မန်ယူ ကစားသမားဟောင်း ဒီပေးဟာ အနာဂတ်မှာ မန်ယူကို ပြန်လာနိုင်ဖွယ်ရှိကြောင်း သတင်းတွေ ပိုမိုကျယ်ပြန့်လာပါတယ်။

မန်ယူမှာရှိစဉ် ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိပေမယ့် ဟော်လန်သားဟာ ယခုအခါမှာ ပြင်သစ်မြေမှာ ခြေစွမ်းပြသနေတာကြောင့် ဥရောပရဲ့ ထိပ်သီးကလင်အသင်းတွေရဲ့ မျက်စိကျခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။

ဒီပေးဟာ မန်ယူကို မော်ရင်ညို ကိုင်တွယ်နေစဉ် ကာလမှာ ပြင်သစ်ကလပ် လိုင်ယွန်အသင်းကို ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူက လိုင်ယွန်အသင်ကို ရောင်းချခဲ့စဉ်ကတည်းက ဒီပေးကို ပြန်လည်ခေါ်ယူခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့် ကစားသမားကို ပြန်လည်ခေါ်ဆောင်ခွင့်အတွက်တော့ အားလုံးထပ် ပိုမိုအခွင့်အရေး ရရှိနေတာ ဖြစ်ပါတယ်။

တိုက်စစ်ကစားသမားဒီပေးက အသင်းကြီးတစ်သင်းကို ပြောင်းချင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပြီးနောက်မှာတော့ လိုင်ယွန်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုက်ကယ်အောလပ်စ်က ကစားသမားဖက်က ဆန္ဒရှိမယ်ဆိုရင် လာမယ့်နွေရာသီမှာ အသင်းပြောင်းခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

သူကပဲ “ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ဒီပေး အသင်းပြောင်းဖို့ ဖြစ်နိုင်ပါတယ်။ သူဟာ မန်ယူမှာ ရုန်းကန်နေခဲ့ရပြီး လိုင်ယွန်ကို ရောက်လာတယ်။ အသင်းမှာ တောက်ပတဲ့ခြေစွမ်းကို ပြန်လည်ပိုင်ဆိုင်ခဲ့တယ်။ အခုသူ့ရဲ့ခြေစွမ်း ပိုမိုမြင့်မားလာချိန်မှာ အသင်းကောင်းတွေဆီပြောင်းချင်တာ သဘာဝကျပါတယ်။ ဒါ ဝမ်းသာစရာကိစ္စပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

ဒီပေးဟာ မန်ယူမှာ ရှိနေစဉ်က ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝေဖန်ခံခဲ့ရပေမယ့် ယခုအချိန်မှာတော့ သူဟာ ထိပ်တန်းအဆင့် ခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးဆိုတာ သက်သေပြနိုင်နေပြီ ဖြစ်ပါတယ်။

အင်္ဂလန်မြေမှာ ကစားခဲ့တဲ့ (၁) နှစ်တာကာလအတွင်း ဒီပေးဟာ သွင်းဂိုး (၇) ဂိုးသာ ရယူသွားနိုင်ခဲ့တာပါ။ တောင်ပံတိုက်စစ်သမားအနေနဲ့ အင်္ဂလန်မြေမှာ သူမစွမ်းဆောင်နိုင်ခဲ့တာတွေ ပြန်လည်လုပ်ပြနိုင်ဖို့အတွက် အင်္ဂလန်ကို ပြန်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဆိုးရှားအနေနဲ့ ဆိုးရှားက အသင်းအတွက် အခြားကစားသမားတွေထပ် ညာတောင်ပံ တိုက်စစ်ကစားသမားတစ်ဦး ၀ယ်ယူလိုနေတာဖြစ်ပြီး ဒီပေးဟာ လက်ရှိ မန်ယူအတွက် အသင့်တော်ဆုံး ကစားသမားတစ်ဦး ဖြစ်နေကြောင်း ဖော်ပြနေမှုတွေ ရှိနေပြီး မန်ယူက ပြန်လည် ခေါ်ယူသွားမလား စောင့်ကြည့်ရမှာပါ။