေရတယ်လေ။

သူက အရမ်းကောင်းတဲ့ ဇာတ်လမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အတော်လည်း မြန်တယ်၊ ကျနော်လည်း မြန်တယ်လေ။ သူ့မှာရှိတဲ့ အစွမ်းအကုန်ထုတ်ပြီး ကိုယ်ဘာသာ တွန်းအားလည်းပေးတယ်။ အခုဆိုရင် သူက ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဖြစ်နေပါပြီ ” လို့ မှတ်ချက်ပေးခဲ့တယ်။

သူတို့နှစ်ဦးဟာ ထရန့်ရဲ့ မွေးနေ့ပွဲမှာတော့ အချင်းချင်း တွေ့ဆုံခဲ့ပြီး စကားပြောခွင့်လည်း ရခဲ့တယ်။ ချီဝဲလ်က ရော်ဘတ်ဆန်ရဲ့ ဘောလုံးဦးနှောက်ကို အထင်းကြီးကြောင်း ပြောဆိုပြီး စကော့သားရဲ့ အတွေးအခေါ်နဲ့ ပွဲအမြင်ကိုလည်း သဘောကျနေပါတယ်။

” အရင်လအနည်းငယ်က ထရန့်ရဲ့ မွေးနေ့ ညစာစားပွဲမှာ သူနဲ့ စကားပြောခွင့် ရခဲ့ပါတယ်။ ရော်ဘတ်ဆန်နဲ့ စကားတွေ နည်းနည်းပြောခဲ့ပြီး သူက တကယ်ကို ထိပ်တန်းပဲလို့ ချီးကျူးခဲ့တယ်။ ရော်ဘတ်ဆန်က ကျနော်ကလည်း ထိပ်တန်းအစွန်လူဆိုပြီး ပြန်ပြောခဲ့ပါသေးတယ်။ သူနဲ့ စကားပြောရတာ အတော်ကောင်းပါတယ်။ သူ့ရဲ့ ဘောလုံးဦးနှောက်ကို စူးစမ်းခွင့်ရခဲ့တာက ကျနော်အတွက် အရမ်း တန်ဖိုးရှိပါတယ် ” လို့ ချီဝဲလ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ချီဝဲလ်ဟာ အင်္ဂလန်ရဲ့ အဓိက ဘယ်အစွန်လူဖြစ်ဖို့ ရည်မှန်းထားသူဖြစ်ပြီး သူနဲ့ ထရန့်ဟာ လက်ရွေးစင်မှာ ကာလရှည် တွဲဘက်တွေအဖြစ် အတူပွဲထွက်ရဖို့ ရှိသလို လာမယ့် ယူရိုပြိုင်ပွဲမှာလည်း အင်္ဂလန်ရဲ့ ဘယ်ညာ တောင်ပံတစ်စုံ ဖြစ်လာကြမယ်လို့ ယုံကြည်ခြင်း ခံထားရတာဖြစ်ပါတယ်။

ZAWGYI






