၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ရလဒ်တွေမကောင်းခြင်းတွေကြောင့် ကြီး ၆ ကြီးထဲက စပါးမန်နေဂျာ ပိုချက်တီနိုနဲ့ အာဆင်နယ်မန်နေဂျာ အမ်မရီတို့ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်းမှာ ယူနိုက်တက်မန်နေဂျာ ဆိုးရှားရဲ့ အနေအထားကလည်း လူပြောများလာပြီဖြစ်တယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကလွဲလို့ ကျန်လေးသင်းရဲ့ မန်နေဂျာတွေက မငြိမ်မသက်တွေ ဖြစ်ခဲ့ပြီး အခုချိန်မှာ ကလပ်အသင်း သုံးသင်းက မန်နေဂျာအပြောင်းအလဲတွေ လုပ်ထားပြီဖြစ်ကာ လူတိုင်းက ဆိုးရှားရဲ့ အခြေအနေကို မျက်စိဒေါက်ထောက် ကြည့်လာနေပြီဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အကြီးတန်းတာဝန်ရှိသူတွေက ကလပ်အသင်း ရလဒ်တွေ ဆိုးနေပေမယ့် မန်နေဂျာဆိုးရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်ထားသေးဘူးလို့ သိရတယ်။ လက်ရှိ ကလပ်ကို ဆိုးရှာထက်ပိုပြီး အကောင်းဆုံး ကိုင်တွယ်နိုင်မယ့်သူမျိုး မရှိဘူးလို့လည်း ယုံကြည်နေကာ အချိန်ထပ်ပေးလိုနေပါတယ်။ အသင်းကစားသမားဟောင်းကြီးတွေက ဆိုးရှားကို ဇန်နဝါရီမှာ ငွေပေးသုံးဖို့ တောင်းဆိုထားပေမယ့် မေးခွန်းကောင်းက ဒီဇင်ဘာကိုကျော်ပြီး ဆိုးရှား ဆက်ရှိနေနိုင်ပါ့မလားပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီအပတ်မှာတော့ စပါး၊ မန်စီးတီးတို့နဲ့ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် အမှတ်ပေးဇယား ထိပ်ဆုံးတွေကို ပြန်တက်နိုင်မှာဖြစ်ပြီး မဟုတ်ရင်တော့ ဇယားအလယ်ကနေ အထက်ကိုတက်ဖို့ ပိုဝေးသွားမယ့် အနေအထားကို ရင်ဆိုင်နေရတာဖြစ်တယ်။ ဒါဟာ ဆိုးရှားအတွက် အဆုံးအဖြတ်ကာလဖြစ်ပြီး ဒီပွဲတွေကို ရလဒ်မကောင်းရင်တော့ ပရိသတ်တွေဘက်က ဆက်လက်ထောက်ခံမှုကို ရရှိမှာ မဟုတ်တော့ပါဘူး။

လောလောလတ်လတ် ရာထူးကနေ ထုတ်ပယ်ထားခြင်း ခံထားရတဲ့ ပိုချက်တီနိုက မန်နေဂျာလောကထဲ ပြန်ဝင်လာဖို့ အနည်းဆုံး ၁၀ ရက်လောက် လိုဦးမယ်လို့ ဆိုထားတယ်။ အာဂျင်တီးနားကိုပြန်ပြီး မိသားစုနဲ့အတူ အနားယူနေတဲ့ ပိုချက်တီနိုဟာ သူ့ရဲ့ အနားယူမှု ပြီးဆုံးရင်တော့ ကမ်းလှမ်းမှုတွေကို လက်ခံသွားတော့မှာဖြစ်ပါတယ်။

ပိုချက်တီနိုက ကြီးမားတဲ့ စိန်ခေါ်မှုတွေကို အလိုရှိနေပြီး သူမန်နေဂျာလောကထဲ ပြန်ဝင်လာခွင့်ရမယ်ဆိုရင် ယူနိုက်တက်ကို ကိုင်တွယ်လိုနေတယ်လို့ သတင်း ထွက်ပေါ်ထားတယ်။ အာဆင်နယ်ကလည်း မန်နေဂျာသစ်ကို ရှာဖွေနေပေမယ့် ပိုချက်တီနိုက ပိုကြီးမားတဲ့ စိန်ခေါ်မှုကြီးတွေကို ရင်ဆိုင်လိုနေကာ အသစ်သစ်ကိုတော့ စဉ်းစားရသေးခြင်း မရှိသေးတာဖြစ်ပါတယ်။

ဒီဇင်ဘာဟာ ယူနိုက်တက်ရဲ့ မန်နေဂျာရာထူးကို အဆုံးအဖြတ်ပေးမယ့် ကာလဖြစ်နိုင်ပြီး ဒီကာလတွေမှာ ရလဒ်ကောင်းရင်တော့ ဆိုးရှားကို ဇန်နဝါရီမှာ အသုံးစရိတ် ထပ်ပေးမှုနဲ့အတူ ဆက်လက် လက်တွဲသွားမယ်လို့ ယူဆရတာဖြစ်ပါတယ်။

