ချယ်ဆီးနည်းပြ လမ်းပတ်က အပြောင်းအရွှေ့ ပိတ်ပင်ခံထားရတဲ့ ပြစ်ဒဏ်ကို အားကစားခုံရုံးထံ အယူခံဝင်ထားရာ ဆုံးဖြတ်ချက်ကို သိရဖို့ သိပ်မကြာတော့ကြောင့် ဗီလာနဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ထည့်သွင်း ဖြေကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ အယူခံကို နိုဝင်ဘာ ၂၀ က လက်ခံကြားနားခဲ့တာ ဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့ ဖွင့်မယ့် ဇန်နဝါရီ ၁ ရက် မတိုင်ခင် ဆုံးဖြတ်ချက်ကို သိရမှာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ကတော့ ဆုံးဖြတ်ချက်ကို လာမယ့် ရက်ပိုင်းအတွင်း သိရတော့မှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းကတော့ ၎င်းတို့ မှားယွင်းခဲ့ခြင်း မရှိကြောင်း တစိုက်မတ်မတ် ငြင်းပယ်ထားခဲ့ကာ လာမယ့် အပြောင်းအရွှေ့မျာ ကစားသမားသစ် များ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ လမ်းပတ်တော့ ၎င်းဟာ အဝေးကြီးကိုတော့ မစဉ်းစားထားကြောင်းနဲ့ အဆုံးအဖြတ်ကို သိရဖို့ကလည်း သိပ်ကြာတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

” ကျနော် ဘာမှတော့ မကြားရသေးဘူး။ ဒါကြောင့် တရားသူကြီး အဆုံးအဖြတ်ကို တရားဝင် ကြားရဖို့ စောင့်မျှော်နေတယ်။ အဲဒါကို သိရမှာ ဘယ်ကို ဆက်သွား ဘာလုပ်ရမယ် ကြည့်ကြမှာပါ။ ဒါတွေကို သိရဖို့က သိပ်မကြာတော့ပါဘူး ရက်ပိုင်းလောက်ပဲ လိုတယ် ထင်တယ်။” လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ အပြောင်းအရွှေ့ကာလ နှစ်ကြိမ်ဆက် ပိတ်ပင်ခံရတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေက တစ်ကြိမ် ပြီးခဲ့ပြီ ဖြစ်တာကြောင့် ပြစ်ဒဏ်ကို တဝက်လျှော့ချကာ ဇန်နဝါရီမှာ ကစားသမားသစ်များ ခေါ်ယူနိုင်ရန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ဖီဖာထံ အယူခံဝင်ခဲ့သေးသော်လည်း ပယ်ချခံရတာကြောင့် အားကစားခုံရုံးထံ ထပ်မံ အယူခံဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီးနည္းျပ လမ္းပတ္က အေျပာင္းအေရႊ႕ ပိတ္ပင္ခံထားရတဲ့ ျပစ္ဒဏ္ကို အားကစားခံုရံုးထံ အယူခံ၀င္ထားရာ ဆံုးျဖတ္ခ်က္ကို သိရဖို႔ သိပ္မၾကာေတာ့ေၾကာင့္ ဗီလာနဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ထည့္သြင္း ေျဖၾကားခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အယူခံကို နုိ၀င္ဘာ ၂၀ က လက္ခံၾကားနားခဲ့တာ ျဖစ္ျပီး လာမယ့္ အေျပာင္းအေရႊ႕ ဖြင့္မယ့္ ဇန္န၀ါရီ ၁ ရက္ မတိုင္ခင္ ဆံုးျဖတ္ခ်က္ကို သိရမွာ ျဖစ္ပါတယ္။ နည္းျပ လမ္းပတ္ကေတာ့ ဆံုးျဖတ္ခ်က္ကို လာမယ့္ ရက္ပိုင္းအတြင္း သိရေတာ့မွာ ျဖစ္တယ္လို႔ အသိေပးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းကေတာ့ ၄င္းတို႔ မွားယြင္းခဲ့ျခင္း မရွိေၾကာင္း တစိုက္မတ္မတ္ ျငင္းပယ္ထားခဲ့ကာ လာမယ့္ အေျပာင္းအေရႊ႕မ်ာ ကစားသမားသစ္ မ်ား ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ လမ္းပတ္ေတာ့ ၄င္းဟာ အေ၀းၾကီးကိုေတာ့ မစဥ္းစားထားေၾကာင္းနဲ႕ အဆံုးအျဖတ္ကို သိရဖို႔ကလည္း သိပ္ၾကာေတာ့မွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

” က်ေနာ္ ဘာမွေတာ့ မၾကားရေသးဘူး။ ဒါေၾကာင့္ တရားသူၾကီး အဆံုးအျဖတ္ကို တရား၀င္ ၾကားရဖို႔ ေစာင့္ေမွ်ာ္ေနတယ္။ အဲဒါကို သိရမွာ ဘယ္ကို ဆက္သြား ဘာလုပ္ရမယ္ ၾကည့္ၾကမွာပါ။ ဒါေတြကို သိရဖို႔က သိပ္မၾကာေတာ့ပါဘူး ရက္ပိုင္းေလာက္ပဲ လိုတယ္ ထင္တယ္။” လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ အေျပာင္းအေရႊ႕ကာလ နွစ္ၾကိမ္ဆက္ ပိတ္ပင္ခံရတာ ျဖစ္ျပီး ျပီးခဲ့တဲ့ ေႏြက တစ္ၾကိမ္ ျပီးခဲ့ျပီ ျဖစ္တာေၾကာင့္ ျပစ္ဒဏ္ကို တ၀က္ေလွ်ာ့ခ်ကာ ဇန္န၀ါရီမွာ ကစားသမားသစ္မ်ား ေခၚယူနုိင္ရန္ ၾကိဳးပမ္းလာတာ ျဖစ္ပါတယ္။ ဖီဖာထံ အယူခံ၀င္ခဲ့ေသးေသာ္လည္း ပယ္ခ်ခံရတာေၾကာင့္ အားကစားခံုရံုးထံ ထပ္မံ အယူခံ၀င္ခဲ့တာလည္း ျဖစ္ပါတယ္။