ယွန်းဘတ်ဟာ ယာယီနည်းပြအနေနဲ့ တာဝန်စယူပြီး နှစ်ပွဲကိုင်တွယ်ထားပေမယ့် တစ်ပွဲရံှူး တစ်ပွဲသရေကျပြီးနောက် တစ်မှတ်သာ ရရှိခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ထိပ်ဆုံးလေးနေရာကို တက်လှမ်းနိုင်ချင်ရင် ကြီးမားတဲ့ တိုးတက်မှုအချို့ လိုအပ်နေပါတယ်။

အခုချိန်မှာ ယွန်းဘတ် ဘယ်လောက်ကြာမလဲဆိုတာ မသိသေးပေမယ့် အာဆင်နယ်က အမ်မရီနေရာအတွက် အမြဲတမ်းနည်းပြတစ်ယောက်ကို အလျင်စလို ခန့်အပ်ဦးမှာ မဟုတ်ဘူးလို့ ဆိုတာကြောင့် ယွန်းဘတ်က အချိန်အတိုင်းအတာ တစ်ခုအထိ ဆက်ရှိနေနိုင်ပါတယ်။ အာဆင်နယ်ကို ပြန်လည်ဦးမော့လာအောင် ကာလတိုအတွင်း သူပြင်ဆင်ရမယ့် ပြဿနာတွေထဲ အဝေးကွင်းခြေစွမ်း ညံ့ဖျင်းမှုမှာ ပါဝင်လာခဲ့ပြီဖြစ်တယ်။

ရာသီအဖွင့်မှာ နယူးကာဆယ်ကို နိုင်ခဲ့တဲ့တစ်ပွဲသာ ဒီရာသီ အဝေးကွင်းနိုင်ပွဲ ရှိခဲ့တာပါ။ မနှစ်က အမ်မရီလက်အောက်နဲ့ ယခင် ဝင်းဂါး လက်အောက်တွေမှာ အာဆင်နယ်ရဲ့ အဝေးကွင်းပုံစံဟာ အတော်ဆိုးဝါးခဲ့ပြီး ဒီရာသီမှာလဲ အလားတူ ဖြစ်ခဲ့ပါတယ်။ ယွန်းဘတ် အနေနဲ့ ထိပ်ဆုံးလေးနေရာ မျှော်လင့်ချင်ရင် အဝေးကွင်း ရလဒ်တွေ ကောင်းရမှာပါ။

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အိမ်ကွင်းရလဒ်ကောင်းဖို့လိုပေမယ့် အိမ်ကွင်းရလဒ်ကိုပဲ မှီခိုနေလို့မရပါဘူး။ အဝေးကွင်းမှာပါ အမှတ်တွေ ရယူရမှာပါ။ ဒါကို ယွန်းဘတ်လဲ နားလည်ထားမှာဖြစ်ပြီး ခံစစ်ခိုင်မာအောင် လုပ်မယ်ဆိုရင် အောင်မြင်မှု အချို့ ရရှိဖို့ အခွင့်အရေး ပိုရှိလာမှာပါ။

လာကာဇက်တီဟာ အရေးပါတဲ့ ကစားသမား ဖြစ်ပြီး မနှစ်က တစ်နှစ်တာအကောင်းဆုံးဆုရခဲ့တာက သူ့ရဲ့အရေးပါမှုကို ပြသပါတယ်။ ဒါပေမယ့် အဝေးကွင်းမှာဆိုရင် ဂိုးတွေအတွက် သူ့အနေနဲ့ လုံလုံလောက်လောက် အကျိုးမပြုနိုင်ပါဘူး။ ဒီရာသီ အာဆင်နယ်ဟာ အဝေးကွင်းမှာ ၇ ဂိုးရခဲ့ပြီး အဲ့ထဲက ၆ ဂိုးက အူဘာမီးယန်း သွင်းယူခဲ့တာပါ။