ZAWGYI

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ရလဒ္ေတြမေကာင္းျခင္းေတြေၾကာင့္ ၾကီး ၆ ၾကီးထဲက စပါးမန္ေနဂ်ာ ပိုခ်က္တီႏိုနဲ႔ အာဆင္နယ္မန္ေနဂ်ာ အမ္မရီတို႔ ရာထူးကေန ထုတ္ပယ္ခံရျပီးေနာက္ပိုင္းမွာ ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားရဲ႕ အေနအထားကလည္း လူေျပာမ်ားလာျပီျဖစ္တယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္နဲ႔ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကလြဲလို႔ က်န္ေလးသင္းရဲ႕ မန္ေနဂ်ာေတြက မျငိမ္မသက္ေတြ ျဖစ္ခဲ့ျပီး အခုခ်ိန္မွာ ကလပ္အသင္း သံုးသင္းက မန္ေနဂ်ာအေျပာင္းအလဲေတြ လုပ္ထားျပီျဖစ္ကာ လူတိုင္းက ဆိုးရွားရဲ႕ အေျခအေနကို မ်က္စိေဒါက္ေထာက္ ၾကည့္လာေနျပီျဖစ္ပါတယ္။

ယူႏုိက္တက္ရဲ႕ အၾကီးတန္းတာဝန္ရွိသူေတြက ကလပ္အသင္း ရလဒ္ေတြ ဆိုးေနေပမယ့္ မန္ေနဂ်ာဆိုးရွားကို ရာထူးကေန ထုတ္ပယ္ဖို႔ မစဥ္ထားေသးဘူးလို႔ သိရတယ္။ လက္ရွိ ကလပ္ကို ဆိုးရွာထက္ပိုျပီး အေကာင္းဆံုး ကိုင္တြယ္ႏုိင္မယ့္သူမ်ိဳး မရွိဘူးလို႔လည္း ယံုၾကည္ေနကာ အခ်ိန္ထပ္ေပးလိုေနပါတယ္။ အသင္းကစားသမားေဟာင္းၾကီးေတြက ဆိုးရွားကို ဇန္နဝါရီမွာ ေငြေပးသံုးဖို႔ ေတာင္းဆိုထားေပမယ့္ ေမးခြန္းေကာင္းက ဒီဇင္ဘာကိုေက်ာ္ျပီး ဆိုးရွား ဆက္ရွိေနႏုိင္ပါ့မလားပဲ ျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ဒီအပတ္မွာေတာ့ စပါး၊ မန္စီးတီးတို႔နဲ႔ ဆက္တုိက္ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အႏုိင္ရမယ္ဆိုရင္ အမွတ္ေပးဇယား ထိပ္ဆံုးေတြကို ျပန္တက္ႏုိင္မွာျဖစ္ျပီး မဟုတ္ရင္ေတာ့ ဇယားအလယ္ကေန အထက္ကိုတက္ဖို႔ ပိုေဝးသြားမယ့္ အေနအထားကို ရင္ဆုိင္ေနရတာျဖစ္တယ္။ ဒါဟာ ဆိုးရွားအတြက္ အဆံုးအျဖတ္ကာလျဖစ္ျပီး ဒီပြဲေတြကို ရလဒ္မေကာင္းရင္ေတာ့ ပရိသတ္ေတြဘက္က ဆက္လက္ေထာက္ခံမႈကို ရရွိမွာ မဟုတ္ေတာ့ပါဘူး။

ေလာေလာလတ္လတ္ ရာထူးကေန ထုတ္ပယ္ထားျခင္း ခံထားရတဲ့ ပိုခ်က္တီႏိုက မန္ေနဂ်ာေလာကထဲ ျပန္ဝင္လာဖို႔ အနည္းဆံုး ၁၀ ရက္ေလာက္ လိုဦးမယ္လို႔ ဆိုထားတယ္။ အာဂ်င္တီးနားကိုျပန္ျပီး မိသားစုနဲ႔အတူ အနားယူေနတဲ့ ပိုခ်က္တီႏိုဟာ သူ႔ရဲ႕ အနားယူမႈ ျပီးဆံုးရင္ေတာ့ ကမ္းလွမ္းမႈေတြကို လက္ခံသြားေတာ့မွာျဖစ္ပါတယ္။

ပိုခ်က္တီႏိုက ၾကီးမားတဲ့့ စိန္ေခၚမႈေတြကို အလိုရွိေနျပီး သူမန္ေနဂ်ာေလာကထဲ ျပန္ဝင္လာခြင့္ရမယ္ဆိုရင္ ယူႏုိက္တက္ကို ကိုင္တြယ္လိုေနတယ္လုိ႔ သတင္း ထြက္ေပၚထားတယ္။ အာဆင္နယ္ကလည္း မန္ေနဂ်ာသစ္ကို ရွာေဖြေနေပမယ့္ ပိုခ်က္တီႏိုက ပိုၾကီးမားတဲ့ စိန္ေခၚမႈၾကီးေတြကို ရင္ဆိုင္လိုေနကာ အသစ္သစ္ကိုေတာ့ စဥ္းစားရေသးျခင္း မရွိေသးတာျဖစ္ပါတယ္။

ဒီဇင္ဘာဟာ ယူႏုိက္တက္ရဲ႕ မန္ေနဂ်ာရာထူးကို အဆံုးအျဖတ္ေပးမယ့္ ကာလျဖစ္ႏုိင္ျပီး ဒီကာလေတြမွာ ရလဒ္ေကာင္းရင္ေတာ့ ဆိုးရွားကို ဇန္နဝါရီမွာ အသံုးစရိတ္ ထပ္ေပးမႈနဲ႔အတူ ဆက္လက္ လက္တြဲသြားမယ္လို႔ ယူဆရတာျဖစ္ပါတယ္။