ချယ်ဆီးအသင်းဟာ ဒီညမှာတော့ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပြီး ထိုပွဲမတိုင်ခင် ပွဲကြို ရှင်းလင်းပွဲမှာ နည်းပြ လမ်းပတ်က ဒဏ်ရာရှိထားတဲ့ ကစားသမားတချို့ရဲ့ နောက်ဆုံး အခြေအနေကို သတင်းထုတ်ပြန် ဖြေကြားခဲ့ပါတယ်။

အက်စ်တွန်ဗီလာနဲ့ပွဲမှာ အေဗရာဟမ် ကစားနိုင်ခွင့်နဲ့ ပတ်သတ်ပြီး လမ်းပတ်က – “ကျွန်တော်တို့က သူ့ကို အခွင့်အရေး အပြည့်ပေး ထားပါတယ်၊ ဒဏ်ရာက တချို့နေရာတွေမှာ နာနေတုန်းဆိုတော့ ဒီညနေမှ ဆုံးဖြတ်မှာပါ။ ဒဏ်ရာအရှင်းမပျောက်သေးရင် သူ့ရဲ့ လှုပ်ရှားမှုတွေအပေါ် အကျိုးသက်ရောက်နိုင်တယ်၊ ဒါကြောင့် ကျွန်တော် အလျင်စလို မလုပ်ချင်ပါဘူး၊ သူက ပုံစံကောင်းမှာ ရှိနေခဲ့ပြီး ကစားသမားတွေကို ကစားချိန်ပေးဖို့ အရေးကြီးတယ်၊ သူကစိတ်အားထက်သန်နေသလို သူ့ကိုအချိန်ပေးဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပေမယ့် သူအဆင်သင့်မဖြစ်ရင် ကျွန်တော်တို့ တခြားနည်းလမ်းသုံးမှာပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေ ဝက်စ်ဟမ်းကို ရှုံးတဲ့ပွဲမှာ အေဗရာဟမ် မပါဝင်ခဲ့တာက သက်ရောက်မှု ရှိခဲ့တာကိုတော့ လမ်းပတ်က ဝန်ခံခဲ့ပြီး တစ်ပွဲတည်းနဲ့ ဆုံးဖြတ်လို့ မရကြောင်းလည်း ဆိုခဲ့ပါတယ်။

” တစ်ပွဲတည်းနဲ့ ဒီလိုပြောလို့မရပါဘူး။ ဒါပေမယ့် ဂိုးသွင်းရှင် စာရင်းမှာ သူက လွှမ်းမိုးနေတာတော့ သိသာပါတယ်၊ ဒါကို ဂရုမထားပဲ မနေပါဘူး။ ဒါပေမယ့် ပွဲတစ်ပွဲ ရှုံးတာအတွက် ကစားသမားတစ်ယောက်က အကြောင်းပြချက် မဖြစ်သင့်ဘူးလေ။ သူက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ကစားသမား ဆိုတာကတော့ မှန်ပါတယ်။ ” လို့ လမ်းပတ်က ဖြေကြားခဲ့တာပါ။

ရော့စ်ဘာကလေနဲ့ ပတ်သတ်ပြီးလည်း – ” ရော့စ်ဘာကလေက တကယ် နေမကောင်းဖြစ်ခဲ့တာပါ၊ တနင်္ဂနွေနေ့ ည အထိ သူဖျားနေတုန်းပဲ၊ ဒီမနက်မှာ သူ ရှိနေခဲ့ပေမယ့် ပွဲအတွက် အဆင်သင့် မဖြစ်သေးပါဘူး။ သူက လေ့ကျင့်ရေးမှာ ကောင်းကောင်းလုပ်တယ်။ သူ့အနေနဲ့ ဒီအဆင့်အတန်းကို ထိန်းသိမ်းပြီး အသင်းမှာ နေရာအတွက် တိုက်ပွဲဝင်ဖို့ လိုတယ်။ ” လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

အားထားရတဲ့ ခံစစ်မှူး ရူဒီဂါရဲ့ အခြေအနေကတော့ – ” နီးစပ်နေပါပြီ။ သူက လေ့ကျင့်ရေးမှာ တိုးတက်မှုရှိခဲ့ပါတယ်။ ဒါကြောင့် နောက်တစ်ပတ် ကနေ ၁၀ရက် အတွင်း သူ ပြန်ပါလာဖို့ မျှော်လင့်ပါတယ်။ ” လို့ လမ်းပတ်က ဖြေကြားခဲ့ပါတယ်။

