ဒီတပတ်အစောပိုင်း သတင်းတွေမှာ လီဗာပူးအသင်းဟာ အင်္ဂလန်လက်ရွေးစင် ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူဖို့ အလေးအသာဆုံး အဖြစ် ရေပန်းစားနေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ထိုသတင်းတွေကို တုန့်ပြန်မှု ပေးလိုက်ပြန်ပါတယ်။

ဒေါ့မွန်မှာ ၂၀၀၈ ကနေ ၂၀၁၅ ထိ နည်းပြဖူးတဲ့ ကလော့ပ်က ကလပ်အသင်းဟောင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး နည်းပါးတယ်လို့ ကလော့ပ်က ထုတ်ဖော် ပြောဆိုခဲ့တာပါ။

” ဆန်ချိုက သိပ်ကောင်းတဲ့ ကစားသမားပါ။ ကောလဟာလလို သတင်းတွေက ဘယ်က စထွက်လဲတော့ ကျနော် မသိဘူး။ ဒါပေမယ့် ကျနေ်ာတို့ ဆီက မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆန်ချိုနဲ့ အပြောင်းအရွှေ့ ကိစ္စ ကျနော်တို့ ပြောကို မပြောဆိုထားလို့ပါ။ ”

” တကယ်လို့ အပြောင်းအရွှေ့ကိစ္စမှာ ပါဝင်တယ်ဆိုလည်း ပြောခံရတဲ့ ကာယကံရှင် ကိုယ်တိုင်ကလွဲလို့ ဘယ်သူကမှ တကယ် သိမှာ မဟုတ်ပါဘူး။ ဒီတော့ ဆန်ချို ကိစ္စ နဲ့ ပတ်သတ်ပြီး ကျနော့်မှာ ပြောစရာ မရှိဘူး။ ဒါ ဘယ်လို သဘောမျိုးပေါက်သွားမလဲဆိုတာ ကျနေ်ာ သိတယ် ဒါပေမယ့် ကျနော့်စကားကို မပြောင်းနိုင်ပါဘူး။ ဒီသတင်း အတွက် ဘာမှ ပြောစရာ မရှိဘူးဆိုတာ တကယ်ကို ဘာမှ ပြောပြစရာ မရှိလို့ ဖြစ်တယ်။ ” လို့ ကလော့ပ်က ဖြေကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဆန်ချိုကို ကြိုးစားမယ်ဆိုရင် ကမ္ဘာ့ အလားအလာအကောင်းဆုံး ငယ်ရွယ်တဲ့ တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး မြင့်မြင့် သုံးရမှာဖြစ်ပြီး ဒေါ့မွန် တောင်းဆိုတဲ့ ပမာဏ လီဗာပူးက ပေးနိုင်မှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

” (ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးက) ရာနှုန်းပြည့် ပြသနာ ရှိနေပါတယ်။ ဒါတွေကို ကျနေ်ာတို့ မပြောလိုပါဘူး။ ဒါပေမယ့် အသင်းကို အကူအညီ ဖြစ်စေမယ့် ကိစ္စဆို ကျနော်တို့က လုပ်ဆောင်ဖို့ အသင့် ရှိပါတယ်။ ” လို့ ကလော့ပ်က ဆိုပါတယ်။

Zawgyi

ဒီတပတ္အေစာပိုင္း သတင္းေတြမွာ လီဗာပူးအသင္းဟာ အဂၤလန္လက္ေရြးစင္ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူဖို႔ အေလးအသာဆံုး အျဖစ္ ေရပန္းစားေနတယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။ လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ ထိုသတင္းေတြကို တုန္႔ျပန္မႈ ေပးလိုက္ျပန္ပါတယ္။

ေဒါ့မြန္မွာ ၂၀၀၈ ကေန ၂၀၁၅ ထိ နည္းျပဖူးတဲ့ ကေလာ့ပ္က ကလပ္အသင္းေဟာင္းနဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရး ရွိသူ ျဖစ္ပါတယ္။ ဒါေပမယ့္ အဂၤလန္ၾကယ္ပြင့္ကို ေခၚယူနုိင္ဖို႔ အခြင့္အေရး နည္းပါးတယ္လို႔ ကေလာ့ပ္က ထုတ္ေဖာ္ ေျပာဆိုခဲ့တာပါ။

” ဆန္ခ်ိဳက သိပ္ေကာင္းတဲ့ ကစားသမားပါ။ ေကာလဟာလလို သတင္းေတြက ဘယ္က စထြက္လဲေတာ့ က်ေနာ္ မသိဘူး။ ဒါေပမယ့္ က်ေန္ာတို႔ ဆီက မဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဆန္ခ်ိဳနဲ႕ အေျပာင္းအေရႊ႕ ကိစၥ က်ေနာ္တို႔ ေျပာကို မေျပာဆိုထားလို႔ပါ။ ”

” တကယ္လို႔ အေျပာင္းအေရႊ႕ကိစၥမွာ ပါ၀င္တယ္ဆိုလည္း ေျပာခံရတဲ့ ကာယကံရွင္ ကိုယ္တိုင္ကလြဲလို႔ ဘယ္သူကမွ တကယ္ သိမွာ မဟုတ္ပါဘူး။ ဒီေတာ့ ဆန္ခ်ိဳ ကိစၥ နဲ႕ ပတ္သတ္ျပီး က်ေနာ့္မွာ ေျပာစရာ မရွိဘူး။ ဒါ ဘယ္လို သေဘာမ်ိဳးေပါက္သြားမလဲဆိုတာ က်ေန္ာ သိတယ္ ဒါေပမယ့္ က်ေနာ့္စကားကို မေျပာင္းနုိင္ပါဘူး။ ဒီသတင္း အတြက္ ဘာမွ ေျပာစရာ မရွိဘူးဆိုတာ တကယ္ကို ဘာမွ ေျပာျပစရာ မရွိလို႔ ျဖစ္တယ္။ ” လို႔ ကေလာ့ပ္က ေျဖၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဆန္ခ်ိဳကို ၾကိဳးစားမယ္ဆိုရင္ ကမၻာ့ အလားအလာအေကာင္းဆံုး ငယ္ရြယ္တဲ့ တိုက္စစ္သမားအတြက္ ေျပာင္းေရႊ႕ေၾကး ျမင့္ျမင့္ သံုးရမွာျဖစ္ျပီး ေဒါ့မြန္ ေတာင္းဆိုတဲ့ ပမာဏ လီဗာပူးက ေပးနိုင္မွာ မဟုတ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” (ဆန္ခ်ိဳရဲ႕ ေျပာင္းေရႊ႕ေၾကးက) ရာနႈန္းျပည့္ ျပသနာ ရွိေနပါတယ္။ ဒါေတြကို က်ေန္ာတို႔ မေျပာလိုပါဘူး။ ဒါေပမယ့္ အသင္းကို အကူအညီ ျဖစ္ေစမယ့္ ကိစၥဆို က်ေနာ္တို႔က လုပ္ေဆာင္ဖို႔ အသင့္ ရွိပါတယ္။ ” လို႔ ကေလာ့ပ္က ဆိုပါတယ္။