လာကာဇက်တီလို အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်က ဒီဝန်ကို မျှယူသင့်ပေမယ့် အင်္ဂလန်ကို ရောက်ကတည်းက သူဟာ အဝေးကွင်းမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အိမ်ကွင်းမှာဆိုရင်တော့ သူဟာ ဂိုးတွေရလေ့ရှိပေမယ့် အဝေးကွင်းမှာ အလားတူ လုပ်မပြနိူင်တာပါ။ သူ့ရဲ့ ပရီးမီးယားလိဂ် ၃၁ဂိုးမှာ အဝေးကွင်းက ၇ဂိုးသာ ရခဲ့တာဖြစ်ပါတယ်။

မနှစ်က အောက်တိုဘာလတုန်းက ဖုလ်ဟမ်နဲ့ပွဲမှာ ၂ဂိုး သွင်းယူပြီးနောက်ပိုင်း တစ်ဂိုးတည်းသော အဝေးဂိုးက ဖေဖော်ဝါရီလမှာ ဟက်ဒါဖီးနဲ့ပွဲမှာ ဖြစ်ခဲ့ပါတယ်။ ဒါက သူ့လိုတိုက်စစ်မှူးတစ်ယောက်အတွက် မလုံလောက်ပါဘူး။ အဝေးကွင်းမှာ လာကာဇက်တီရဲ့ အကောင်းဆုံး ပုံစံတွေ ရရှိဖို့ ယွန်းဘတ် အတွက် လိုအပ်ပါတယ်။ မလုပ်နိုင်ရင်တော့ တခြားရွေးချယ်စရာတွေကိူ စတင်ရှာဖွေဖို့ အချိန်ဖြစ်နိူင်ပါတယ်။

ZAWGYI

ယြန္းဘတ္ဟာ ယာယီနည္းျပအေနနဲ႔ တာဝန္စယူျပီး ႏွစ္ပြဲကိုင္တြယ္ထားေပမယ့္ တစ္ပြဲရံွဴး တစ္ပြဲသေရက်ၿပီးေနာက္ တစ္မွတ္သာ ရရွိခဲ့ပါတယ္။ အာဆင္နယ္ အေနနဲ႔ ထိပ္ဆုံးေလးေနရာကို တက္လွမ္းႏိုင္ခ်င္ရင္ ႀကီးမားတဲ့ တိုးတက္မႈအခ်ိဳ႕ လိုအပ္ေနပါတယ္။

အခုခ်ိန္မွာ ယြန္းဘတ္ ဘယ္ေလာက္ၾကာမလဲဆိုတာ မသိေသးေပမယ့္ အာဆင္နယ္က အမ္မရီေနရာအတြက္ အၿမဲတမ္းနည္းျပတစ္ေယာက္ကို အလ်င္စလို ခန္႔အပ္ဦးမွာ မဟုတ္ဘူးလို႔ ဆိုတာေၾကာင့္ ယြန္းဘတ္က အခ်ိန္အတိုင္းအတာ တစ္ခုအထိ ဆက္ရွိေနႏိုင္ပါတယ္။ အာဆင္နယ္ကို ျပန္လည္ဦးေမာ့လာေအာင္ ကာလတိုအတြင္း သူျပင္ဆင္ရမယ့္ ျပႆနာေတြထဲ အေဝးကြင္းေျခစြမ္း ညံ့ဖ်င္းမႈမွာ ပါဝင္လာခဲ့ျပီျဖစ္တယ္။

ရာသီအဖြင့္မွာ နယူးကာဆယ္ကို ႏိုင္ခဲ့တဲ့တစ္ပြဲသာ ဒီရာသီ အေဝးကြင္းႏိုင္ပြဲ ရွိခဲ့တာပါ။ မႏွစ္က အမ္မရီလက္ေအာက္နဲ႔ ယခင္ ဝင္းဂါး လက္ေအာက္ေတြမွာ အာဆင္နယ္ရဲ႕ အေဝးကြင္းပုံစံဟာ အေတာ္ဆိုးဝါးခဲ့ၿပီး ဒီရာသီမွာလဲ အလားတူ ျဖစ္ခဲ့ပါတယ္။ ယြန္းဘတ္ အေနနဲ႔ ထိပ္ဆုံးေလးေနရာ ေမွ်ာ္လင့္ခ်င္ရင္ အေဝးကြင္း ရလဒ္ေတြ ေကာင္းရမွာပါ။