Zawgyi

ခ်ယ္ဆီးအသင္းဟာ ဒီညမွာေတာ့ အက္စတြန္ဗီလာကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ျပီး ထိုပြဲမတိုင္ခင္ ပြဲၾကိဳ ရွင္းလင္းပြဲမွာ နည္းျပ လမ္းပတ္က ဒဏ္ရာရွိထားတဲ့ ကစားသမားတခ်ိဳ႕ရဲ႕ ေနာက္ဆံုး အေျခအေနကို သတင္းထုတ္ျပန္ ေျဖၾကားခဲ့ပါတယ္။

အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ေအဗရာဟမ္ ကစားနုိင္ခြင့္နဲ႕ ပတ္သတ္ျပီး လမ္းပတ္က – “ကြၽန္ေတာ္တို႔က သူ႔ကို အခြင့္အေရး အျပည့္ေပး ထားပါတယ္၊ ဒဏ္ရာက တခ်ိဳ႕ေနရာေတြမွာ နာေနတုန္းဆိုေတာ့ ဒီညေနမွ ဆုံးျဖတ္မွာပါ။ ဒဏ္ရာအရွင္းမေပ်ာက္ေသးရင္ သူ႔ရဲ႕ လႈပ္ရွားမႈေတြအေပၚ အက်ိဳးသက္ေရာက္ႏိုင္တယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္ အလ်င္စလို မလုပ္ခ်င္ပါဘူး၊ သူက ပုံစံေကာင္းမွာ ရွိေနခဲဲ့ၿပီး ကစားသမားေတြကို ကစားခ်ိန္ေပးဖို႔ အေရးႀကီးတယ္၊ သူကစိတ္အားထက္သန္ေနသလို သူ႔ကိုအခ်ိန္ေပးဖို႔ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ႀကိဳးစားေနေပမယ့္ သူအဆင္သင့္မျဖစ္ရင္ ကြၽန္ေတာ္တို႔ တျခားနည္းလမ္းသုံးမွာပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ျပီးခဲ့တဲ့ စေန ၀က္စ္ဟမ္းကို ရွံဳးတဲ့ပြဲမွာ ေအဗရာဟမ္ မပါ၀င္ခဲ့တာက သက္ေရာက္မႈ ရွိခဲ့တာကိုေတာ့ လမ္းပတ္က ၀န္ခံခဲ့ျပီး တစ္ပြဲတည္းနဲ႕ ဆံုးျဖတ္လို႔ မရေၾကာင္းလည္း ဆိုခဲ့ပါတယ္။

” တစ္ပြဲတည္းနဲ႕ ဒီလိုေျပာလို႔မရပါဘူး။ ဒါေပမယ့္ ဂိုးသြင္းရွင္ စာရင္းမွာ သူက လႊမ္းမိုးေနတာေတာ့ သိသာပါတယ္၊ ဒါကို ဂ႐ုမထားပဲ မေနပါဘူး။ ဒါေပမယ့္ ပြဲတစ္ပြဲ ရႈံးတာအတြက္ ကစားသမားတစ္​ေယာက္က အေၾကာင္းျပခ်က္ မျဖစ္သင့္ဘူးေလ။ သူက ကြၽန္ေတာ္တို႔ အတြက္ အေရးပါတဲ့ ကစားသမား ဆိုတာကေတာ့ မွန္ပါတယ္။ ” လိို႔ လမ္းပတ္က ေျဖၾကားခဲ့တာပါ။

ေရာ့စ္ဘာကေလနဲ႕ ပတ္သတ္ျပီးလည္း – ” ေရာ့စ္ဘာကေလက တကယ္ ေနမေကာင္းျဖစ္ခဲ့တာပါ၊ တနဂၤေႏြေန႔ ည အထိ သူဖ်ားေနတုန္းပဲ၊ ဒီမနက္မွာ သူ ရွိေနခဲ့ေပမယ့္ ပြဲအတြက္ အဆင္သင့္ မျဖစ္ေသးပါဘူး။ သူက ေလ့က်င့္ေရးမွာ ေကာင္းေကာင္းလုပ္တယ္။ သူ႔အေနနဲ႔ ဒီအဆင့္အတန္းကို ထိန္းသိမ္းၿပီး အသင္းမွာ ​ေနရာအတြက္ တိုက္ပြဲဝင္ဖို႔ လိုတယ္။ ” လို႔လည္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

အားထားရတဲ့ ခံစစ္မွဴး ႐ူဒီဂါရဲ႕ အေျခအေနကေတာ့ – ” နီးစပ္ေနပါၿပီ။ သူက ေလ့က်င့္ေရးမွာ တိုးတက္မႈရွိခဲ့ပါတယ္။ ဒါေၾကာင့္ ေနာက္တစ္ပတ္ ကေန ၁၀ရက္ အတြင္း သူ ျပန္ပါလာဖို႔ ေမွ်ာ္လင့္ပါတယ္။ ” လို႔ လမ္းပတ္က ေျဖၾကားခဲ့ပါတယ္။