ခ်န္ပီယံလိဂ္ ဝင္ခြင့္အတြက္ အိမ္ကြင္းရလဒ္ေကာင္းဖို႔လိုေပမယ့္ အိမ္ကြင္းရလဒ္ကိုပဲ မွီခိုေနလို႔မရပါဘူး။ အေဝးကြင္းမွာပါ အမွတ္ေတြ ရယူရမွာပါ။ ဒါကို ယြန္းဘတ္လဲ နားလည္ထားမွာျဖစ္ၿပီး ခံစစ္ခိုင္မာေအာင္ လုပ္မယ္ဆိုရင္ ေအာင္ျမင္မႈ အခ်ိဳ႕ ရရွိဖို႔ အခြင့္အေရး ပိုရွိလာမွာပါ။

လာကာဇက္တီဟာ အေရးပါတဲ့ ကစားသမား ျဖစ္ၿပီး မႏွစ္က တစ္ႏွစ္တာအေကာင္းဆုံးဆုရခဲ့တာက သူ႔ရဲ႕အေရးပါမႈကို ျပသပါတယ္။ ဒါေပမယ့္ အေဝးကြင္းမွာဆိုရင္ ဂိုးေတြအတြက္ သူ႔အေနနဲ႔ လုံလုံေလာက္ေလာက္ အက်ိဳးမျပဳႏိုင္ပါဘူး။ ဒီရာသီ အာဆင္နယ္ဟာ အေဝးကြင္းမွာ ၇ ဂိုးရခဲ့ၿပီး အဲ့ထဲက ၆ ဂိုးက အူဘာမီးယန္း သြင္းယူခဲ့တာပါ။

လာကာဇက္တီလို အရည္အခ်င္းရွိတဲ့ ကစားသမားတစ္ေယာက္က ဒီဝန္ကို မွ်ယူသင့္ေပမယ့္ အဂၤလန္ကို ေရာက္ကတည္းက သူဟာ အေဝးကြင္းမွာ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။ အိမ္ကြင္းမွာဆိုရင္ေတာ့ သူဟာ ဂိုးေတြရေလ့ရွိေပမယ့္ အေဝးကြင္းမွာ အလားတူ လုပ္မျပႏိူင္တာပါ။ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ၃၁ဂိုးမွာ အေဝးကြင္းက ၇ဂိုးသာ ရခဲ့တာျဖစ္ပါတယ္။

မႏွစ္က ေအာက္တိုဘာလတုန္းက ဖုလ္ဟမ္နဲ႔ပြဲမွာ ၂ဂိုး သြင္းယူၿပီးေနာက္ပိုင္း တစ္ဂိုးတည္းေသာ အေဝးဂိုးက ေဖေဖာ္ဝါရီလမွာ ဟက္ဒါဖီးနဲ႔ပြဲမွာ ျဖစ္ခဲ့ပါတယ္။ ဒါက သူ႔လိုတိုက္စစ္မႉးတစ္ေယာက္အတြက္ မလုံေလာက္ပါဘူး။ အေဝးကြင္းမွာ လာကာဇက္တီရဲ႕ အေကာင္းဆုံး ပုံစံေတြ ရရွိဖို႔ ယြန္းဘတ္ အတြက္ လိုအပ္ပါတယ္။ မလုပ္ႏိုင္ရင္ေတာ့ တျခားေ႐ြးခ်ယ္စရာေတြကိူ စတင္ရွာေဖြဖို႔ အခ်ိန္ျဖစ္ႏိူင္ပါတယ္။